သံနှင့်သံမဏိပစ္စည်းလိုအပ်ချက်၏ ၉၅ ရာခိုင်နှုန်းအား ပြည်ပမှတင်သွင်းနေရခြင်းကြောင့် အရည်အသွေးနှင့် စံချိန်စံညွှန်းများ တိကျစွာသတ်မှတ်ရန် လိုအပ်လာ

သံနှင့်သံမဏိပစ္စည်းလိုအပ်ချက်၏ ၉၅ ရာခိုင်နှုန်းအား ပြည်ပမှတင်သွင်းနေရခြင်းကြောင့် အရည်အသွေးနှင့် စံချိန်စံညွှန်းများ တိကျစွာသတ်မှတ်ရန် လိုအပ်လာ - Property News in Myanmar from iMyanmarHouse.com
5 Feb 2019 11:13 am တွင် တင်ခဲ့သည်
1517 ကြိမ် ကြည့်ရှု့ပြီး

အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ သံထုတ်လုပ်နိုင်မှုမှာ ၅ ရာခိုင်နှုန်းသာရှိပြီး ပြည်တွင်း သံနှင့်သံမဏိပစ္စည်း လိုအပ်ချက်၏ ၉၅ ရာခိုင်နှုန်းအား ပြည်ပမှတင်သွင်းနေရခြင်းကြောင့် နိုင်ငံပေါင်းစုံမှ အရည်အသွေးပေါင်းစုံ ဝင်ရောက်နေပြီး ဈေးကွက်နှင့်သုံးစွဲသူများအတွက် အရည်အသွေးနှင့်စံချိန်စံညွှန်းများ တိကျစွာသတ်မှတ်ရန် လိုအပ်လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း (MISA) ဥက္ကဋ္ဌ ဒေါက်တာကေသီလွင်က ပြောကြားသည်။

နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် ဖေဖော်ဝါရီ ၄ ရက်က ပြုလုပ်သည့် ပြည်တွင်း သံမဏိလုပ်ငန်း တိုးတက်ရေးအတွက် သံနှင့် သံမဏိစံချိန်စံညွှန်း သတ်မှတ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း(MISA ) ဥက္ကဋ္ဌ ဒေါက်တာကေသီလွင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“Local Demand ရဲ့ ငါးရာခိုင်နှုန်းကိုပဲ ပြည်တွင်းထုတ်လုပ်မှုက ရှိပါတယ်။ ပြည်တွင်းလိုအပ်ချက်အတွက် ပြည်တွင်းထုတ်လုပ်မှုက ပြည်တွင်းလိုအပ်ချက်ရဲ့ ငါးရာခိုင်နှုန်းကိုပဲ ပြည်တွင်းထုတ်လုပ်မှုကSupply ပေး နိုင်ပါတယ်။ ၉၅ ရာခိုင်နှုန်းက နိုင်ငံခြားကနေပြီး Import လုပ်ရပါတယ်။ အဲဒီတော့ ၉၅ ရာခိုင်နှုန်းသွင်းကုန်တွေရဲ့ သွင်းကုန်ပစ္စည်းတွေရဲ့ Quality တွေအတွက် Standard မရှိတဲ့ အခါကျတော့ မကာကွယ်နိုင်ပါဘူး။ Low Grade တွေ တဖြည်းဖြည်းနဲ့ကျကျလာပါတယ်။ အဲဒီအခါကျတော့ ဒီပစ္စည်းတွေကို သွင်းကုန်ပစ္စည်းတွေရဲ့ ကျွန်မတို့ပြန်ပြီးတော့ Study ပါတယ်။ Survey လုပ်ပါတယ်။ လုပ်တဲ့အခါကျတော့ အများဆုံး Import ပစ္စည်းတွေ ရဲ့ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိက De – former တွေဖြစ်ပါတယ်။ Long Product တွေ ဖြစ်ပါတယ်” ဟု ဒေါက်တာကေသီလွင်က ပြောကြားသည်။

ပြည်တွင်းသံမဏိလုပ်ငန်း တိုးတက်ရေးအတွက် သံနှင့်သံမဏိစံချိန်စံညွှန်း သတ်မှတ်နိုင်ရန် မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်းက ရေးဆွဲထားသည် စံနှုန်းသတ်မှတ်ချက်နှင့် ဆောက်လုပ်ရေးပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးအဖွဲ့မှ ဆောက်လုပ်ရေး လုပ်ငန်းသုံး သံနှင့်သံမဏိပစ္စည်းများအတွက် ရေးဆွဲထားသည့် စံနှုန်းသတ်မှတ်ချက်များအကြား ကွာခြားမှုအနည်းငယ်ရှိနေကြောင်း ဒေါက်တာကေသီလွင်က ပြောကြားသည်။

ဒေါက်တာကေသီလွင်က “ပြည်တွင်းထုတ်လုပ်မှုကို နောက်ပိုင်းမှာ အခုအချိန်မှာ ကိုယ့်ရဲ့နိုင်ငံရေး၊ စီးပွားရေး အခြေအနေအရ ဒီလောက်ပဲ ထုတ်နိုင်ပေမယ့် နောက်ပိုင်းမှာ ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ဖို့ရန် ကျွန်မတို့ ကြိုးစားသွားရမှာပါ။ အဲဒီတော့ ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်သွားဖို့ ဆိုလိုရှိရင် Processing Technology မြင့်တဲ့ Standard ကို ရွေးချယ်ထားမိရင် Processing Technology မြင့်တာနဲ့အမျှ ဈေးနှုန်းက မြင့်သွားတာ ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့ပြည်တွင်းထုတ်လုပ်မှုအတွက်လည်း အဆင်ပြေအောင် ပြည်ပသွင်းကုန်ကိုလည်း ကိုယ့်ရဲ့ Standard တစ်ခုနဲ့ ထိန်းချုပ်လို့ရအောင် ညှိနှိုင်းဆွေးနွေးဖို့ အရေးတကြီး လိုအပ်လာပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းဈေးကွက်သို့ တင်သွင်းဖြန့်ဖြူးရောင်းချနေသည့် သံနှင့်သံမဏိပစ္စည်းများ၏ အရည်အသွေးစစ်ဆေးနိုင်ရန် စံချိန်စံညွှန်းမရှိခြင်းသည် ပြည်တွင်းထုတ်လုပ်သူများအား ဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်ရန် ခက်ခဲစေကြောင်း အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကံချွန်က ပြောကြားသည်။

“စံချိန်စံညွှန်းမရှိတဲ့အပြင် သွင်းကုန်အတွက်သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေမှာလည်း ပြည်တွင်းထုတ်လုပ်သူများကို အကာအကွယ်မပေးနိုင်ခဲ့တဲ့အတွက် ဈေးကွက်ယှဉ်ပြိုင်နိုင်ရန်မှာလည်း ခက်ခဲတဲ့ အချက်တွေကို တွေ့ရှိရပါတယ်။ လက်ရှိမြန်မာနိုင်ငံကို တင်သွင်းလျက်ရှိတဲ့ သံနှင့်သံမဏိပစ္စည်းများဟာ စံချိန်စံညွှန်းနှင့်အရည်အသွေးဆိုင်ရာ စမ်းသပ်စစ်ဆေးနိုင်တဲ့ ဓာတ်ခွဲခန်းများ မရှိသေးတဲ့အတွက် ဈေးနှုန်းအရရော၊ အရည်အသွေးအရရော အနိမ့်ဆုံးပစ္စည်းများသာဖြစ်နေတော့ ယနေ့ကျင်းပပြုလုပ်တဲ့ စံချိန်စံညွှန်းရေးဆွဲရေး၊ သတ်မှတ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲဟာ ပထမအဆင့်ဖြစ်ပြီးတော့ လုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အဆင့်အနေနဲ့လည်း ပြည်တွင်းထုတ် သံနှင့်သံမဏိပစ္စည်းများ ပြည်ပမှ သွင်းကုန်များကို စစ်ဆေးပေးနိုင်ရန် ဓာတ်ခွဲခန်းတည်ဆောက်ထားရှိနိုင်ဖို့လည်း ကူညီပံ့ပိုးပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်” ဟု ဦးကံချွန်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် သံနှင့်သံမဏိဆိုင်ရာ စံချိန်စံညွှန်းအား အမြန်ဆုံးရေးဆွဲနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးကံချွန်က ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service