ဘဏ်ချေးငွေဖြင့် ဝယ်ယူနိုင်သည့် လှိုင်သာယာမြို့နယ် ကျန်စစ်မင်းအိမ်ရာ စီမံကိန်း အပိုင်း (၁) ရှိ အခန်းပေါင်း ၂၄၀ ကို ဖေဖော်ဝါရီ ၂၂ ရက်တွင် မဲနှိုက်ရောင်းချမည်

ဘဏ်ချေးငွေဖြင့် ဝယ်ယူနိုင်သည့် လှိုင်သာယာမြို့နယ် ကျန်စစ်မင်းအိမ်ရာ စီမံကိန်း အပိုင်း (၁) ရှိ အခန်းပေါင်း ၂၄၀ ကို ဖေဖော်ဝါရီ ၂၂ ရက်တွင် မဲနှိုက်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
13 Feb 2019 10:34 am တွင် တင်ခဲ့သည်
3858 ကြိမ် ကြည့်ရှု့ပြီး

ဘဏ်ချေးငွေဖြင့် ဝယ်ယူနိုင်သည့် လှိုင်သာယာမြို့နယ် ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း (၁) ရှိ အခန်းပေါင်း ၂၄၀ ကို ဖေဖော် ၀ါရီ ၂၂ ရက်တွင် မဲနှိုက်ရောင်းချမည်ဖြစ်ပြီး ဘဏ်ချေးငွေဖြင့် ရောင်းချမည့် အစီအစဉ်ကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက အသိပေးကြေညာထားသည်။

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်မှ ပေးပို့လာသော အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နှင့်အထက် စုဆောင်းထားရှိသူစာရင်း ၃၂၀၈ ဦးတွင် ပါဝင်သူများသည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၅ ရက်အတွင်း ဌာနသို့ ဝယ်ယူလိုသည့် အဆောက်အအုံ အမျိုးအစားအလိုက် စာရင်းပေးသွင်း ရမည်ဖြစ်သည်။ Down payment Sr.No ကို မှတ်သားလာရမည်ဖြစ်ပြီး ငွေအကျေစနစ်ဖြင့် ဝယ်ယူထားပြီးသူများ ထပ်မံဝယ်ယူခွင့် မရှိကြောင်း အသိပေးထားသည်။

စာရင်းပေးသွင်း လာသူများအနက်မှ ရောင်းချရန်လျာထားသည့် အခန်း ၂၄၀ ခန်းကို အခြေခံ၍ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၏ အိမ်ရာစုဆောင်းငွေစာရင်း အမှတ်စဉ်အလိုက် မဲနှိုက်ဝယ်ယူခွင့်ရှိသူ အမည်စာရင်းများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၌ ပြန်လည်ကြေညာမည်ဖြစ်သည်။

မဲနှိုက်ဝယ်ယူခွင့်ရှိသူ အမည်စာရင်းတွင် ပါဝင်သူများသည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၁ ရက်အထိ ဌာနသို့ လာရောက်၍ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ဘဏ်စုဆောင်းငွ စာရင်းစာအုပ်မိတ္တူတို့နှင့်အတူ မှတ်ပုံတင်စာရင်း ရေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၌ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဘဏ်စုဆောင်းငွေ စာရင်းအမှတ်စဉ်အတိုင်း အဆောက်အအုံ တစ်မျိုးချင်းစီအလိုက် မဲနှိုက်ရောင်းချပေး သွားမည်ဖြစ်သည်။ လျှောက်ထားသူကိုယ် တိုင် မလာရောက်နိုင်ပါက ဌာနတာဝန်ရှိ သူများမှ အခန်းမဲနှိုက်ပေးမည်ဖြစ်ပြီး မိမိတို့ မဲပေါက်သောအခန်းကို ဝယ်ယူသူအချင်းချင်း လဲလှယ်လိုပါက ယင်းနေ့အတွင်းသာ ဆောင်ရွက်ရမည်ဖြစ်သည်။

မဲပေါက်ထားသော အခန်းအား ဝယ်ယူလိုခြင်းမရှိ၍ ပြန်လည်အပ်နှံပါက နောက်တစ်ကြိမ်အခန်းများ မဲနှိုက်ရောင်းချသည့်အခါ တန်းစီဇယား၏ နောက်ဆုံးတွင် ပြန်လည်ထားရှိမည်ဖြစ်ပြီး Down payment Sr.No အလိုက် ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း သိရသည်။

အခန်းဝယ်ယူခွင့် ရရှိသူများသည် ဖေဖော်ဝါရီ ၂၂ ရက်မှ သီတင်းပတ်နှစ်ပတ်အတွင်း မိမိတို့ဘဏ်စာရင်း ဖွင့်လှစ်ထားသည့် ဘဏ်ခွဲများသို့ လိုအပ်သည့် အထောက်အထား အပြည့်အစုံနှင့်အတူ ချေးငွေရရှိရန် တင်ပြလျှောက်ထား ရမည်ဖြစ်ပြီး လျှောက်ထားခြင်း မရှိပါက ပယ်ဖျက်မည်ဖြစ်သည်။ ထို့ပြင်ဘဏ်မှ ချေးငွေခွင့်ပြုနိုင်ခြင်း မရှိပါက အိမ်ရာဝယ်ယူခွင့် ပယ်ဖျက်မည်ဖြစ်သည်။

ချေးငွေဖြင့် ဝယ်ယူလိုသူများ အနေဖြင့် အိမ်ရာချေးငွေ လျှောက်ထားရာတွင် လိုအပ်ချက်များ ကြိုတင်ပြင်ဆင်နိုင်ရန် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၏ အိမ်ရာချေးငွေ လျှောက်ထားသူများသို့ စိစစ်ခြင်း အသိပေး ကြေညာစာများကို ဖတ်ရှုထားရန် ထုတ်ပြန်ထားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service