ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ် (၃) စတင်ပန္နက်ရိုက်

ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ် (၃) စတင်ပန္နက်ရိုက် - Property News in Myanmar from iMyanmarHouse.com
14 Feb 2019 9:48 am တွင် တင်ခဲ့သည်
4312 ကြိမ် ကြည့်ရှု့ပြီး

တည်ဆောက်ချိန် ၃၉ လ ယူထားပြီး ၂၀၂၂ နှစ်လယ်တွင် ပြီးစီးမည်

အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ကုန်ကျမည့် ပဲခူးမြစ်ကူးသန်လျင်တံတား အ မှတ် (၃) တည်ဆောက်ရန်ဖေဖော် ၀ါရီ ၁၃ ရက်တွင် မြန်မာ - ဂျပန် အစိုးရကိုယ်စားလှယ်များစတင် ပန္နက်ရိုက်ခဲ့သည်။

အဆိုပါတံတားကို သီလ၀ါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုး တက်မှုနှင့်အတူ အခြေခံအဆောက်အအုံ လိုအပ်ချက်အရ တည်ဆောက်ခြင်းဖြစ်ပြီး ရန်ကုန် မြို့အရှေ့ခြမ်း ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဖြစ်သည်ဟု ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်းကပြောသည်။

သန်လျင်တံတား အမှတ် (၃) ပန္နက်ရိုက်အခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ဆောက် လုပ်ရေးဒုဝန်ကြီးနှင့် ဂျပန်နိုင်ငံမှ မြေယာနှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ ၀န်ကြီးဌာန ဒုတိယ၀န် ကြီးလည်း တက်ရောက်ခဲ့သည်။

‘‘သန်လျင်တံတားကြီးဟာ ရန်ကုန်ဘက်ခြမ်းချဉ်းကပ်လမ်း မှာ လမ်းတွေတော်တော်များကို ကျော်ဖြတ်သွားပြီးသာကေတအ၀ိုင်းမှာ ခုံးကျော်တံတားက ဆင်းသွားမှာဖြစ်ပါတယ်။ ခုံးကျော်တံ တားနဲ့ တစ်ဆက်တည်းပဲခူးမြစ် ကူးတံတားကိုတည်ဆောက်သွား မှာဖြစ်ပါတယ်’’ ဟု ဦးဖြိုးမင်း သိန်းကပြောသည်။

တံတားသည် အစအဆုံး မီတာ ၃,၅၀၀ ကျော်ရှိမည်ဖြစ်ပြီး ပင်မတံတားသည် မီတာ ၂,၀၀၀ ကျော်ရှိမည်ဖြစ်ကာ အပိုင်း သုံး ပိုင်းဖြင့် တည်ဆောက်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒု တိယ၀န်ကြီး ဦးကျော်လင်းကပြောသည်။ ရန်ကုန်ဘက်ချဉ်းကပ်လမ်း တွင် မီတာ ၈၀၀ ကျော်ရှည်သည့် မိုးပျံကားလမ်းပိုင်းပါဝင်မည်ဟု ဆိုသည်။ ‘‘ရန်ကုန်မြို့တော်ရဲ့ ဖွံ့ဖြိုးလာမှုနဲ့အတူ သီလ၀ါအထူး စီးပွားရေးဇုန်နဲ့ ဆိပ်ကမ်းသို့ကုန် ပစ္စည်းများအပြန်အလှန် သယ် ယူပို့ဆောင်ရာမှာ ခံနိုင်ဝန်ကန့် သတ်ချက်ရှိခဲ့လို့ခေတ်မီ တံတား အသစ်တစ်စင်းတည်ဆောက်ဖို့ လိုအပ်လာပါတယ်’’ ဟု ဦးကျော် လင်းကပြောသည်။

ပဲခူးမြစ် ကူးသန်လျင်တံ တားအမှတ် (၃) အတွက်ဂျပန်နိုင် ငံမှ ချေးငွေသဘောတူညီမှုစာ ချုပ်ကို ၂၀၁၇ မတ်လ ၁ ရက်တွင် ချုပ်ဆိုခဲ့ပြီး ဂျပန်နိုင်ငံဖွံ့ဖြိုးမှုချေး ငွေမှ ကန်ဒေါ်လာ ၂၈၂ သန်းနှင့် မြန်မာအစိုးရက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စုစုပေါင်းသန်း၃၂၀ ကျော်ဖြင့်တည်ဆောက်မည်ဖြစ် သည်။ ကြာမြင့်ချိန်မှာ ၃၉ လဖြစ် ပြီး ၂၀၂၂ နှစ်လယ်တွင် ပြီးစီး မည်ဖြစ်သည်။

ရန်ကုန်ဘက်မိုးပျံချဉ်းကပ် လမ်းကို ဂျပန် Tokyu ဆောက်လုပ်ရေးကုမ္ပဏီက ဆောက်လုပ် မည်ဖြစ်ပြီး ကျန်အပိုင်းများကို လည်း အခြားဂျပန်ကုမ္ပဏီများက တစ်ပြိုင်နက်ဆောက်လုပ်မည်ဟု ဦးကျော်လင်းက ပြောသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာပူ ပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏မြန်မာနိုင်ငံဆိုင်ရာ ဌာ နအကြီးအကဲက JICA နှင့် မြန်မာ အစိုးရပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာနနှင့် ဆောက် လုပ်ရေးဝန်ကြီးဌာနတို့ပူးပေါင်း ကာ ကုန်စည်ပို့ဆောင်ရေး မဟာ ဗျူဟာစီမံကိန်းနှင့် ပို့ဆောင်ရေး မဟာဗျူဟာစီမံကိန်းနှစ်ခုရေးဆွဲ နေပြီး ထိုမဟာဗျူဟာနှစ်ခုစလုံး တွင် ယခုပဲခူးတံတားစီမံကိန်းသည် ဦးစားပေး ဆောင်ရွက်ရမည့်စီမံကိန်းဖြစ်သည်ဟု ဆိုသည်။

 

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service