ပုဂ္ဂလိကဘဏ်အချို့ အကြွေးဝယ်ကတ် အတိုးနှုန်းမြှင့်ရန် ပြင်ဆင်

ပုဂ္ဂလိကဘဏ်အချို့ အကြွေးဝယ်ကတ် အတိုးနှုန်းမြှင့်ရန် ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
11 Feb 2019 12:08 pm တွင် တင်ခဲ့သည်
687 ကြိမ် ကြည့်ရှု့ပြီး

ဗဟိုဘဏ်က အတိုးနှုန်း ပြင်ဆင်သည့် ညွှန်ကြားချက် ထုတ်ပြန်ပြီး တစ်လအတွင်းပြည် တွင်းဘဏ်အချို့သည် အကြွေးဝယ်ကတ်(Credit Card)အတိုး နှုန်းများ တိုးမြှင့်ရန်ပြင်ဆင်လာသည်။

မြန်မာနိုင်ငံတွင် ဘဏ်ခွဲ ၅၀၀ ကျော် ဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ်က အကြွေးဝယ် ကတ်၏အတိုးနှုန်းကို လာမည့် မတ်လ ​၁ ရက်ကစတင်ပြီးတစ်နှစ် အတိုးနှုန်း ၁၆ ရာခိုင်နှုန်းသို့မြှင့်တင်မည်ဟု ကြေညာသည်။ အခြားပြည်တွင်းပုဂ္ဂလိကဘဏ် များလည်း အကြွေးဝယ်ကတ် အတိုးနှုန်းများ မြှင့်တင်ရန်စီစဉ်နေသည်။

အပေါင်ပစ္စည်းပါဝင်သည့် ချေးငွေအမျိုးအစားနှင့် အပေါင် ပစ္စည်းမပါသောချေးငွေအမျိုးအစားနှစ်မျိုးကို ပုဂ္ဂလိကဘဏ်များ ကခွဲထုတ်လိုပြီး ဗဟိုဘဏ်က ဇန် န၀ါရီ ၁၅ ရက်တွင် ထုတ်ပြန် သောအတိုးနှုန်းများ ပြင်ဆင် သတ်မှတ်ခြင်းညွှန်ကြားချက်က ပုဂ္ဂလိကဘဏ်များအတွက် အခွင့်အလမ်းတစ်ခုဖြစ်လာသည်။

ဗဟိုဘဏ်သည် ပုဂ္ဂလိက ဘဏ်များအား အပေါင်ပစ္စည်း ပါဝင်သောချေးငွေအမျိုးအစား ကို ၁၃ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်း မပါသောချေးငွေအမျိုးအစားများ ကို အတိုးနှုန်းအများဆုံး ၁၆ ရာ ခိုင်နှုန်းအထိ ရယူခွင့်ပြုထား သည်။

ဗဟိုဘဏ် ညွှန်ကြားချက်သည် အတိုးနှုန်းလျော့နည်းလို သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအတွက် စိတ်ဝင်စားစရာမဟုတ်သော်လည်း ပုဂ္ဂလိကဘဏ်များအတွက် ချေးငွေကဏ္ဍ ဖွံ့ဖြိုးရေး တွန်းအားတစ်ခုဖြစ် သည်။

ဘဏ်တစ်ခုက ငွေချေးရာ တွင် ဆုံးရှုံးနိုင်ခြေကို တွက်ပြီး ဆောင်ရွက်ရခြင်းကြောင့် အကြွေးဝယ်ကတ်ကဲ့သို့ အပေါင် ပစ္စည်းမပါသောချေးငွေအမျိုးအ စားကို အပေါင်ပစ္စည်းပါသော ချေးငွေအတိုးနှုန်းထက် တိုးမြှင့် သတ်မှတ်ခြင်းက နိုင်ငံတကာ ဘဏ်လုပ်ငန်းအလေ့အထတစ်ခု ဖြစ်သည်ဟု ပြည်တွင်းပုဂ္ဂလိက ဘဏ်တစ်ခုမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။

၂၀၁၅ ကစတင်ပြီး တစ် ကျော့ပြန်အသက်ဝင်လာသော အကြွေးဝယ်ကတ်စနစ်သည် ၀င်ငွေအဆင့်သတ်မှတ်ချက်၊ လစဉ် ၀င်ငွေရရှိသည့်လူလတ်တန်းစားများအကြား သုံးစွဲမှုပုံမှန်တိုးနေ သည်ဟု ၎င်းကဆိုသည်။

ဘဏ်နှင့် သုံးစွဲသူအကြား ယုံကြည်မှုတည်ဆောက်ပြီး လည် ပတ်နေသည့် အခြေအနေမျိုး ဖြစ်သည်ဟု ဘဏ်လုပ်ငန်းကျွမ်း ကျင်သူအချို့က ပြောသည်။ ချေး ငွေသတင်းအချက်အလက်ဌာန သက်ဝင်လာမည်ဆိုပါက လူတစ်ဦးချင်း၏ ငွေချေးနိုင်မည့် စံနှုန်းသတ်မှတ်ချက်များကို ဘဏ်များက လွယ်ကူစွာရရှိပြီး ငွေချေးလုပ်ငန်းလည်း ပိုမိုကျယ်ပြန့်လာမည် ဟု ဘဏ်လုပ်ငန်းကျွမ်းကျင်သူအချို့က ပြောသည်။

မြန်မာနိုင်ငံတွင် ချေးငွေအ ချက်အလက်များစုဆောင်းနိုင် ရေး ချေးငွေအချက်အလက်ဌာန (Myanmar Credit Bureau) ထူ ထောင်ရန် ဗဟိုဘဏ်က ၂၀၁၈ မေလ၌ လိုင်စင်စတင်ထုတ်ပေးခဲ့သည်။ မြန်မာနိုင်ငံတွင် ချေးငွေဆိုင်ရာ အချက်အလက်များကို ကိုးလမှ ၁၂ လ အတွင်း စတင်အသုံးပြုနိုင်ရန် မြန်မာ့ချေးငွေသတင်းအချက်အလက်ကုမ္ပဏီ(MMCB)နှင့် အမေရိကန်ကုမ္ပဏီတို့ ဒီဇင်ဘာ ၁၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service