အိမ်ဝယ်ဖို့ရာ မတတ်နိုင်ဆုံး ကမ္ဘာ့မြို့ကြီး (၅) မြို့

အိမ်ဝယ်ဖို့ရာ မတတ်နိုင်ဆုံး ကမ္ဘာ့မြို့ကြီး (၅) မြို့ - Property News in Myanmar from iMyanmarHouse.com
14 Feb 2019 10:33 am တွင် တင်ခဲ့သည်
1556 ကြိမ် ကြည့်ရှု့ပြီး

ဈေးနှုန်းကျဆင်းမှုတွေ၊ ဈေးနှုန်းလျော့ကျမယ့်ခန့်မှန်းချက်တွေ ဘယ်လိုပင် ရှိနေပေမဲ့လည်း အောက်ပါဈေးကွက်တွေကတော့ သာမန်ဝင်ငွေရှိသူတွေအတွက် အရမ်းကိုဈေးကြီးဆဲပဲ ဖြစ်ပါတယ်။

ယခုအခါ ကမ္ဘာပေါ်မှာ သာမန်ဝင်ငွေရှိတဲ့သူတွေ ဝယ်ယူဖို့ရာ ဘယ်လိုမှမတတ်နိုင်တဲ့ အိမ်ခြံမြေဈေးကွက်ကြီး ၂၉ ခု ရှိတယ်လို့ Demographia အတိုင်ပင်ခံလုပ်ငန်းရဲ့ ဇန်နဝါရီ ၂၁ က ထုတ်ပြန်လိုက်တဲ့ နိုင်ငံတကာအိမ်ဝယ်ယူရန်တတ်နိုင်မှုစစ်တမ်းအရ သိရပါတယ်။

အဲ့ဒီအိမ်ဝယ်ဖို့ရာ ကမ္ဘာ့ဈေးအကြီးဆုံးမြို့ကြီး (၅) မြို့ကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။

၁။ ဟောင်ကောင်

- ကိုးနှစ်ဆက်တိုက်အဖြစ် ဟောင်ကောင်ဟာ ကမ္ဘာ့မတတ်နိုင်ဆုံးဈေးကွက်ဖြစ်နေဆဲပါပဲ။ ဟောင်ကောင်အိမ်တစ်အိမ်ရဲ့ ပျမ်းမျှဈေးနှုန်းဟာ သာမန်ဝင်ငွေရှိသူရဲ့ တစ်နှစ်တာပျမ်းမျှဝင်ငွေရဲ့ ၂၀ ဒသမ ၉ ဆရှိပါတယ်။ ဒါကြောင့် ဘာမှမသုံးဘဲ အိမ်ဝယ်မယ်ဆိုရင်တောင် ၂၁ နှစ်နီးပါး စုဆောင်းရမှာပဲ ဖြစ်ပါတယ်။ ဟောင်ကောင်ဟာ ယမန်နှစ်စာရင်းမှာ ညွှန်းကိန်း စံချိန် ၁၉ ဒသမ ၄ ရှိခဲ့ရာကနေ ယခုနှစ်စာရင်းမှာ ၂၀ ဒသမ ၉ ကို မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ Demographia ရဲ့ အဆိုပါစာရင်းသမိုင်းမှာ အမြင့်ဆုံးစံချိန်ပဲ ဖြစ်ပါတယ်။ UBS ရဲ့ ကမ္ဘာ့အိမ်ခြံမြေပူဖောင်းညွှန်းကိန်းကလည်း ဟောင်ကောင်ကို ကမ္ဘာ့အဆိုးရွားဆုံးအိမ်ခြံမြေပူဖောင်းအန္တရာယ်ရှိနေတဲ့မြို့ အဖြစ် ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့လည်း ဟောင်ကောင်အတွက် ၂၀၁၉ မှာ ၂၅ ရာခိုင်နှုန်းအထိ ဈေးနှုန်းကျဆင်းမှုတွေဖြစ်ပွားမယ့်အလားအလာ ရှိနေပါတယ်လို့လည်း Demographia က ဖော်ပြခဲ့ပါတယ်။

၂။ ဗန်ကူးဗား

- သာမန်ဝင်ငွေရှိသူအတွက် ဒီကနေဒါမြို့မှာ အိမ်တစ်လုံးပိုင်ဖို့ဆို ၁၂ နှစ်ခွဲကျော် ဘာမှမသုံးမစွဲစုဆောင်းမှပဲ ရပါလိမ့်မယ်။ UBS ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီရဲ့ ကမ္ဘာ့အိမ်ခြံမြေပူဖောင်းညွှန်းကိန်းစာရင်းမှာလည်း ဗန်ကူးဗားဟာ စတုတ္ထမြောက် ကမ္ဘာ့အဆိုးရွားဆုံးအိမ်ခြံမြေပူဖောင်းအန္တရာယ်ရှိနေတဲ့မြို့အဖြစ် ဖော်ပြခံထားရပြီးသား ဖြစ်ပါတယ်။ Demographia ရဲ့ ၁၅ နှစ်တာ မတတ်နိုင်ဆုံးအိမ်ခြံမြေဈေးကွက်စာရင်းမှာလည်း တတိယမတတ်နိုင်ဆုံးဈေးကွက်ဖြစ်ပါတယ်။

၃။ ဆစ်ဒနီ

- သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ်ပြည်နယ်ရဲ့မြို့တော် ဆစ်ဒနီကတော့ ယမန်နှစ်စာရင်းမှာာ ကမ္ဘာ့ဒုတိယမတတ်နိုင်ဆုံးဈေးကွက်အဖြစ် ၁၂ ဒသမ ၆ ကနေ ယခုနှစ်စာရင်းမှာ ၁၁ ဒသမ ၇ ကို ကျဆင်းခဲ့ပါတယ်။ ဆစ်ဒနီဟာ ၂၀၁၈ မှာ ၃၅ နှစ်အတွင်း ဆစ်ဒနီရဲ့ ဈေးနှုန်းအကျဆင်းဆုံးနှစ်အဖြစ် ရင်ဆိုင်ခဲ့ရတယ်ဆိုပေမဲ့လည်း သြစတြေးလျရဲ့ အိမ်ဝယ်ယူဖို့ရာ မတတ်နိုင်ဆုံးဈေးကွက်တော့ ဖြစ်နေဆဲပါပဲ။

၎။ မဲလ်ဘုန်း

- သြစတြေးလျရဲ့ အဓိကဈေးကွက်ကြီးတွေအားလုံးနီးပါးမှာ ၂၀၁၈ အတွင်း အိမ်ဈေးကျဆင်းမှုတွေ၊ ဈေးတန့်မှုတွေ ကြုံခဲ့ရပေမဲ့ ဗစ်တိုးရီးယားပြည်နယ်မြို့တော် မဲလ်ဘုန်းမှာတော့ အိမ်ဝယ်ယူဖို့ရာတတ်နိုင်မှုက ဆိုးဆိုးရွားရွားမတတ်နိုင်ဆဲအခြေအနေရှိတုန်းပါပဲ။ မဲလ်ဘုန်းမှာ အိမ်တစ်လုံးဝယ်ဖို့ဆိုရင်တော့ သာမန်ဝင်ငွေရှိသူအတွက် ဘာမှမသုံးမစွဲဘဲ ၁၀ နှစ်နီးပါးကြာ စုရပါလိမ့်မယ်။

၅။ ဆန်ဟိုဆေး

- အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မြို့ ဆန်ဟိုဆေးမှာတော့ ပျမ်းမျှအိမ်ဈေးက ၉ ဒသမ ၄ ဖြစ်တာမို့ အနည်းဆုံး ၉ နှစ်ခွဲနီးပါးကြာ စုဆောင်းရပါလိမ့်မယ်။ ဒါတောင် ဆန်ဟိုဆေးမှာ ၂၀၁၈ က ပျမ်းမျှဝင်ငွေအားကောင်းခဲ့တာမို့ ယမန်နှစ်စာရင်းကထက် မြင့်တက်ခဲ့တာပါ။ ဆန်ဟိုဆေးဟာာ အမေရိကမှာ ဆန်ဖရန်စစ္စကိုနဲ့အတူ ပျမ်းမျှဝင်ငွေအကောင်းဆုံးမြို့ပဲ ဖြစ်ပါတယ်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service