ကမ္ဘာကျော် သူဌေးကြီး Elon Musk က ကမ္ဘာကျော်ကြယ်ပွင့်များ စုဝေးရာ လော့စ်အိန်ဂျလိမြို့၊ ဘဲအဲရ်အရပ်ရှိ နေအိမ်ကို ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်

ကမ္ဘာကျော် သူဌေးကြီး Elon Musk က ကမ္ဘာကျော်ကြယ်ပွင့်များ စုဝေးရာ လော့စ်အိန်ဂျလိမြို့၊ ဘဲအဲရ်အရပ်ရှိ နေအိမ်ကို ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
13 Feb 2019 11:06 am တွင် တင်ခဲ့သည်
835 ကြိမ် ကြည့်ရှု့ပြီး

SpaceX ဖြင့် နာမည်ကျော်သည့် ကမ္ဘာကျော် သူဌေးကြီး Elon Musk သည် ကမ္ဘာကျော်ကြယ်ပွင့်များ စုဝေးရာ လော့စ်အိန်ဂျလိမြို့၊ ဘဲအဲရ်အရပ်ရှိ နေအိမ်ကို ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။

Elon Musk သည် လော့စ်အိန်ဂျလိမြို့၊ ဘဲအဲရ်အရပ်တွင် အခြားနေအိမ်များ အနည်းဆုံး ၄ ဆုံးခန့် ပိုင်ဆိုင်ထားသေးရာ ဇနီးဖြစ်သူ ရုပ်ရှင်မင်းသမီး တာလူလာ ရီလေးနှင့် ကွာရှင်းပြီးနောက်တွင် ယခုနေအိမ်ကို လွမ်းဆွတ်မနေတော့ဘဲ ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာခြင်းလည်း ဖြစ်သည်။

၂၀၁၄ ခုနှစ်အတွင်းက ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၃၆၉၅၁၀၀ ပေးခဲ့ရာပြီး Tesla နှင့် SpaceX တို့ကို တည်ထောင်သူ သူဌေးကြီး၏ နေအိမ်ဖြစ်ရာ သင်ခန့်မှန်းထားသည့်အတိုင်း နည်းပညာမြင့်ပစ္စည်းများ အပြည့်အစုံ ထည့်သွင်းထားပြီး အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၄ ခန်း ပါဝင်သည်။

ပြတင်းလိုက်ကာများ၊ မီးများ၊ တေးဂီတ၊ နေအိမ်တွင်းအပူချိန်နှင့် လုံခြုံရေးစနစ် အစရှိသည်အားလုံးကို အဝေးထိန်းခလုတ်ငယ်တစ်ခုတည်းဖြင့် ထိန်းချုပ်နိုင်သည်။

စတုရန်းပေ ၃၀၇၇ သာကျယ်ဝန်းပြီး ခမ်းနားထည်ဝါလှသည့် စံအိမ်ကြီးမဟုတ်သော်လည်း ထူးဆန်းသည့်ဟန်ပန်လက်ရာတို့ဖြင့် ဆောက်လုပ်ထားသည့် နေအိမ်ဖြစ်သည်။

သစ်မာသားကြမ်းခင်းများ၊ ကျောက်တုံးနံရံများ၊ သစ်သားနံရံကပ်ဘီရိုများ၊ မှန်ချပ်များကို အုတ်ကြွပ်သဖွယ် အသုံးပြုကာရံထားသည့် ရေချိုးခန်းများ ပါဝင်သည်။

မီးဖိုဆောင်ကို နှမ်းဖတ်ကျောက်ကို အဓိကထား ထုတ်လုပ်ထားသည့် Caesarstone စားပွဲမျက်နှာပြင်များ၊ အမေရိကန်ပြည်မှ Sub-Zero Freezer Company, Inc ကုမ္ပဏီထုတ် Wolf and Sub-Zero မီးဖိုဆောင်သုံးပစ္စည်းများဖြင့် အဆင့်မြှင့်ထားသည်။

ကြမ်းပြင်မှ မျက်နှာကြက်အထိမြင့်မားသော ပြတင်းများကြောင့် အဝေးရှိ ပင်လယ်ရှုမျှော်ခင်းကို မြင်ကွင်းကျယ်ခံစားနိုင်သည်။

ခြံဝန်းအတွင်း လသာဆောင်များစွာ၊ နားနေရန် ထိုင်ခုံများ၊ ညစာစားရန်နေရာများ၊ မြက်ခင်းစိမ်းများ၊ ရေငန်ရေကူးကန်နှင့် spa တို့ ပါဝင်သည်။

Elon Musk သည် ယခုဒေသတွင် အခြားနေအိမ် ၅ လုံးလည်း ဝယ်ယူထားသေးသည်။

ယင်းတို့အနက် ယခုတိုင် ပိုင်ဆိုင်ထားဆဲဖြစ်သော နေအိမ်များမှာ ကန်ဒေါ်လာ ၂၄ ဒသမ ၄ သန်းတန်ကြေးရှိ မော်ဒန်ဗိသုကာဟန် စံအိမ်၊ ကန်ဒေါ်လာ ၁၇ သန်းတန်ကြေးရှိ ပြင်သစ်ချာတူးဟန်စံအိမ်၊ ယခင်က Gene Wilder နေထိုင်ခဲ့ဖူးသော ကန်ဒေါ်လာ ၆ ဒသမ ၇၅ သန်း တန်ကြေးရှိ စံအိမ် (အဆိုပါအိမ်ကို သူ၏ ကလေး ၅ ဦးအပြင် ဝန်ထမ်းများ၏ ကလေးများအတွက် သီးသန့်စာသင်ကျောင်းအဖြစ် အသုံးပြုထားသည်) နှင့် စတုရန်းပေ ၂၉၆၃ ကျယ်ဝန်းသော မွေးမြူရေးခြံဝန်းတစ်ခုတို့ ပါဝင်သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service