မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီများ မူလအမည်ဖြင့် မှတ်ပုံတင်ခွင့်မပြု

မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီများ မူလအမည်ဖြင့် မှတ်ပုံတင်ခွင့်မပြု - Property News in Myanmar from iMyanmarHouse.com
15 Feb 2019 11:45 am တွင် တင်ခဲ့သည်
1323 ကြိမ် ကြည့်ရှု့ပြီး

မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီများမှာ ပြန်လည်မှတ်ပုံတင်မည်ဆိုပါက မူလနဂိုရှိရင်းစွဲအမည်ဖြင့် မှတ်ပုံတင်ခွင့်ပြုမည်မဟုတ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောကြားသည်။

အဆိုပါ စာရင်းပယ်ဖျက်ခံရသည့် ကုမ္ပဏီများသည် တရားရုံးဆိုင်ရာ ကိစ္စရပ်များပေါ်ပေါက်လာပါက အသုံးပြုနိုင်ရန် ကွန်ပျုတာစနစ်ထဲတွင် ၂ နှစ်ခန့် သိမ်းဆည်းထားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မှတ်ပုံတင်အသစ် ပြန်လုပ်ရင် ဆင်တူယိုးမား နာမည်တစ်ခုကို သုံးရပါမယ်”ဟု ၎င်းက ပြောဆိုသည်။

ဇန်နဝါရီလကုန်နောက်ပိုင်း ပြန်လည်မှတ်ပုံတင်မည်ဆိုပါက ခိုင်လုံသောအကြောင်းပြချက်ရှိမှသာ ဒဏ်ကြေးပေးဆောင်၍ မှတ်ပုံတင်ခွင့်ရမည်ဖြစ်ပြီး အကြောင်းပြချက်မပေးနိုင်ပါက မှတ်ပုံတင်အသစ် တင်ရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

လက်ရှိအချိန်တွင် MyCO စနစ်ဖြင့် မှတ်ပုံတင်ရန် ကျန်ရှိနေသော ကုမ္ပဏီပေါင်း တစ်သောင်းခွဲနီးပါးအထိရှိပြီး ယင်းကုမ္ပဏီများကို စာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် အတည်ပြုခဲ့သည့် မြန်မာနိုင်ငံ ကုမ္ပဏီအက်ဥပဒေသစ်အရ တစ်နိုင်ငံလုံးရှိ မှတ်ပုံတင်ပြီးသား ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် အီလက်ထရွန်နစ်မှတ်ပုံတင်စနစ် (MyCO) ဖြင့် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အတွင်း ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်သည်။

MyCO စနစ်ဖြင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း လေးသောင်းခုနစ်ထောင်ကျော်ရှိပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service