နိုင်ငံခြားငွေကြေးဈေးနှုန်းများ အတက်အကျပြင်းထန်ချိန်တွင် ကျပ်ငွေအပေါ် ပြည်သူယုံကြည်မှု မကျစေရန် ဗဟိုဘဏ်မှ ဝင်ထိန်းမည်

နိုင်ငံခြားငွေကြေးဈေးနှုန်းများ အတက်အကျပြင်းထန်ချိန်တွင် ကျပ်ငွေအပေါ် ပြည်သူယုံကြည်မှု မကျစေရန် ဗဟိုဘဏ်မှ ဝင်ထိန်းမည် - Property News in Myanmar from iMyanmarHouse.com
7 Feb 2019 10:24 am တွင် တင်ခဲ့သည်
845 ကြိမ် ကြည့်ရှု့ပြီး

နိုင်ငံခြားငွေကြေးဈေးနှုန်းများ အတက်အကျပြင်းထန်ပြီး မြန်မာကျပ်ငွေအပေါ် ပြည်သူလူထု ယုံကြည်မှုမကျ ဆင်းစေရန် ဗဟိုဘဏ်က ဝင်ရောက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ ကမ္ဘာကြီးမှာ ဘယ်ဗဟိုဘဏ်မှ ဈေးကွက်ရဲ့ Trend ကို လိုက်လို့ မရပါဘူး။ နိုင်ငံခြားငွေကြေးဈေးကွက်ဆိုတာ (၂၄)နာရီ လည်ပတ်နေတဲ့ ဈေးကွက်ပါ။ Foreign Exchange Market ဆိုတာ ကမ္ဘာပေါ်မှာ ရှိရှိသမျှ Market တွေထက် အဆပေါင်းများစွာ ကြီးပါတယ်။ ဒါကိုသွားပြီးတော့ ဘယ်ဗဟိုဘဏ်မှ ရေရှည်မှာ တောင့်ခံလို့ မရပါဘူး။ ရေတိုမှာ ရချင်ရပါမယ်။ကျွန်တော်တို့ကတော့ ဈေးကွက်ရဲ့ လိုအပ်ချက်အရ ဖြစ်လာရင် ဈေးကွက်ကြီးကို ဆန့်ကျင်ပြီး လုပ်မယ့် အလုပ်မဟုတ်ပါဘူး။ သို့သော် အပြောင်းအလဲ သိပ်များတဲ့အခါမှာ အပြောင်းအလဲ သိပ်ပြင်းတဲ့အခါမှာ ဘာဖြစ်သလဲဆိုတော့ ပြည်သူလူထုအနေနဲ့ မြန်မာကျပ်ငွေအပေါ်မှာ ယုံကြည်မှု ကျနိုင်ပါတယ်။ ဒီအတွက် လိုတဲ့နေရာ လိုတဲ့အချိန်မှာ ကျွန်တော်တို့ ဝင်ထိန်းသွားမှာ ဖြစ်ပါတယ် ”ဟု ဦးဘိုဘိုငယ်က ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ရည်ညွှန်းငွေလဲနှုန်းထုတ်ပြန်သည့်အချိန်ကို (၂၀၁၉) ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်မှ စတင်ကာ နေ့တစ်နေ့အတွက် အချက်အလက်အားလုံးရရှိနိုင်သည့်အချိန်ဖြစ်သော ညနေ (၄းဝ၀) နာရီ၌ ပြောင်းလဲထုတ်ပြန်သွားမည့်ကိစ္စအတွက် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ တစ်နေ့က စာထုတ်ပြန်ပြီး မနေ့ကစကျင့်သုံးတဲ့စနစ်က ဘာလဲဆိုတော့ Inter Bank ဆိုတဲ့ ဘဏ်အချင်းချင်း ရောင်းဝယ်တဲ့အခါမှာ စာရင်းတွေကို ကျွန်တော်တို့ဆီကို တစ်နေ့ကို လေးခါပို့ရပါတယ်။ပြီးရင် ဘဏ်တွေကနေ သွင်းကုန်နဲ့ ထုတ်ကုန် တင်ပို့သူတွေကို အိတ်စပိုတာ အင်ပိုတာတွေကို ရောင်းမယ့်ဥစ္စာကိုလည်း ကျွန်တော် တို့ကို သတင်းပို့ပါတယ်။ သတင်းပို့တဲ့ ဥစ္စာက မနက် (၉)နာရီကနေ ညနေ (၃)နာရီ ကြားမှာ အရောင်းအဝယ် ဖြစ်တဲ့ ဟာတွေကို မူတည်ပြီးတော့ တွက်ချက်ပြီးတော့ (၄) နာရီမှာ ကြေညာပေးတဲ့ စနစ် ဖြစ်ပါတယ် ”ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ပြောသည်။

ထိုအစီအစဉ်နှင့် ပတ်သက်၍ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုရှိ ဗဟိုဘဏ်များတွင် နေ့တစ်နေ့လုံးအတွက် ငွေကြေး အတက်အကျ အခြေအနေများကို အတိအကျကြေညာနိုင်မှုမှာ ရှားပါးကြောင်း အမေရိကန်ဗဟိုဘဏ်သည် မနက် (၁၁)နာရီအထိ အရောင်အဝယ်ဖြစ်သည့် အခြေအနေကို မွန်းတည့် (၁၂)နာရီတွင် ကြေညာလေ့ရှိကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“ ကျွန်တော်တို့က (၉)နာရီကနေ (၃)နာရီကြားကို Cover ဖြစ်အောင် ကြေညာပေးတာ ဖြစ်တဲ့အတွက် တော် တော်လေး Current Rate က ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒီအပေါ်ဒါကို ကျွန်တော်တို့က ညနေပိုင်း ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။ မနက်ပိုင်း ထုတ်ပြန် စရာလည်း မလိုပါဘူး။ မနက်ပိုင်းမှာ အရောင်း အဝယ် တစ်ခုလုပ်ပြီး ထုတ်ပြန်မှ ရတယ်။ မနေ့က ဈေးကို ထုတ်ပြန်ရတယ်။ အဲ့မှာ အခက်အခဲက ဘာဖြစ်လဲ ဆိုတော့ တနင်္လာနေ့ ရုံးပိတ်လိုက်တယ်ဆိုပါတော့ ။ ကျွန်တော်တို့က သောကြာနေ့ညနေကနှုန်းကို အင်္ဂါနေ့မှာ ကြေညာ ရတယ်။ သင်္ကြန်ရက် ရုံးပိတ်ခဲ့လို့ ၁ဝရက်လောက်များ ပိတ်သွားခဲ့ရင် လွန်ခဲ့တဲ့ (၁ဝ)ရက်က ဈေးကို နောက် (၁၁)ရက်နေမှ ကြေညာရတယ်။ အခုဒီစနစ်မှာတော့ ဒီနေ့အရောင်းအဝယ်ဖြစ်နေတဲ့ဈေးကို ဒီနေ့ညနေ ကြေညာ ပေးခြင်းဖြစ်တဲ့အတွက် အချိန်မှန်နဲ့ ပိုပြီးတော့ နီးစပ်သွားမယ်။ အားလုံးနားလည်အောင် ရှင်းပြရရင် ဒီဥစ္စာသည် ဈေးကွက်ကနေ ရောင်းဝယ်တဲ့ဟာကို ထုတ်ပြန်ရတဲ့ ဈေးနှုန်းပါ။ဒါသည် Market Beat Exchange Rateဖြစ်ပါတယ် ” ဟု ဦးဘိုဘိုငယ်က ပြောသည်။

ယခုကဲ့သို့ ရည်ညွှန်းငွေလဲနှုန်းထုတ်ပြန်သည့်အချိန်ပြောင်းလဲခြင်းသည် (၂၀၁၂) နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲရေး ဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်ပြီး ဈေးကွက်အခြေအနေကို တင်ပြခြင်းဖြစ်ကာ ဗဟိုဘဏ်၏ ပေါ်လစီပါဝင်မှု မရှိကြောင်း သိရသည်။

နေ့စဉ်ပြောင်းလဲနေသော မြန်မာကျပ်ငွေနှင့် အခြားနိုင်ငံခြားသုံးငွေကြေးများ၏ ရည်ညွှန်းငွေလဲလှယ်နှုန်းများကို ဗဟိုဘဏ်၏ forex.cbm.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Credit: Mizzima Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
The Rich Villa
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service