ပြင်သစ်ဘဏ်သူဌေးကြီးနှင့် အမေရိကန် ရုပ်ရှင်မင်းသမီးတို့၏ ချစ်စံအိမ်ဟောင်း ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ပြင်သစ်ဘဏ်သူဌေးကြီးနှင့် အမေရိကန် ရုပ်ရှင်မင်းသမီးတို့၏ ချစ်စံအိမ်ဟောင်း ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
14 Feb 2019 12:12 pm တွင် တင်ခဲ့သည်
1025 ကြိမ် ကြည့်ရှု့ပြီး

ပြင်သစ်သမ္မတ၏ညီ၊ ဘဏ်သူဌေးကြီးနှင့် အမေရိကန် ရုပ်ရှင်မင်းသမီးတို့၏ နယူးယောက်တွင် တည်ရှိသော ချစ်စံအိမ်ဟောင်း ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

ပြင်သစ်သမ္မတဟောင်း နီကိုလပ်စ် ဆာကိုဇီ၏ ညီဝမ်းကွဲတော်စပ်သူ ပြင်သစ်ဘဏ်သူဌေးကြီး အော်လီဗီယာ ဆာကိုဇီနှင့် အမေရိကန် ရုပ်ရှင်မင်းသမီး မေရီ ကိတ် အော်လ်ဆန်တို့သည် ၂၀၁၅ ခုနှစ်တွင် လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။

မေရီကိတ် အော်လ်ဆန် (၁၉၈၆ ခုနှစ်မွေးဖွား) သည် ဖက်ရှင်ဒီဇိုင်နာ၊ စီးပွားရေးလုပ်ငန်းရှင်၊ စာရေးဆရာမ၊ ရုပ်ရှင်မင်းသမီး၊ ရုပ်ရှင် ထုတ်လုပ်သူဘဝများဖြင့် ဖြတ်သန်းခဲ့ပြီး အသက် ၁ နှစ်အရွယ်ကတည်းကပင် သရုပ်ဆောင်လောကသို့ စတင်ဝင်ရောက်ခဲ့သူလည်း ဖြစ်သည်။

၁၉၉၃ ခုနှစ်တွင် Dualstar Entertainment Group အမည်ရှိ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ရုပ်သံဇာတ်လမ်းတွဲ များစွာ ထုတ်လုပ်ခဲ့ကာ ၂၀၀၁ ခုနှစ်မှ ၂၀၀၂ ခုနှစ်အကြား ထုတ်လွှင့်ပြသခဲ့သည့် So Little Time ဇာတ်လမ်းတွဲတွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။

အဆိုပါဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့မှုအတွက် Daytime Emmy Award အမည်စာရင်းတင်သွင်းခံခဲ့ရဖူးသည်။

Passport to Paris (၁၉၉၉), Our Lips Are Sealed (၂၀၀၀), Winning London (၂၀၀၁) , Holiday in the Sun (၂၀၀၁) Getting There (၂၀၀၂), When in Rome (၂၀၀၂), The Challenge (၂၀၀၃) နှင့် Charlie's Angels: Full Throttle (၂၀၀၃) ရုပ်ရှင် ဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၀၄ ခုနှစ်တွင် မေရီသည် သူ၏ အမြွှာညီအမဖြစ်သူ အက်ရှ်လေနှင့် New York Minute ဇာတ်ကားတွင် နောက်ဆုံးသရုပ်ဆောင်ခဲ့ကြသည်။

၂၀၁၂ ခုနှစ်တွင်ကား မေရီနှင့် အက်ရှ်လေတို့က ရုပ်ရှင်လောကကို ကျောခိုင်းကာ ဖက်ရှင်နယ်တွင် အပြည့်အဝ အချိန်ပေးရန် ဆုံးဖြတ်လိုက်ကြသည်။

The Row, Elizabeth နှင့် James ဖက်ရှင်အမှတ်တံဆိပ်များကို ညီအမနှစ်ဦး ပူးပေါင်းတည်ထောင်ခဲ့ကြသည်။

ထို့အပြင် နှစ်ဦးပေါင်း၍လည်း Influence အမည်ရှိ စာအုပ်ကို ရေးသားထုတ်ဝေခဲ့ကြသည်။

ဖက်ရှင်ဒီဇိုင်နာများစွာနှင့် တွေ့ဆုံမေးမြန်းခန်းများကို ရေးသားထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

မေရီသည် ၁၉၈၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ရုပ်ရှင်သရုပ်ဆောင်အဖြစ် ဘဝဖြတ်သန်းခဲ့ပြီး ၂၀၀၄ ခုနှစ်မှ လက်ရှိအချိန်အထိ ဖက်ရှင်ဒီဇိုင်နာအဖြစ် ရပ်တည်နေသည်။

ယခုအခါ သူဌေးကြီး အော်လီဗီယာ ဆာကိုဇီနှင့် ရုပ်ရှင်မင်းသမီး မေရီတို့၏ ချစ်ဗိမ္မာန်စံအိမ် ကန်ဒေါ်လာ ၁၆ သန်းဖြင့် အရောင်းဈေးကွက်တင်လိုက်ပြီ ဖြစ်သည်။

ဈေးကွက်တင်လာသည်မှာ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်၊ East Village တွင် ကပ်လျက်တည်ရှိသော ၁၉ ရာစုလက်ရာ နေအိမ် ၂ လုံးဖြစ်ပြီး ပြီးခဲ့သော အင်္ဂါနေ့က အရောင်းဈေးကွက်ဝင်လာခြင်း ဖြစ်သည်။

နေအိမ်တစ်လုံးမှာ အရှေ့ ၁၀ လမ်း၊ အမှတ် ၁၂၃ ရှိ နေအိမ်ဖြစ်ပြီး Sotheby’s International Realty မှ အိမ်ခြံမြေအကျိုးဆောင် မာ့ခ် အေမာဒိုင်းက ကန်ဒေါ်လာ ၇ ဒသမ ၆၉ သန်းဖြင့် ဈေးကွက်တင်ပေးထားသည်။

အခြားတစ်လုံးမှာ အရှေ့ ၁၀ လမ်း၊ အမှတ် ၁၂၅ တွင် တည်ရှိပြီး Warburg Realty မှ အိမ်ခြံမြေအကျိုးဆောင် ဂျေဆင် ဟာဘာက ကန်ဒေါ်လာ ၈ ဒသမ ၃ သန်းဖြင့် ဈေးကွက်တင်သည်။

အရှေ့ ၁၀ လမ်း၊ အမှတ် ၁၂၃ နေအိမ်နှင့် အရှေ့ ၁၀ လမ်း၊ အမှတ် ၁၂၅ နေအိမ်တို့ကို တစ်ချိန်တည်းဆောက်လုပ်ခဲ့ကြခြင်းဖြစ်ပြီး မန်ဟက်တန်တွင် အကြီးမားဆုံးသော ပုဂ္ဂလိက ပန်းဥယျာဉ်တစ်ခုကို နေအိမ် ၂ လုံး ပူးတွဲ ပိုင်ဆိုင်ထားသည်။

သူဌေးကြီး အော်လီဗီယာ ဆာကိုဇီသည် အရှေ့ ၁၀ လမ်း၊ အမှတ် ၁၂၃ နေအိမ်ကို ၂၀၁၂ ခုနှစ်အတွင်း ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ၆ ဒသမ ၄ သန်းဖြင့် ပြန်လည်ရောင်းထုတ်ခဲ့သည်။

အဆိုပါနေအိမ်တွင် သူဌေးကြီး ဆာကိုဇီနှင့် အော်လ်ဆန်တို့ နေထိုင်ခဲ့ဖူးခြင်း မရှိချေ။

သို့သော် အရှေ့ ၁၀ လမ်း၊ အမှတ် ၁၂၅ နေအိမ်တွင်ကား ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အကြား ငှားရမ်းနေထိုင်ခဲ့ဖူးသည်။

စတုရန်းပေ ၄၂၀၀ ကျယ်ဝန်းသော အဆိုပါစံအိမ်ကို သူဌေးကြီး ဆာကိုဇီတို့ ဇနီးမောင်နှံမှာ ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်ပြီး မီးဖိုဆောင်နှင့် ရေချိုးခန်းတို့ကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ်သို့ အရောက်တွင် သူဌေးကြီး ဆာကိုဇီနှင့် အော်လ်ဆန်တို့သည် အရှေ့ ၄၉ လမ်း၊ အမှတ် ၂၂၈ ရှိ စံအိမ်ကို ကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းဖြင့် ဝယ်ယူကာ ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး ယနေ့တိုင် အဆိုပါနေအိမ်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service