တရုတ်ပြည်၏ ထိပ်တန်း e-commerce ကုမ္ပဏီကြီး JD Group က ပေကျင်းမြို့တော်ရှိ သက်တမ်းရင့်နေပြီဖြစ်သော အထင်ကရ ဟိုတယ်ကြီးတစ်လုံးကို ယွမ်ငွေ ၂ ဒသမ ၇ ဘီလီယံဖြင့် ဝယ်ယူ

တရုတ်ပြည်၏ ထိပ်တန်း e-commerce ကုမ္ပဏီကြီး JD Group က ပေကျင်းမြို့တော်ရှိ သက်တမ်းရင့်နေပြီဖြစ်သော အထင်ကရ ဟိုတယ်ကြီးတစ်လုံးကို ယွမ်ငွေ ၂ ဒသမ ၇ ဘီလီယံဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
15 Feb 2019 11:51 am တွင် တင်ခဲ့သည်
725 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်၏ ထိပ်တန်း e-commerce ကုမ္ပဏီကြီး JD Group သည် ပေကျင်းမြို့တော်ရှိ သက်တမ်းရင့်နေပြီဖြစ်သော အထင်ကရ ဟိုတယ်ကြီးတစ်လုံးကို ယွမ်ငွေ ၂ ဒသမ ၇ ဘီလီယံ( ကန်ဒေါ်လာ ၃၉၆ သန်း) ဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

JD Group သည် ကမ္ဘာပေါ်တွင် အင်တာနက်အခြေပြု တတိယအကြီးမားဆုံး ကုမ္ပဏီကြီးဖြစ်ပြီး ယခုဝယ်ယူလိုက်သည့် ဟိုတယ်ကြီးကို ၎င်း၏ စီးပွားရေးလုပ်ငန်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေးကဏ္ဍတို့အတွက် အသုံးပြုသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။

ဝယ်ယူလိုက်သည့် ဟိုတယ်ကြီး၏ အမည်မှာ Beijing Jade Palace Hotel ဖြစ်ပြီး ရှယ်ယာ ၁၀၀ ရာခိုင်နှုန်းကို ယွမ်ငွေ ၂ ဒသမ ၆၈ ဘီလီယံပေးကာ နိုင်ငံပိုင် Assets Operation & Management Center ထံမှ ဝယ်ယူလိုက်ခြင်းဖြစ်သည်။

နှစ်ပေါင်း ၃၂ နှစ်သက်တမ်းရှိပြီဖြစ်သော Beijing Jade Palace ဟိုတယ်ကြီးတွင် တင်ရှိနေသော ကြွေးမြီ ယွမ်ငွေ ၇၆၂ သန်းကိုလည်း တာဝန်ယူပေးဆပ်ရန် သဘောတူခဲ့သည်ဟု ဆိုသည်။

JD Group သည် Amazon နှင့် Google တို့ပြီးလျှင် တတိယမြောက် ကမ္ဘာ့အကြီးမားဆုံး အင်တာနက်အခြေပြုကုမ္ပဏီကြီးဖြစ်သည်။

ယခုဝယ်ယူလိုက်မှုကြောင့် JD Group အတွက် လက်ရှိ နည်းပညာစင်တာ၏ တောင်ဘက် ၄ ကီလိုမီတာသာ ဝေးကွာသည့်နေရာတွင် လုပ်ငန်းတိုးချဲ့နိုင်မည့် အခြေစိုက်နေရာ ရရှိလာတော့မည်လည်း ဖြစ်သည်။

“အိုမင်းဟောင်းနွမ်းနေပြီး အရှုံးပေါ်နေတဲ့ဟိုတယ်တစ်လုံးအတွက် ယွမ်ငွေ ၂ ဒသမ ၆၈ ဘီလီယံဆိုတာ တော်တော်များတဲ့ငွေပါ။ ဒါပေမယ့် JD Group အတွက်ကတော့ ဒါက ခြေလှမ်းကောင်းတစ်ခုပါပဲ။ ပေကျင်းရဲ့ နည်းပညာအချက်အခြာနေရာမှာ အခြေစိုက်နေရာတစ်ခုရဖို့ ကုမ္ပဏီအတွက် လိုအပ်မှာ အမှန်ပါပဲ”ဟု Savills ၏ ပေကျင်းရုံးမှ ဒါရိုက်တာတစ်ဦးဖြစ်သူ အင်နီဝမ်က သုံးသပ်ပြောကြားသည်။

JD Group ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားရာတွင် ပေကျင်းမြို့တော်၊ ဟိုင်ဒျန်ခရိုင်အနောက်မြောက်ပိုင်း၊ ကျိချွမ်လူလမ်း၊ အမှတ် ၇၆ တွင် တည်ရှိသော ၄၁၁ ခန်းပါ ဟိုတယ်ကို ဝယ်ယူခဲ့ခြင်းမှာ ကုမ္ပဏီ၏ ရေရှည်မဟာဗျူဟာအပေါ်တွင် အခြေခံကြောင်း ပြောကြားသည်။

နောင်အခါတွင် ဟိုတယ်ကြီးကို ပြန်လည်မွမ်းမံတည်ဆောက်ကာ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ နည်းပညာပိုင်းဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် အသုံးပြုသွားမည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service