Man in Black ဟု လူသိများသော နာမည်ကျော် အမေရိကန်အဆိုတော် ဂျွန်နီကက်ရှ်၏ ၄ ဧက ကျော် ကျယ်ဝန်းသည့် ခြံကြီးနှင့် နေအိမ်ဈေးကွက်ပြန်ဝင်လာ

Man in Black ဟု လူသိများသော နာမည်ကျော် အမေရိကန်အဆိုတော် ဂျွန်နီကက်ရှ်၏ ၄ ဧက ကျော် ကျယ်ဝန်းသည့် ခြံကြီးနှင့် နေအိမ်ဈေးကွက်ပြန်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
6 Feb 2019 11:08 am တွင် တင်ခဲ့သည်
1293 ကြိမ် ကြည့်ရှု့ပြီး

ဂျွန်နီကက်ရှ်သည် အမေရိကန် အဆိုတော်၊ တေးရေး၊ ဂစ်တာသမား၊ ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာ အစရှိသည့် ဘဝများဖြင့် ကျင်လည်ခဲ့ပြီး သမိုင်းတစ်လျှောက်အရောင်းရဆုံး အနုပညာရှင်စာရင်းတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် သူ၏တေးအယ်လ်ဘမ်ပေါင်း သန်း ၉၀ ကျော် ရောင်းချခဲ့ရပြီး ဖြစ်သည်။

အဓိကအားဖြင့် ကန်းထရီးဂီတ၏ ပုံရိပ်အဖြစ် သတ်မှတ်ထားခြင်းခံရသော်လည်း သူ၏တေးသီချင်းများမှာ ရော့ခ်အင်ရိုး၊ ဘလူးစ်၊ ဖော့ခ်နှင့် ဂေါ့စ်ပဲလ်အစရှိသဖြင့် အမျိုးအစားစုံလင်သည်။

သူသည် ဖျော်ဖြေပွဲများတွင် တစ်ကိုယ်လုံးဝတ်စုံအနက်သာ ဝတ်ဆင်လေ့ရှိခြင်းကြောင့် Man in Black ဟုလည်း လူသိများသည်။

၁၉၃၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီး အသက် ၇၁ နှစ်အရွယ် ၂၀၀၃ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

ဂျွန်နီကက်ရှ်၏ ဇနီးဖြစ်သူ ဂျွန် ကာတာကက်ရှ်မှာလည်း ဂရမ်မီဆု ၅ ဆုအထိ ရရှိထားသည့် နာမည်ကျော် အမေရိကန်တေးသံရှင်တစ်ဦး ဖြစ်သည်။

ယခုအခါ ဂျွန်နီကက်ရှ်နှင့် ဂျွန်ကာတာကက်ရှ်တို့ ဇနီးမောင်နှံနေထိုင်ခဲ့ဖူးသော နေအိမ်နှင့် ခြံဝန်းကြီး ဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာသည်။

နေအိမ်တည်နေရာမှာ တင်နက်ဆီပြည်နယ်၊ ဆမ်နာခရိုင်၏ အကြီးဆုံးမြို့ကြီးဖြစ်သော ဟန်ဒါဆန်ဗီးလ်မြို့တွင် တည်ရှိသည်။

(နေအိမ်၏ အချက်အလက်များ)

တည်နေရာ- အမေရိကန်ပြည်ထောင်စု၊ တင်နက်ဆီပြည်နယ်၊ ဟန်ဒါဆန်ဗီးလ်မြို့၊ Caudill Dr လမ်း၊ အမှတ် ၂၀၀

အိပ်ခန်း- ၁ ခန်း

ရေချိုးခန်း- ၁ ခန်း

အကျယ်အဝန်း- ၅၄၆ စတုရန်းပေ

ခြံအကျယ်အဝန်း- ၄ ဒသမ ၄၉ ဧက

အရောင်းဈေးကွက်သို့ ရောက်ရှိနေသည့်ကာလ- ၃၄၁ ရက်

ဆောက်လုပ်ခဲ့သည့်ခုနှစ်- ၁၉၆၉ ခုနှစ်

တန်ဖိုး- ကန်ဒေါ်လာ ၃၉၅၀၅၀၀

ဂျွန်နီကက်ရှ်တို့ဇနီးမောင်နှံနေထိုင်ခဲ့ဖူးသော နေအိမ်ဝန်းသည် ၂၀၁၇ ခုနှစ်ကတည်းက ဈေးကွက်သို့ တရားဝင် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

အရောင်းဈေးကွက်သို့ ဝင်ရောက်လာပြီးနောက်ပိုင်း စုံစမ်းမေးမြန်းသူများစွာရှိခဲ့သော်လည်း အမှန်တကယ်ဝယ်ယူမည့် ဝယ်လက်မပေါ်ပေါက်ခဲ့ချေ။

လက်ရှိပိုင်ရှင်မှာ တက္ကဆပ်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင် ဂျိမ်းစ် ဂရက်စ်ဟမ်းဖြစ်ပြီး ဝယ်ယူမည့် ဝယ်လက်အနေဖြင့် မြေကွက်များ ပိုင်းခြားကာ လူနေအိမ်များ ဆောက်လုပ်နိုင်မည်ဟု ဆိုသည်။

၎ ဧကခွဲကျယ်ဝန်းသော ခြံဝန်းအတွင်း အိပ်ခန်းတစ်ခန်းနှင့် ရေချိုးခန်းတစ်ခန်းပါ လူနေအိမ်တစ်လုံး ပါဝင်ပြီး Old Hickory ရေကန်ကြီး၏ ကန်စပ်တွင် လှေဆိပ်တစ်ခု၊ အစောင့်အိမ်တစ်လုံးနှင့် ခြံဝန်းအတွင်း ရေကန်တစ်ခု ပါဝင်သည်။

ဂျွန်နီကက်ရှ်တို့ မိသားစုနေအိမ်ခဲ့ဖူးသော နေအိမ်မှာ အော်စကာဆုရ ဇာတ်ကားဖြစ်သော "Walk the Line" ဇာတ်ကားနှင့် ဂျွန်နီကက်ရှ်၏ နာမည်ကျော် တေးသီချင်းဖြစ်သော “Hurt” ၏ ဂီတဗွီဒီယိုတို့အတွင်း ထည့်သွင်းရိုက်ကူးခဲ့ဖူးသည်။

အဆိုပါနေအိမ်၏ အကျယ်အဝန်းမှာ စတုရန်းပေ ၁၄၀၀၀ ခန့်အထိရှိပြီး ၂၀၀၇ ခုနှစ်တွင် မီးလောင်ပျက်စီးသွားခဲ့သည်။

ဂျွန်နီကက်ရှ်တို့ဇနီးမောင်နှံသည် ၁၉၆၈ ခုနှစ်၊ လက်ထပ်ပြီးစကာလတွင် ယခုခြံဝန်းကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၃၅ နှစ်ကြာနေထိုင်သွားခဲ့သည်။

ဂျွန်နီကက်ရှ်တို့ ဇနီးမောင်နှံကွယ်လွန်သွားပြီးနောက်ပိုင်း အရောင်းဈေးကွက်သို့ တင်ခဲ့ရာတွင် ကမ္ဘာကျော် Bee Gees အဖွဲ့မှ အဆိုတော် ဘာရီဂစ်ဘ်က ၂၀၀၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့၏။ ယင်းနောက်ပိုင်း ဘာရီဂစ်ဘ်ထံမှ ဂရက်စ်ဟမ်းက ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့ပြန်သည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service