ဆန်ဖရန်စစ္စကို မြို့တော်ဝန်က ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး သူ၏နေအိမ်ကို ကန်ဒေါ်လာ ၆ သန်းခန့်ဖြင့် အရောင်းဈေးကွက်တင်

ဆန်ဖရန်စစ္စကို မြို့တော်ဝန်က ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး သူ၏နေအိမ်ကို ကန်ဒေါ်လာ ၆ သန်းခန့်ဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
13 Feb 2019 10:48 am တွင် တင်ခဲ့သည်
753 ကြိမ် ကြည့်ရှု့ပြီး

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟုဆိုလျှင် အက်ရှင်မင်းသားကြီး အာနိုးကို မြင်ယောင်လာကြသည်။

အာနိုးသည် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

ယခုအုပ်ချုပ်ရေးမှူးမှာ ဂါဗင် နယူးဆမ် ဖြစ်သည်။

ဂါဗင်နယူးဆမ်သည် နိုင်ငံရေးလောကသို့ ခြေမချမီက အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်၏။

ကယ်လီဖိုးနီးယားပြည်နယ်၏ ၄၀ ဆက်မြောက် အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၁၉ တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ဒီမိုကရက်တစ် ပါတီဝင် ဖြစ်သည်။

ဆန်တာ ကလာရာတက္ကသိုလ်မှ ကျောင်းပြီးခဲ့ပြီးနောက် PlumpJack အမည်ရှိ ဝိုင်အရောင်းဆိုင်ကို မိတ်ဆွေတစ်ဦးဖြစ်သူ ဂေါ်ဒန် ဂက်တီနှင့်အတူ ပူးတွဲဖွင့်လှစ်ခဲ့သည်။

နောင်အခါတွင် PlumpJack သည် စီးပွားရေးလုပ်ငန်းပေါင်း ၂၃ ခုကို လည်ပတ်နိုင်သည်အထိ တိုးတက်အောင်မြင်လာခဲ့ရာတွင် ဝိုင်အရောင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် ဟိုတယ်လုပ်ငန်းများလည်း ပါဝင်သည်။

ဂါဗင်နယူးဆမ်၏ နိုင်ငံရေးဘဝမှာ ၁၉၉၆ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၃ ခုနှစ်တွင် ဆန်ဖရန်စစ္စကို၏ ၄၂ ဆက်မြောက် မြို့တော်ဝန်အဖြစ် ရွေးချယ်ခံခဲ့ရရာ ရာစုနှစ်တစ်ခုအတွင်း အသက်အငယ်ဆုံး မြို့တော်ဝန်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင်လည်း ဆန်ဖရန်စစ္စကို မြို့တော်ဝန်အဖြစ် မဲ ၇၂ ရာခိုင်နှုန်း ရရှိကာ ထပ်မံရွေးကောက်ခံခဲ့ရပြန်သည်။

ယခုအခါ ဂါဗင် နယူးဆမ်က ကယ်လီဖိုးနီးယားပြည်နယ်၊ ကန့်ဖီးလ်ဒ်မြို့ကလေးရှိ သူ၏နေအိမ်ကို အရောင်းဈေးကွက်တင်လာသည်။

အသစ်စက်စက်ရွေးကောက်ခံထားရသော ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးသည် မိသားစုနှင့်အတူ ကယ်လီဖိုးနီးယားပြည်နယ်၏ မြို့တော် ဆာကရာမန်တိုသို့ ပြောင်းရွှေ့အခြေချခဲ့ရခြင်းကြောင့် မာရင်ခရိုင်ရှိ ယခုနေအိမ်ကို ပြန်လည်ရောင်းချလိုက်ခြင်းလည်း ဖြစ်သည်။

ရာစုနှစ်လယ်မော်ဒန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသောနေအိမ်ကို ဂါဗင်နယူးဆမ်က ပြုပြင်မွမ်းမံမှုများ ပြန်လည်ပြုလုပ်ထားပြီး ခေါ်ဈေးမှာ ကန်ဒေါ်လာ ၅ ဒသမ ၉ သန်း ဖြစ်သည်။

နယူးဆမ်နှင့် ဇနီး ဂျနီဖာ ဆီဘယ်လ် နယူးဆမ်တို့က ၂၀၁၁ ခုနှစ်တွင် ကန်ဒေါ်လာ ၂၂၂၅၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ဝယ်လက်မှ ခေါ်ဈေးအတိုင်း ဝယ်ယူခဲ့မည်ဆိုပါက ကန်ဒေါ်လာ ၃ ဒသမ ၆ သန်းကျော် မြတ်စွန်းမည် ဖြစ်သည်။

မြေအကျယ်အဝန်း ၁ ဒသမ ၃၈ ဧကပေါ်တွင်တည်ရှိကာ နေအိမ်အကျယ်အဝန်း စတုရန်းပေ ၄၀၀၀ ရှိပြီး အိပ်ခန်း ၅ ခန်း ပါဝင်သည်။

၁၉၅၀ ပြည့်နှစ်တွင် ဆန်ဖရန်စစ္စကိုပင်လယ်ကွေ့ဒေသမှ ဗိသုကာပညာရှင် ဝေါ်လေ ကေ-ဝေါင်က ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး မကြာသေးမီကပင် ဗိသုကာပညာရှင် ဂျူဒီဒေါင်လင်းက ပြန်လည်မွမ်းမံပေးထားသည်။

 

 

 Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service