နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပြင်ပြီးမှသာ ရွှေတင်ပို့ တင်သွင်းခြင်း ခွင့်ပြုနိုင်မည်

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပြင်ပြီးမှသာ ရွှေတင်ပို့ တင်သွင်းခြင်း ခွင့်ပြုနိုင်မည် - Property News in Myanmar from iMyanmarHouse.com
13 Feb 2019 9:35 am တွင် တင်ခဲ့သည်
1655 ကြိမ် ကြည့်ရှု့ပြီး

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပြင်ပြီးမှသာ နိုင်ငံတကာစံနှုန်းမီ ၉၉ ဒသမ ၉၉ အဆင့်ရှိသည့် ရွှေတုံးများကို ပြည်ပ တင်ပို့/တင်သွင်းခြင်း ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်းက ပြောကြားသည်။

အဆိုပါ စံနှုန်းမီရွှေတုံးများကို လက်ရှိတွင် ကန့်သတ်ထားသည့်အတွက် ၉၆ အဆင့်ရှိသည့် ရွှေတုံးများကိုများသာ တင်ပို့/တင်သွင်းခွင့် ရမည်ဖြစ်သည်။

“ ဥပဒေပြင်ပြီးမှ ကျန်တာတွေဆက်လုပ်ရမှာပါ ” ဟု ဒေါ်မေတိုးဝင်းက ပြောဆိုသည်။

နိုင်ငံတကာစံနှုန်းမီ ၉၉ ဒသမ ၉၉ အဆင့်ရှိသည့် ရွှေတုံးများကို တင်ပို့/တင်သွင်းရန် ကန့်သတ်ထားမှုဖြေလျှော့ပေးရန် ဗဟိုဘဏ်ထံသို့ စာတင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

“ ၉၉ ဒသမ ၉၉ ဆိုတာ ရွှေရည်အသန့်ဆုံးပဲ။ ၉၆ တို့ ဘာတို့ဆိုတာလည်း ရွှေပါပဲ။ ဒါပေမဲ့ ဈေးပေးရတာချင်းအတူတူ ၁၀ဝ ရာခိုင်နှုန်းနီးပါးသန့်တဲ့ ရွှေရည်ကိုပဲ အရောင်းအဝယ်လုပ်မှာပေါ့။ ရွှေတင်ပို့ တင်သွင်းခွင့်ပြုမိန့်ထွက်တုန်းကတော့ ခွင့်ပြုတယ်ဆိုတာပဲ။ အခုလုပ်ထုံးလုပ်နည်းရေးမှ ကန့်သတ်တယ်ထွက်လာတော့ ဘာပြောရမှန်းတောင်မသိဘူး။ ဈေးကွက်အရ ကောင်းတဲ့ပစ္စည်းကိုပဲ လိုချင်တာပါ ”ဟု ယင်းအသင်း၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် ပြည်တွင်းရွှေသန့်စင်သည့် လုပ်ငန်းများတွင်လည်း ၉၉ ဒသမ ၉၉ အဆင့်ရှိရွှေတုံးများကို ထုတ်လုပ်နိုင်သည့် စက်များရှိနေပြီဖြစ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သည့် လက်ကောက်၊ ဆွဲကြိုး၊ လက်စွပ်များကို ထုတ်လုပ်ပါက နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ရွှေမှာ နာမည်ကောင်းရလာမည်ဖြစ်ကြောင်း ရွှေကုန်သည် ဦးအောင်မြင့်က ပြောဆိုသည်။

ဗဟိုဘဏ်၏ ဥပဒေအရ ငွေကြေးဖြင့်လဲလှယ်ခွင့်ရှိသည့် ၉၉ ဒသမ ၉၉ အဆင့်ရွှေတုံးများကို ရောင်းဝယ်ခွင့် ကန့်သတ်ထာသည့်အတွက် ရွှေတင်ပို့/တင်သွင်းခွင့် ပေးခဲ့စဉ်တည်းက ဝန်ကြီးဌာနအနေဖြင့် ကန့်သတ်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

ပြည်ပနှင့် ရွှေတင်ပို့ တင်သွင်းခွင့် ရရှိခဲ့သည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သော်လည်း လုပ်ထုံးလုပ်နည်းများကြောင့် လုပ်ကိုင်ခွင့် ကြန့်ကြာနေသေးကြောင့် ရွှေကုန်သည်များက ပြောဆိုကြသည်။

အိမ်နီးချင်းနိုင်ငံများတွင် ရွှေတင်ပို့ တင်သွင်းခွင့်ပေးခဲ့စဉ်က တင်ပို့ခြင်းထက် တင်သွင်းခြင်းကပိုများလာပြီး နိုင်ငံစီးပွားရေးတွင် ဈေးကစားမှုများရှိကာ ငွေကြေးဖောင်းပွမှုများရှိခဲ့သောကြောင့် မြန်မာနိုင်ငံတွင် ခွင့်မပြုပေးခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service