မန်း အိမ်ခြံမြေအငှား ပိုအလုပ်ဖြစ်

မန်း အိမ်ခြံမြေအငှား ပိုအလုပ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
13 Feb 2019 11:48 am တွင် တင်ခဲ့သည်
895 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးအိမ်ခြံမြေဈေးကွက်မှာ အငှားတွေပိုမိုအလုပ်ဖြစ်နေပြီး အရင်နှစ်ကထက်စာရင်အငှားသွက်သလို ဈေးနှုန်းလည်း မြင့်မားတယ်လို့ အကျိုးဆောင်လုပ်ငန်းရှင်အချို့ဆီက သိရပါ တယ်။

အိမ်ပိုင်ရှင်က အငှားအိမ် ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်ကို သတ်မှတ်စည်းကမ်းချက်များနဲ့အညီလျှောက်ထားပြုလုပ်ဖို့ မန္တလေး မြို့တော်စည်ပင်သာယာရေး ကော် မတီက ကြေညာချက် ထုတ်ပြန်ထားတယ်။ ယင်းလိုင်စင်အတွက် ပေးဆောင်ရမယ့် နှုန်းထားက ငှားရမ်းခရဲ့ ငါး ရာခိုင်နှုန်း ဖြစ်ပါတယ်။ အဆိုပါ လိုင်စင် ကြေးရှိနေတာ ကြောင့်ယခုနှစ်အတွက် အိမ်ငှားခနှုန်းထား ဟာ ယခင်နှစ်တွေနဲ့ စာရင်ငှားရမ်းခ အနည်းငယ် မြင့်မားစေတာ လို့ အကျိုးဆောင်အချို့က ဆိုပါတယ်။

ယခင်နှစ်က တစ်လငှားရမ်းခ သိန်း ၂၀ ခန့်ကျသင့်တဲ့ မြေဟာယခုနှစ်မှာ တစ်လ ငှားရမ်းခ ကျပ်သိန်း ၃၀ ခန့်အထိ မြင့်တက်လာတာလို့ အကျိုးဆောင်အချို့က ဆိုပါတယ်။

မန္တလေးမြို့တွင်း အိမ်ခြံမြေအငှားဈေးကွက်မှာ အိမ်ခြံမြေငှားရမ်းခနှုန်းထားတွေဟာ အချို့နေရာတွေမှာ ငါးနှစ်အတွင်း ရှစ်ဆခန့် မြင့်တက်လာပါတယ်။

အကွက်အကွင်းကောင်းမွန်ပြီး ကားရှိုး ရွမ်း၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် စသဖြင့် စီးပွားရေးအရ လုပ်ကိုင်လို့ အဆင်ပြေတဲ့ အချက်အချာနေရာတွေရှိ နေရာ ကျယ်ဝန်းတဲ့ အိမ်ခြံမြေငှားရမ်းခနှုန်းထား တွေက အများဆုံးဈေးတက်လာတာပါ။

လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် အဖြစ် ဖွင့်လှစ်ဖို့ အဆင်ပြေတဲ့ ၂၆ လမ်း မေးတင်မြေကွက်ကျယ်တစ်ခုရဲ့ မြေနေရာ ငှားရမ်းခဟာ ၂၀၁၂ ခုနှစ်က တစ်လငှား ရမ်းခ ကျပ်ရှစ်သိန်းခန့်သာ ပေါက်ဈေး ရှိရာကနေ ယခုနှစ်မှာတော့ ကျပ်သိန်း ၆၀ ခန့်အထိ ဖြစ်လာပါတယ်။

ထို့အတူ ၆၆ လမ်းပေါ်က တစ်လငှား ရမ်းခ ကျပ် ၁၀ သိန်းခန့်ပေါက်ဈေးရှိတဲ့ မြေနေရာဟာသည်နှစ်မှာ ငှားရမ်းခ ကျပ်သိန်း ၈၀ ကျော်အထိ ဈေးတိုးတောင်းနေတယ်လို့ သိရပါတယ်။

အငှားဈေးကွက်မှာ ဈေးကွက်လိုအပ် ချက် မြင့်မားမှု၊ ငွေကြေးဖောင်းပွမှုနဲ့ အိမ်ခြံမြေဈေးအဆမတန်မြင့်တက်မှုတွေကြောင့် ငါးနှစ်အတွင်း ယခုလောက်အထိ အငှား ဈေးမြင့်တက်လာတယ်လို့ အကျိုးဆောင် အချို့က ပြောပါတယ်။

မန္တလေးအိမ်ခြံမြေဆိုင်ခန်း အငှားဈေးကွက်မှာ ၂၆ လမ်းကနေ ၃၅ လမ်းအထိ ၊ လမ်း ၈၀ နဲ့ ၈၄ လမ်းကြား ဧရိယာကို ဇုန်အေ၊ ၇၈ လမ်းနဲ့ ၇၃ လမ်းကြား ဧရိယာ ကို ဇုန်ဘီ၊ ၇၂ လမ်းကနေ ၆၂ လမ်းအထိ ဧရိယာကို ဇုန်စီနဲ့ မြို့သစ်ဧရိယာတွေကို ဇုန်ဒီ အဖြစ် သတ်မှတ်ပါတယ်။

အဲသည်ထဲမှာဇုန်အေရဲ့ အိမ်ခြံမြေ ဆိုင်ခန်းငှားရမ်းခနှုန်းဟာ အမြင့်ဆုံး ဖြစ်ပြီး မျက်နှာစာပေ အကျယ်အဝန်း အ ဆောက် အအုံပေါ်မူတည်ကာ တစ်လငှား ရမ်းခ ကျပ် ၁၂ သိန်းခန့်ကနေ သိန်း ၂ဝဝ ကျော် ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

 

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service