McLaren ပြိုင်ကား ကုမ္ပဏီတွင် ရှယ်ယာအများစုပိုင်ဆိုင်ထားသူ ဆော်ဒီဘီလျံနာ မန်ဆော် အိုဂျေးက ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဧကပေါင်း ၃၅၀၀ ကျယ်ဝန်းသော မွေးမြူရေးခြံကြီးကို ရောင်းချရန်စီစဉ်

McLaren ပြိုင်ကား ကုမ္ပဏီတွင် ရှယ်ယာအများစုပိုင်ဆိုင်ထားသူ ဆော်ဒီဘီလျံနာ မန်ဆော် အိုဂျေးက ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဧကပေါင်း ၃၅၀၀ ကျယ်ဝန်းသော မွေးမြူရေးခြံကြီးကို ရောင်းချရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
15 Feb 2019 11:43 am တွင် တင်ခဲ့သည်
977 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် McLaren ပြိုင်ကား ကုမ္ပဏီနှင့် ဖော်မြူလာဝမ်း ပြိုင်ကားအသင်းတို့တွင် ရှယ်ယာအများစုပိုင်ဆိုင်ထားသူ ဆော်ဒီဘီလျံနာ မန်ဆော် အိုဂျေးက ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဧကပေါင်း ၃၅၀၀ ကျယ်ဝန်းသော မွေးမြူရေးခြံကြီးကို ရောင်းချရန်စီစဉ်လာသည်။

ကယ်လီဖိုးနီးယားပြည်နယ်၏ ကမ်းရိုးတန်းဒေသ၊ ဆန်တာ ဘာဘရာမြို့အနီးရှိ အဆိုပါခြံဝန်းကြီးကို ကန်ဒေါ်လာ သန်း ၁၁၀ ဈေးခေါ်ထားရာ ဒေသတွင်းသမိုင်းတစ်လျှောက် ဈေးနှုန်းအမြင့်မားဆုံး အိမ်ခြံမြေအဖြစ် စံချိန်တင်သွားသည်။

ကယ်လီဖိုးနီးယား ကမ်းရိုးတန်းတစ်လျှောက်တွင် ပုဂ္ဂလိကပိုင် မွေးမြူရေးခြံကြီးများ အလွန်နည်းပါးလှသည်။

ကမ္ဘာကျော် Berkshire Hathaway ကုမ္ပဏီကြီး၏ လက်ထောက်ဥက္ကဌ ချာလီ မွန်ဂါသည် မကြာသေးမီကပင် အဆိုပါဒေသတွင် ဧကပေါင်း ၁၈၀၀ ကျယ်ဝန်းသည့် မွေးမြူရေးခြံဝန်းကြီးကို ကန်ဒေါ်လာ သန်း ၇၀ ဖြင့် ဝယ်ယူခဲ့ဖူးသည်။

မွန်ဂါက ပြောကြားရာတွင် အဆိုပါမြေကို ကယ်လီဖိုးနီးယားတက္ကသိုလ်သို့ လှူဒါန်းရန် စီစဉ်နေသည်ဟု ပြောကြားထားသည်။

မန်ဆော် အိုဂျေး ရောင်းချမည့် ခြံဝန်းကြီးမှာ စပိန်ဘာသာအားဖြင့် အယ်လ် ရန်ချို တာဟီဂွပ်စ်ဟု အမည်တွင်ပြီး တာဟီဂွပ်စ် မွေးမြူရေးခြံကြီးဟု အဓိပ္ပာယ်ရသည်။

ခြံဝန်းကြီး၏ တစ်ဖက်တစ်ချက်စီတွင် စပိန်ဗိသုကာဟန် နေအိမ် ၂ လုံး ပါဝင်သည်။

ယင်းနေအိမ် ၂ လုံးကို ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အိပ်ခန်း ၅ ခန်းစီပါဝင်ကာ ရုပ်ရှင်ကြည့်ခန်း၊ ဝိုင်သိုလှောင်ခန်း၊ ရေကူးကန်များလည်း ပါဝင်သည်။

ခြံဝန်းကျယ်ကြီးအတွင်း ဧည့်ဂေဟာများနှင့် ရဟတ်ယာဉ်ကွင်းများလည်း ပါဝင်သေးကြောင်း အရောင်းဈေးကွက်တင်သွင်းပေးခဲ့သည့် Compass ကုမ္ပဏီမှ အိမ်ခြံမြေအကျိုးဆောင်များဖြစ်သော မာကို နာဂါနှင့် အာရွန် ကားမန်းတို့က ပြောကြားသည်။

နေအိမ်တစ်လုံးမှာ စတုရန်းပေ ၁၀၀၀၀ ခန့် ကျယ်ဝန်းပြီး အခြားတစ်လုံးမှာ စတုရန်းပေ ၁၂၀၀၀ ခန့် အကျယ်အဝန်းရှိသည်။

ပိုင်ရှင်များအနေဖြင့် အဆိုပါနေအိမ်များ ဆောက်လုပ်ခွင့် ရရှိရန် ၅ နှစ်ခန့် စောင့်ဆိုင်းခဲ့ရသည်ဟု ဆိုသည်။

ထို့အပြင် ခြံမန်နေဂျာ၊ ဝန်ထမ်းများနှင့် လုပ်ငန်းသုံးပစ္စည်းများ ထားသိုရန်အတွက် အဆောက်အအုံပေါင်း ၂၀ ခန့်လည်း ပါဝင်သေးသည်။

ယခုရောင်းချမှုတွင် ခြံအတွင်းတွင် မွေးမြူထားသော နွားအကောင်ရေ ၁၂၀ လည်း ပါဝင်သည်ဟု ဆိုသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service