မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ ပြင်ပလူတွေပါ ရောင်းချပေးမည်

မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ ပြင်ပလူတွေပါ ရောင်းချပေးမည် - Property News in Myanmar from iMyanmarHouse.com
6 Feb 2019 10:03 am တွင် တင်ခဲ့သည်
5414 ကြိမ် ကြည့်ရှု့ပြီး

မြရည်နန္ဒာတန်ဖိုးမျှတ အိမ်ရာတွေကို ဒုတိယအကြိမ်မြောက် ရောင်းချတဲ့အခါ ပင်စင်စားနဲ့ ဝန်ထမ်းတွေအပြင် ပြင်ပက လူပုဂ္ဂိုလ်တွေကိုလည်း ရောင်းချပေးဖို့ ဆွေးနွေးနေတယ် လို့ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက သိရပါတယ်။

အဆိုပါ အိမ်ရာတွေကို ၂၀၁၈ ခုနှစ် ဩဂုတ်လအတွင်း ပထမအကြိမ် ရောင်းချ ခဲ့စဉ်က ပင်စင်စားနဲ့ ဝန်ထမ်း တွေကိုသာ ဦးစားပေး ရောင်းချခဲ့တာပါ။ ဒုတိယ အကြိမ်မြောက်အဖြစ် အခုနှစ် ဇူလိုင်လအတွင်း ရောင်းချသွားဖို့ ရည်ရွယ်ထားပြီး ပင်စင်စားနဲ့ ဝန်ထမ်းတွေအပြင် ပြင်ပက လူပုဂ္ဂိုလ်တွေ ကိုလည်း ရောင်းချပေးနိုင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

“ဒီတစ်ကြိမ် ရောင်းရင်တော့ ပင်စင်စားနဲ့ ဝန်ထမ်းလဲပါသလို ပြင်ပကပုဂ္ဂိုလ်တွေကိုလဲ ရောင်းမယ်လို့တော့ ဆွေးနွေး နေကြတယ်၊ ဆုံးဖြတ်တာတော့ မဆုံးဖြတ် ရသေးဘူး” လို့ မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။

တိုက်ခန်းတွေကို ရောင်းချရာမှာ လက်ငင်းငွေချေတဲ့စနစ်၊ဘဏ်ချေးငွေနဲ့ ရောင်းချတဲ့စနစ်တွေနဲ့ရောင်းချသွားမယ် လို့ သိရပါတယ်။

အဆိုပါ တန်ဖိုးမျှတအိမ်ရာ စီမံကိန်း မှာ တိုက်အလုံးပေါင်း ၁၄၀ တည်ဆောက် မှာဖြစ်ပြီး ၂၀၁၈ ခုနှစ် မေလအတွင်းက တိုက်အလုံးပေါင်း ၃၂ လုံး ဆောက်လုပ် ပြီးစီးခဲ့တယ်လို့ သိရပါတယ်။ ၄င်းတိုက် အလုံး ၃၂ လုံးက တိုက်ခန်းပေါင်း ၆၇၂ ခန်း မှာ မြေညီထပ် အခန်းတွေကို ကျပ်သိန်း ၂၆၀၊ ပထမထပ် ကျပ်သိန်း ၂၄၀ ၊ ဒုတိယထပ် ကျပ်သိန်း ၂၂၀ ၊ တတိယထပ် ကျပ်သိန်း ၂၁၀၊ စတုတ္ထထပ်ကျပ်သိန်း ၂ဝဝ၊ ပဉ္စမထပ်ကျပ်သိန်း ၁၉၀ စတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service