ကမ္ဘာကျော် အက်ရှင်သရုပ်ဆောင် ကီဗင် ကော့စနာ၏ ဧကပေါင်း ၁၆၀ ကျော်ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီးနှင့် စံအိမ်ကြီးကို တစ်ညလျှင် ကန်ဒေါ်လာ ၃၀၀၀၀ ဖြင့် ငှားရမ်းမည်

ကမ္ဘာကျော် အက်ရှင်သရုပ်ဆောင် ကီဗင် ကော့စနာ၏ ဧကပေါင်း ၁၆၀ ကျော်ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီးနှင့် စံအိမ်ကြီးကို တစ်ညလျှင် ကန်ဒေါ်လာ ၃၀၀၀၀ ဖြင့် ငှားရမ်းမည် - Property News in Myanmar from iMyanmarHouse.com
8 Feb 2019 11:42 am တွင် တင်ခဲ့သည်
882 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် အက်ရှင်သရုပ်ဆောင် ကီဗင်ကော့စနာ၏ ဧကပေါင်း ၁၆၀ ကျော်ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီးနှင့် စံအိမ်ကြီးကို ငှားရမ်းကာ အပန်းဖြေနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်လာပြီဖြစ်သည်။

တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်၏ ရော့ကီးတောင်တန်းကြီးပေါ်ရှိ တောင်ပေါ်နှင်းလျှောစီး အပန်းဖြေစခန်း မြို့ကလေးဖြစ်သော အက်စ်ပန်မြို့တွင် တည်ရှိပြီး မြို့လယ်မှ အနည်းငယ်သာ ကွာဝေးသည်။

အငှားဈေးကွက်သို့ တင်လာသည်မှာ ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

ခြံဝန်းကြီးကို Independence Estate ဟု အမည်ပေးထားပြီး ကီဗင်ကော့စနာ ပိုင်ဆိုင်ထားသည်မှာ ၁၇ နှစ်ခန့် ရှိပြီဖြစ်ကြောင်း အငှားဈေးကွက်တင်ပေးသည့် အကျိုးဆောင် အေမီ မော့တီယာက ပြောကြားသည်။ ကီဗင်ကော့စနာသည် ယခုမွေးမြူရေးခြံကြီးတွင် လက်ထပ်ပွဲကျင်းပခဲ့ခြင်းဖြစ်သည်။

မွေးမြူရေးခြံဝန်းကြီးအတွင်း နေအိမ်အဆောက်အအုံ ၃ လုံးပါဝင်ပြီး လူပေါင်း ၃၄ ဦးအထိ တည်းခိုနိုင်ရာ ရက်သတ္တပတ်ခန့်နေထိုင်ပြီး မင်္ဂလာအခမ်းအနားကျင်းပမည်ဆိုပါက ကန်ဒေါ်လာ ၂၅၀၀၀၀ ခန့် ကုန်ကျဖွယ်ရာရှိသည်။

အကယ်၍ သင့်အနေဖြင့် လူအနည်းငယ်ဖြင့် အပန်းဖြေရန်အတွက်သာ ငှားရမ်းလိုပါက တစ်ညလျှင် ကန်ဒေါ်လာ ၃၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်လေသည်။

ဝန်းကျင်ဒေသ၏ လုံခြုံရေးနှင့် ပတ်သက်၍ စိတ်ပူပန်ဖွယ်ကား မရှိချေ။ ကမ္ဘာ့ခေါင်းဆောင်များပင်လျှင် ဤဒေသသို့လာရောက်ကာ နိုင်ငံတကာပွဲ အမျိုးမျိုးကျင်းပလေ့ရှိခဲ့သည့်နေရာတစ်ခု ဖြစ်သည်။

“မွေးမြူရေးခြံဝန်းကြီးတစ်ခုလုံးဟာ မှော်ဆန်ပြီး ငြိမ်သက်အေးချမ်းမှု အရမ်းကောင်းပါတယ်။ အက်စ်ပန်မြို့လယ်နဲ့ ၁၀ မိနစ်ခရီးပဲ ဝေးကွာတယ်ဆိုပေမယ့် လူတွေနဲ့ သိပ်ကို ဝေးကွာတဲ့နေရာတစ်ခုကို ရောက်သွားတယ်လို့ ခံစားရမှာ ဖြစ်ပါတယ်” ဟု အေမီ မော့တီယာက ဆိုသည်။

ပင်မနေအိမ်တွင် အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၆ ခန်းပါဝင်ပြီး ဧည့်သည် ၁၆ ဦး တည်းခိုနိုင်သည်။ Master bedroom မှ နေအိမ်အပြင်ဘက်ရှိ ရေပူကန်သို့ သီးသန့်လှေကားဖြင့် ဆက်သွယ်ပေးထားသည်။

ရေကန်ဘေးတွင်လည်း နေအိမ်တစ်လုံးတည်ရှိပြီး ဧည့်သည် ၁၂ ဦး တည်းခိုနိုင်သည်။

ထို့အပြင် အိပ်ခန်း ၃ ခန်းပါဝင်သည့် အခြားနေအိမ်ငယ်တစ်လုံးလည်း ပါဝင်သေးပြီး နေအိမ် ၃ ခုလုံးတွင် မီးဖိုဆောင်နှင့် ဧည့်ခန်းများ ပါဝင်သည်။

စင်စစ်ကား ဧကပေါင်း ၁၆၀ ကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးအတွင်း နေအိမ်ပေါင်း ၆ လုံးပါဝင်သော်လည်း ကျန် ၃ လုံးကို ကီဗင်ကော်စနာက ဆက်လက်အသုံးပြုနေပြီး နေအိမ် ၃ လုံးကိုသာ အငှားဈေးကွက်တင်လာခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service