စစ်ကိုင်းမြို့ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ကျပ်သိန်းတသောင်းခွဲ အသုံးပြုမည်

စစ်ကိုင်းမြို့ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ကျပ်သိန်းတသောင်းခွဲ အသုံးပြုမည် - Property News in Myanmar from iMyanmarHouse.com
8 Feb 2019 10:36 am တွင် တင်ခဲ့သည်
3709 ကြိမ် ကြည့်ရှု့ပြီး

လက်ရှိဘဏ္ဍာနှစ် အတွင်း၌ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ မြို့ပြ ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများနှင့် စည်ပင်သာယာရေး လုပ်ငန်းများ အတွက် ငွေကျပ်သိန်း ၁ သောင်းခွဲ သုံးစွဲသွားမည်ဟု သိရသည်။

စစ်ကိုင်းမြို့ စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်က “တိုင်းအစိုးရ ချထားပေးတဲ့ ဘတ်ဂျက်က စစ်ကိုင်းမြို့အတွက် ကျပ်သိန်း တသောင်းခွဲ ရထားပါတယ်။ ရပ်ကွက်ပေါင်း ၂၃ ရပ်ကွက် အတွက် တင်ပြ တောင်းခံထားတဲ့ လုပ်ငန်း စဉ်တွေ အတိုင်း အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမှာပါ။ လုပ်ငန်းစဉ် အားလုံး အတွက် တင်ဒါခေါ်ပြီး ဆောင်ရွက်မှာပါ” ဟု ပြောသည်။

ယခု ဘဏ္ဍာနှစ် အတွင်း၌ စစ်ကိုင်းမြို့ပေါ် ၂၃ ရပ်ကွက်၌ ကွန်ကရစ် လမ်းခင်းခြင်း၊ စစ်ကိုင်းမြို့ အဝင် ၉ ပေ တံတား အောက် ရေဝပ်မှု မရှိစေရန် ဆောင်ရွက်ခြင်း၊ ရတနာပုံ တံတား(ဧရာဝတီ) မှ စစ်ကိုင်းမြို့ အဝင် အတက်/အဆင်း ကတ္တရာ လမ်းသစ် ခင်းခြင်း၊ အေးငြိမ်းမြေ သုသာန်သွားသည့် လမ်းခင်းခြင်း၊ ရေနုတ်မြောင်းများ ဖောက်လုပ် ပြုပြင်ခြင်း၊ ရေဆိုး ထုတ်စက်ရုံများ တည်ဆောက်ခြင်းများကို လုပ်ဆောင်ပေးသွားမည်ဟု သိရသည်။

ဦးဝင်းနိုင်က “ တင်ဒါတွေ ခေါ်ပြီး ဆောင်ရွက်သွားမှာပါ။ တချို့ လုပ်ငန်းတွေက တင်ဒါတွေ ခေါ်ထားတယ်။ အချို့ကို ဆောင်ရွက်နေပါပြီ။ စစ်ကိုင်းမြို့ အဝင်လမ်း၂ ခု ပါတယ်။ နောက် မြို့အဝင်က ၉ ပေ အနီး ရပ်ကွက်တွေ မိုးရေ နစ်မြုပ်မှု ဒဏ်ကို ကာကွယ်နိုင်ဖို့ အတွက် လုပ်ဆောင်ပေးသွားမယ်။ ကျန်တာတွေကတော့ ရပ်ကွက်အလိုက် လုပ်ငန်းတွေပါတယ်” ဟု ဆိုသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အတွက် မြို့ပေါ် ရပ်ကွက်များကို ကွင်းဆင်း၍ စစ်ဆေးမှုများနှင့် ရပ်ကွက်နေ ပြည်သူများအား အသိပေး ရှင်းလင်းခြင်းများကိုလည်း လုပ်ဆောင်ခဲ့ပြီး ၉ ပေ တံတားအောက်တွင် ရေဝပ်မှု မရှိစေရန် အတွက် ကျပ်သိန်း ၅၀၀ အကုန်အကျခံ ပြုလုပ် ဆောင်ရွက်သွားမည်ဟု သိရသည်။

စစ်ကိုင်းမြို့ အဝင်ရှိ ၉ ပေ တံတားအောက်တွင် နှစ်စဉ် မိုးတွင်းကာလ ရေဝပ်ခြင်းများ ဖြစ်ပေါ်နေပြီး အချိန်ကြာမြင့်စွာရေဝပ်နေသဖြင့် မြို့နေ လူထုနှင့် ခရီးသွားများ ဖြတ်သန်းသွားလာရာတွင် အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း သိရသည်။

အဆိုပါ ၉ ပေ တံတားအောက်တွင် ရေဝပ်မှုကို ပြုပြင်ပေးရန်အတွက် စစ်ကိုင်ဒေသခံများကလည်း စည်ပင်သာယာရေး ကော်မတီသို့ တင်ပြ တောင်းဆိုမှုများလည်း ပြုလုပ်ထားကြောင်း စစ်ကိုင်းမြို့ မြို့မိမြို့ဖအဖွဲ့မှ ဦးဇော်ဝင်းက ပြောသည်။

“စစ်ကိုင်းမှာ ၉ ပေက အမြဲတမ်း ရေလွှမ်းတယ်။ မိုးရွာလို့ ရေဝင်ရင် အနည်းဆုံး ၃ နာရီလောက်နေမှ ရေကျတယ်။ ဒါကြောင့် အဲဒီကိစ္စကို အဆင်ပြေအောင်လုပ်ပေးဖို့ အတွက် စည်ပင်ကို ပြောထားပါတယ်။ အဲဒီနေရာမှာ အဆင်ပြေသွားမယ် ဆိုရင် မြို့အတွက်အများကြီး ကောင်းလာမယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်ကိုင်း မြို့အဝင် ၉ ပေ တံတားအောက်သည် အနိမ့်ပိုင်း ဖြစ်သည့် အတွက် မိုးရွာသွန်းလျှင် စစ်ကိုင်း တောင်ရိုးနှင့် မြို့ပေါ် အမြင့်ပိုင်း ရပ်ကွက်မှ စီးဆင်းသော ရေများသည် တံတားအောက်သို့ ကျရောက်ပြီး စြင်္ကန်ချောင်းမှ တဆင့် ဧရာဝတီမြစ် အတွင်း စီးဆင်းကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ကိုင်းမြို့ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စည်ပင်သာယာရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ကဏ္ဍအလိုက် တတ်သိ ပညာရှင်များ ပါဝင်ကာ စနစ်တကျ ပြုလုပ် ဆောင်ရွက်ပေးရန် လိုအပ်သည် ဟု စစ်ကိုင်း မြို့မိမြို့ဖအဖွဲ့က အကြံပြု ပြောထားသည်။

ဦးဇော်ဝင်းက ဆက်လက်၍ “ လမ်းတွေ၊ တူးမြောင်းတွေကို လုပ်တဲ့အခါမှာလည်း တတ်သိ နားလည်တဲ့ ပညာရှင်တွေ ပါဝင်ပြီးတော့ စနစ်တကျ လုပ်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုရင် တချို့မြောင်းတွေကို အကြီးကြီးတွေ လုပ်ထားပေမယ့် စနစ်မကျတဲ့ အခါ ရေကမစီးတော့ဘဲ ရေဝပ်တာမျိုးတွေ ဖြစ်နေတာကြောင့်ပါ။ ရေဝပ်တော့ ခြင်တွေ ပေါက်ဖွားလာပြီး ကျန်းမာရေး အတွက်ပါ ထိခိုက် လာနိုင်တယ်လေ” ဟု ပြောသည်။

စစ်ကိုင်းမြို့တွင် ယခင်က ၁၈ ရပ်ကွက်သာ ရှိရာမှ တင်းတိပ်၊ စီတီး၊ ပဲကတိုး၊ သောတပန်၊ ပြူကံ ကျေးရွာများအား ၂၀၁၆ ခုနှစ် အောက်တိုဘာလက ရပ်ကွက် အဖြစ် တိုးချဲ့ ဖွဲ့စည်းပေးခဲ့ကာ စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်း ထည့်သွင်းခဲ့ခြင်းကြောင့် မြို့ပေါ် ရပ်ကွက် ၂၃ ရပ်ကွက် အထိ ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

Credit: irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service