ထိုင်းနိုင်ငံတွင် နိုင်ငံရေး မငြိမ်သက်မှုများ ဖြစ်ပေါ်နေသော်လည်း တရုတ်ရင်းနှီးမြှုပ်နှံသူတို့က ကန်ဒေါ်လာ ဘီလျံနှင့်ချီ၍ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိ

ထိုင်းနိုင်ငံတွင် နိုင်ငံရေး မငြိမ်သက်မှုများ ဖြစ်ပေါ်နေသော်လည်း တရုတ်ရင်းနှီးမြှုပ်နှံသူတို့က ကန်ဒေါ်လာ ဘီလျံနှင့်ချီ၍ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
15 Feb 2019 12:12 pm တွင် တင်ခဲ့သည်
835 ကြိမ် ကြည့်ရှု့ပြီး

ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုအပါအဝင် မကြာမီကျင်းပမည့် ရွေးကောက်ပွဲ မရေရာမှုများ ဖြစ်ပေါ်နေသည့်တိုင် တရုတ်ရင်းနှီးမြှုပ်နှံသူတို့အကြား ရင်းနှီးမြှုပ်နှံရန် နေရာကောင်းတစ်ခုအဖြစ် လူကြိုက်များနေဆဲ ဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း အိမ်ခြံမြေဝယ်ယူရန် စုံစမ်းခံရဆုံးနိုင်ငံအဖြစ် ထိုင်းနိုင်ငံမှာ အကျော်ကြားဆုံးဖြစ်ခဲ့ကြောင်း တရုတ်အခြေစိုက် အိမ်ခြံမြေဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Juwai.com တွင် ဖော်ပြသည်။

၂၀၁၈ ခုနှစ်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများကြားတွင် ထိုင်းနိုင်ငံသည် စတုတ္ထမြောက် လူကြိုက်အများဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး ကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံဖိုးအထိ ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်းလည်း Juwai.com တွင် ဖော်ပြထားသည်။

လာမည့် မတ်လ ၂၄ ရက်တွင် ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်ထားသည်။

Juwai မှ အမှုဆောင်အရာရှိချုပ် ကာရီလောက ပြောကြားရာတွင် ထိုင်းရွေးကောက်ပွဲနှင့် တရုတ်ဝယ်လက်တို့၏ အိမ်ခြံမြေဝယ်ယူမှုအကြား ဆက်နွှယ်မှု တစုံတရာမမြင်ကြောင်း သုံးသပ်ထားသည်။

“ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲဟာ အရေးတကြီးကိစ္စဖြစ်နေပေမယ့် ကျွန်မတို့ လုပ်ငန်းလုပ်ဆောင်ပေးရတဲ့ ဝယ်လက်တွေကတော့ ရွေးကောက်ပွဲရလဒ်တွေအပေါ် အာရုံမထားကြတာ တွေ့ရပါတယ်”ဟု ပြောကြားသည်။

ထိုင်းစီးပွားရေးသည် ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဆက်လက်အားကောင်းနေရာ ၂၀၁၇ ခုနှစ်တွင် ဂျီဒီပီတိုးတက်မှု ၃ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

သို့ရာတွင် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးမှု အားနည်းလာခြင်းကြောင့် ယခုနှစ်တွင် ထိုင်း၏ ဂျီဒီပီတိုးတက်မှုနှုန်း နှေးကွေးသွားလိမ့်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံ၏ အကြီးမားဆုံး developer များတွင် တစ်ခုအပါအဝင်ဖြစ်သော Sansiri သည် ပြည်ပဝယ်လက်တို့၏ စိတ်ဝင်စားမှုများ အလွန်မြင့်တက်လာနေသည်ကို တွေ့မြင်ခဲ့ပြီးနောက်တွင် ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံတကာစီးပွားရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း ကုမ္ပဏီ၏ နိုင်ငံတကာစီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ လက်ထောက်အမှုဆောင် လက်ထောက်ဥက္ကဌ နန်မာနက်စ် ဂျီဝါတာနာကူးလ်က ပြောကြားသည်။

တရုတ်ဝယ်လက်တို့သည် Sansiri ၏ နိုင်ငံတကာအရောင်းစာရင်းမှ ၇၀ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ကြကြောင်းလည်း သူမက ဆက်လက်ပြောကြားသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service