မြန်မာ-တရုတ် နယ်စပ်တွင် ဘဏ်များမှတစ်ဆင့် ယွမ်နှင့် ကျပ်ငွေလဲလှယ်နိုင်ရန် ဗဟိုဘဏ် စီစဉ်နေ

မြန်မာ-တရုတ် နယ်စပ်တွင် ဘဏ်များမှတစ်ဆင့် ယွမ်နှင့် ကျပ်ငွေလဲလှယ်နိုင်ရန် ဗဟိုဘဏ် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
8 Feb 2019 11:48 am တွင် တင်ခဲ့သည်
1106 ကြိမ် ကြည့်ရှု့ပြီး

မြန်မာ-တရုတ်နယ်စပ် တရားဝင်ကုန်သွယ်ရေးတွင် ဘဏ်များမှတစ်ဆင့် တရုတ်ယွမ် နှင့် ကျပ်ငွေလဲလှယ်သည့်စနစ်ကို စတင်အကောင်အထည်ဖော်မည် ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောသည်။

နှစ်နိုင်ငံ ခွင့်ပြုထားသည့် တရားဝင် နယ်စပ်ကုန်သွယ်ရေးကဏ္ဍတွင် ကုန်သည်တစ်ဦးချင်းက ငွေစာရင်းဖွင့်လှစ်ရန် မလိုဘဲ ဘဏ်များက ကြားဝင်ဆောင်ရွက်ပေးသည့် ပုံစံမျိုးဖြင့် အကောင်အထည်ဖော်မည်ဖြစ်သည်။

တရားဝင်ကုန်သွယ်ရေးဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းများတင်ပို့ပြီး ရရှိလာသော ယွမ်များကို သက်ဆိုင်ရာဘဏ် များတွင် ကျပ်ငွေဖြင့် လဲလှယ်ပြီး ပြန်လည် ထုတ်ယူနိုင်မည်ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံမှ ကုန်ပစ္စည်း ဝယ်ယူသူကလည်း တင်သွင်းလို သည့် ကုန်ပစ္စည်းတန်ဖိုးကို ဘဏ် သို့ ကျပ်ငွေဖြင့် ပေးပြီး အလွယ် တကူတင်သွင်းနိုင်မည်ဟု ဦးဘို ဘိုငယ်က ပြောသည်။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး၌ ယွမ်နှင့် ကျပ်ငွေလဲလှယ်နိုင်ရေး ဆောင်ရွက်ရာတွင် ပုဂ္ဂလိကဘဏ်များ ပါဝင်နိုင်ရန် ၂၀၁၈ ဒီဇင်ဘာအတွင်းက စာပေးပို့ပြီး ကမ်းလှမ်းထားသည်။

‘‘အခုအချိန်ထိတော့ ပုဂ္ဂလိ ကဘဏ်တွေက အကြောင်းမပြန် သေးဘူး’’ဟု ဦးဘိုဘိုငယ်က ပြောသည်။

လက်ရှိ နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာပို့ကုန်များအတွက် ငွေချေရာ၌ တရုတ်ဘဏ်များတွင် ငွေစာရင်းဖွင့်လှစ်ဆောင်ရွက်နေရသည်။

ထို့အပြင် စီးပွားရေး လုပ်ငန်းရှင်များက တရုတ်ဘဏ်မှ ယွမ်ငွေများကို ဟောင်ကောင်မှ တစ်ဆင့် စင်ကာပူနိုင်ငံရှိ ဘဏ်များတွင် ကန်ဒေါ်လာဖြင့် လဲလှယ်ထားရှိသည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံမှ ငွေများပြည်ပ ဘဏ်များတွင် စာရင်းဖွင့်လှစ် ထားရှိခြင်း လျှော့ချရန်၊ မြန်မာ− တရုတ်နှစ်နိုင်ငံ တရားဝင်နယ်စပ် ကုန်သွယ်ရေး ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဘဏ်များ သို့ ယွမ်ငွေလွှဲပြောင်းနိုင်မည့် အစီအစဉ်ကို တရုတ်ဘဏ်များနှင့် ချိတ်ဆက် ညှိနှိုင်းထားသည်ဟု ဦးဘိုဘိုငယ်က ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service