တောင်ကိုရီးယားအိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူများအကြား ဒုတိယရေပန်းအစားဆုံးနေရာ ဗီယက်နမ်ဖြစ်လာ

တောင်ကိုရီးယားအိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူများအကြား ဒုတိယရေပန်းအစားဆုံးနေရာ ဗီယက်နမ်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
7 Feb 2019 10:32 am တွင် တင်ခဲ့သည်
1175 ကြိမ် ကြည့်ရှု့ပြီး

၂၀၁၈ ခုနှစ်အတွင်း တောင်ကိုရီးယားအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများအကြား ရေပန်းအစားဆုံးနိုင်ငံခြားအိမ်ခြံမြေဈေးကွက်မှာ အမေရိကန်ဖြစ်ဆဲဖြစ်ပြီး အမေရိကန်ပြီးလျှင် ဒုတိယရေပန်းအစားဆုံးနိုင်ငံခြားအိမ်ခြံမြေဈေးကွက်မှာ ဗီယက်နမ်ဖြစ်လာကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံသားတို့ အမေရိကန်အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂၅၅ ဒသမ ၂ သန်း ရှိခဲ့ပြီး ဗီယက်နမ်အိမ်ခြံမြေများ၌ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၅၆ ဒသမ ၁ သန်း ရှိခဲ့သည်။

ဗီယက်နမ်တွင် နိုင်ငံခြားသားအိမ်ခြံမြေပိုင်ဆိုင်မှုဥပဒေများ ၂၀၁၅ ခုနှစ်တွင် ပြေလျော့လာခဲ့ကတည်းက တောင်ကိုရီးယားနိုင်ငံသားတို့သည် ကိုရီးယားဝမ် သန်း ၃၀၀ ဝန်းကျင် (အမေရိကန်ဒေါ်လာ ၂၆၉,၀၀၀) တန်ဖိုးရှိ ကွန်ဒိုတိုက်ခန်းများအား အများဆုံးဝယ်ယူလာကြကြောင်း The Chosunilbo တောင်ကိုရီးယားသတင်းစာက ဖော်ပြခဲ့သည်။

"ဗီယက်နမ်စီးပွားရေး အရှိန်ဟုန်ပြင်းပြင်းဖွံ့ဖြိုးလာတာကြောင့် ဗီယက်နမ်အိမ်ဈေးတွေ မြင့်တက်လာမယ်လို့ ခန့်မှန်းရပါတယ်။ တော်တော်များများက နောင်ဆယ်နှစ်မှာရမယ့် အကျိုးအမြတ်တွေကို မျှော်မှန်းပြီး ဗီယက်နမ်အိမ်ခြံမြေတွေကို ဝယ်ယူနေကြပါပြီ" ဟု Woori Bank မှ ပက်ဆန်ဝုခ်က ပြောကြားခဲ့သည်။

အခြားအာရှနိုင်ငံများကလည်း ၎င်းတို့သည်လည်း ဗီယက်နမ်ကဲ့သို့ပင် ဆွဲဆောင်မှုရှိသောအိမ်ခြံမြေဈေးကွက်များဖြစ်ကြောင်း သက်သေပြလာကြပြီဖြစ်သည်။ ဂျပန်က ယမန်နှစ် ၂၀၁၈ ခုနှစ်အတွင်း တောင်ကိုရီးယားအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ သန်း ရရှိခဲ့ပြီး ထိုင်းနိုင်ငံကလည်း ၁၅ ဒသမ ၅ သန်း ရရှိခဲ့ကြောင်း သိရသည်။

မရိကန်နှင့်ဗီယက်နမ်ပြီးလျှင် ကနေဒါက တောင်ကိုရီးယားနိုင်ငံသားတို့အကြား တတိယရေပန်းအစားဆုံးအိမ်ခြံမြေဈေးကွက်ဖြစ်ခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံသားတို့ ပြည်ပအိမ်ခြံမြေများတွင် အမေရိကန်ဒေါ်လာာ ၄၄၅ ဒသမ ၁ သန်း ရင်းနှီးမြှုပ်နှံခဲ့သည်။ ယင်းပမာဏသည် ၂၀၁၇ ခုနှစ်ကထက် ၄၇ ရာခိုင်နှုန်းနှင့် လွန်ခဲ့သည့်ငါးနှစ်ကထက်လည်း ၃ ဒသမ ၈ ဆ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားတွင် ပြည်ပအိမ်ခြံမြေများ၌ တောင်ကိုရီးယားရင်းနှီးမြှုပ်နှံမှုများ ဆိုင်ရာ တင်းကျပ်မှုအများစုကို ၂၀၀၈ ခုနှစ်အတွင်း ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service