"American Idol" ပြိုင်ပွဲကြီး စတင်ဖန်တီးခဲ့သူ ဆိုင်မွန်ဖူလာက ကမ္ဘာကျော်များခြေချရာ ဘဲလ်အဲရ်အရပ်ရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ရောင်းချ

"American Idol" ပြိုင်ပွဲကြီး စတင်ဖန်တီးခဲ့သူ ဆိုင်မွန်ဖူလာက ကမ္ဘာကျော်များခြေချရာ ဘဲလ်အဲရ်အရပ်ရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
6 Feb 2019 11:46 am တွင် တင်ခဲ့သည်
722 ကြိမ် ကြည့်ရှု့ပြီး

"American Idol" ပြိုင်ပွဲကြီးနှင့် ကမ္ဘာတစ်လွှားရှိ "Idol" franchise များ စတင်ဖန်တီးခဲ့သူ ဆိုင်မွန်ဖူလာသည် လော့စ်အိန်ဂျလိမြို့၊ ကမ္ဘာကျော်များ အခြေချစုဝေးနေထိုင်ရာ ဘဲလ်အဲရ်အရပ်ရှိ သူ၏စံအိမ်ကြီးကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဈေးကွက်ပြန်တင်လာသည်။

ဆိုင်မွန်ဖူလာနှင့် အိမ်တွင်းဒီဇိုင်နာ နာတာလီ ဆွမ်းစတန်တို့က စတုရန်းပေ ၁၁၂၀၀ ကျယ်ဝန်းသည့် အဆိုပါနေအိမ်ကို ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အိပ်ခန်း ၇ ခန်းပါသည့် အဆိုပါစံအိမ်ကြီးကို အဆင့်မြှင့်တင်မှုများ များစွာပြုလုပ်ပြီးနောက်တွင် အရောင်းဈေးကွက်သို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

ဗိသုကာပညာရှင် ဂေါ်ဒင် ကာ့ဖ်မန်းက ၁၉၂၇ ခုနှစ်တွင် ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး ပြုပြင်မွမ်းမံမှုများကို မူရင်းဗိသုကာလက်ရာ မပျက်စေရန် ဂရုစိုက်ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မူလက ကန်ဒေါ်လာ ၃၇ ဒသမ ၅ သန်းဖြင့် ဈေးကွက်တင်ခဲ့ခြင်းဖြစ်သော်လည်း ဖူလာက ခေါ်ဈေးကို ကန်ဒေါ်လာ ၃၅ သန်းသို့ မကြာသေးမီက လျှော့ချပေးခဲ့သည်။

ဘီလျံနာ ဒေးဗစ် မားဒေါ့ခ်ထံမှ ဝယ်ယူခဲ့စဉ်က ပြင်ပနံရံတွင် အနီရောင်အုတ်များဖြင့် အဓိကမွမ်းမံထားခြင်းဖြစ်သော်လည်း ယခုအခါတွင် အဖြူရောင်အဖြစ် ပြောင်းလဲထားသည်။

နေအိမ်မှ ရေကာများ၊ ပြတင်းမှန်များ၊ ရှေ့တံခါးအစရှိသည်တို့တွင် အနက်ရောင်ဖြင့် အလှဆင်မှုများလည်း ပြောင်းလဲထားသည်ကို တွေ့ရသည်။

အတွင်းပိုင်းတွင်ကား အနက်ရောင်၊ အဖြူ၊ မီးခိုးရောင်တို့ဖြင့် အဓိကမွမ်းမံထားသည်။

နေအိမ်တွင် တစ်မျိုးထူးခြားစေသည့်အရာကား မျှော်စင်ငယ်ဖြစ်၏။

မြေညီထပ်တွင် မီးလင်းဖိုတစ်ခုပါဝင်ကာ သစ်သားနံရံတို့ဖြင့် အလှဆင်ထားသည့် စာကြည့်ခန်း၊ မီးလင်းဖိုပါဝင်ကာ စက်ဝိုင်းသဏ္ဍာန်ဆောက်လုပ်ထားသော ရုံးခန်းတစ်ခုတို့လည်း ပါဝင်သည်ကို တွေ့ရသည်။

ကြီးမားသော အခန်းဆင်ဝင်၊ ရုံးခန်း၊ အားကစားလေ့ကျင့်ရာနေရာ၊ နှစ်ဦးရေချိုးနိုင်သည့်ရေချိုးခန်း၊ ကြီးမားလှသော အဝတ်အစား ထားသိုခန်း အစရှိသည်တို့ တွဲဖက်ပါဝင်သည့် master အခန်းမှာ ၎င်းကိုယ်တိုင် ကမ္ဘာတစ်ခု ဖြစ်နေသည်။

၁ ဒသမ ၆ ဧက ကျယ်ဝန်းသော ခြံဝန်းအတွင်းတွင်လည်း ဧည့်ဂေဟာအိမ်တစ်လုံး၊ သစ်ပင်ပန်းမန်များ ပျိုးထောင်ရာ ပျိုးအိမ်၊ မြက်ခင်းစိမ်းများ၊ ရေကူးကန်နှင့် spa တို့ ဖြင့် ဖွဲ့စည်းထားသည်။

ယခုနေအိမ်ကြီးကို ဖူလာနှင့် မားဒေါ့ခ်တို့အပြင် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဖက်ရှင်ဒီဇိုင်နာ မော့စီမို ဂျန်းနုလီနှင့် ဇနီး၊ သရုပ်ဆောင် မင်းသမီး လိုရီ လောင်လင်းတို့လည်း ပိုင်ဆိုင်ခဲ့ဖူးသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service