နော်ဝေအစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့က ဂျပန်အိမ်ခြံမြေဈေးကွက်သို့ ယန်းငွေ ၉၃ ဘီလီယံနီးပါး သုံးစွဲကာ ဝင်ရောက်လာ

နော်ဝေအစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့က ဂျပန်အိမ်ခြံမြေဈေးကွက်သို့ ယန်းငွေ ၉၃ ဘီလီယံနီးပါး သုံးစွဲကာ ဝင်ရောက်လာ - Property News in Myanmar from iMyanmarHouse.com
7 Feb 2019 11:35 am တွင် တင်ခဲ့သည်
857 ကြိမ် ကြည့်ရှု့ပြီး

နော်ဝေအစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့  (sovereign wealth fund) သည် ဂျပန်အိမ်ခြံမြေဈေးကွက်သို့ ယန်းငွေ ၉၃ ဘီလီယံနီးပါး သုံးစွဲကာ ဝင်ရောက်လာသည်။

တိုကျိုမြို့ရှိ လက်လီအရောင်းဆိုင်နှင့် ရုံးခန်းအဆောက်အအုံ ၅ ခု၏ ရှယ်ယာအများစုကို ယန်းငွေ ၉၂ ဒသမ ၇၅ ဘီလီယံ (ကန်ဒေါ်လာ ၈၂၃ သန်း) သုံးစွဲကာ ဝင်ရောက်လာခြင်း ဖြစ်သည်။

နော်ဝေနိုင်ငံပိုင် ကန်ဒေါ်လာ ၁ ထရီလီယံပမာဏရှိသော ပင်စင်ရန်ပုံငွေကို စီမံခန့်ခွဲနေသည့် နော်ဝေဘဏ်ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲရေး (NBIM)  အဖွဲ့သည် တိုကျိုတွင် အိမ်ခြံမြေစတုရန်းမီတာ ၁၂၃၀၀ ခန့် ဝယ်ယူရန်အတွက် ဂျပန်မှ Tokyu Land Corporation နှင့် ပူးတွဲကုမ္ပဏီတစ်ခု တည်ထောင်ခဲ့သည်။

NBIM က ရှယ်ယာ ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်ပြီး Tokyu Land က ကျန် ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်ကာ ပူးတွဲဖက်စပ် ကုမ္ပဏီကို ကြီးကြပ်ကွပ်ကဲပေးမည်ဟု ဆိုသည်။

စုစုပေါင်း တန်ဖိုးပမာဏမှာ ယန်းငွေ ၁၃၂ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၁၈ ဘီလီယံ) ဖြစ်သည်။

NBIM သည် နော်ဝေအစိုးရ ပင်စင်ရန်ပုံငွေအဖွဲ့ကိုယ်စား ယခုရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပင်စင်ရန်ပုံငွေအဖွဲ့သည် နော်ဝေ၏ ပေါကြွယ်ဝသော အရံရေနံများစွာ ပိုင်ဆိုင်ထားပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံး နိုင်ငံပိုင် ရန်ပုံငွေတစ်ရပ်ဖြစ်သည်ဟု သတ်မှတ်ထားခြင်းခံရသည်။

ပြီးခဲ့သော စက်တင်ဘာလ အချက်အလက်များအရ ပင်စင်ရန်ပုံငွေ၏ ၂ ဒသမ ၅ ရာခိုင်နှုန်း (ကန်ဒေါ်လာ ၂၅ ဘီလီယံ) ကို အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။

အိမ်ခြံမြေကဏ္ဍတွင် စုစုပေါင်း ၇ ရာခိုင်နှုန်းအထိ ရင်းနှီးမြှုပ်နှံခွင့်ပြုထားသည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service