မန္တလေးခရိုင် မြို့နယ်များအလိုက် အိမ်ခြံမြေအခွန်စည်းကြပ်မှု နှုန်းထားသတ်မှတ်ချက်ကို လက်ရှိဘဏ္ဍာနှစ်တွင် ပျမ်းမျှရာခိုင်နှုန်း ၃၀ ခန့် လျှော့ချသတ်မှတ်

မန္တလေးခရိုင် မြို့နယ်များအလိုက် အိမ်ခြံမြေအခွန်စည်းကြပ်မှု နှုန်းထားသတ်မှတ်ချက်ကို လက်ရှိဘဏ္ဍာနှစ်တွင် ပျမ်းမျှရာခိုင်နှုန်း ၃၀ ခန့် လျှော့ချသတ်မှတ် - Property News in Myanmar from iMyanmarHouse.com
5 Feb 2019 10:02 am တွင် တင်ခဲ့သည်
655 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ခြံမြေရောင်းဝယ်မှု လုပ်ငန်းအပေါ် ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်စည်းကြပ်မှုနှုန်းထားများ (ရာဖြတ်တန်ဖိုး) ကို ယခုဘဏ္ဍာနှစ်တွင် ပျမ်းမျှ ရာခိုင်နှုန်း ၃၀ ခန့် လျှော့ချသတ်မှတ်ထားကြောင်း တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှ သိရသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် အိမ်ခြံမြေအခွန်စည်းကြပ်မှုနှုန်းထားများကို မြေပြင်အနေအထားနှင့် လိုက်လျောညီထွေရှိရန် နှစ်အလိုက် သတ်မှတ်ထုတ်ပြန်ပေးခြင်းဖြစ်ပြီး ၂၀၁၈-၂၀၁၉အတွက် ၂၀၁၈ ခုနစ် အောက်တိုဘာလက အများသိရှိစေရန် ကြေညာခဲ့ကာ ယင်းကဲ့သို့ လျှော့ချသတ်မှတ်ခြင်းကြောင့် လာရောက်အခွန်ပေးဆောင်မှု များပြားလာကြောင်း သိရသည်။

“ အိမ်ခြံမြေအခွန်စည်းကြပ်မှုနှုန်းထားက ၂၀၁၇-၁၈ ထက် ပျမ်းမျှရာခိုင်နှုန်း ၃၀ လောက် လျော့တော့အခွန်ဆောင်သူနှစ်ဆလောက် တိုးလာတယ်။ ဒါကလည်း တိုင်းဝန်ကြီးချုပ်ရဲ့ သဘောတူညီမှုအရပေါ့။ နှုန်းထားတွေ အရမ်းများနေလို့ ကွင်းဆင်းကြည့်ပါ ပြောလို့မြို့နယ်အလိုက် ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်ပေးခဲ့တယ်။ ဒီတော့ လိုလိုလားလားနဲ့လာပြီးတော့ ဆောင်ကြတဲ့အတွက် အရင်နှစ်တွေထက်စာရင် လာရောက်ပေးဆောင်မှုက နှစ်ဆလောက် မြင့်တက်လာတယ်” ဟု မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးက ပြောကြားသည်။

ယင်းကဲ့သို့ လျှော့ချသတ်မှတ်ပေးမှုကြောင့် အရောင်းအဝယ်ဖြစ်သော ပြည်ကြီးတံခွန်နှင့် ချမ်းမြသာစည်မြို့နယ်များမှ လာရောက်အခွန်ဆောင်မှုများပြားကာ ယခုနှစ်ပိုင်းတွင် မဟာအောင်မြေမြို့နယ်မှလည်း လာရောက်အခွန်ဆောင်မှု များပြားလာကြောင်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ လာရောက်ပြီး အခွန်ဆောင်သည့် အမှုတွဲ ၁၀၀ မှ ၁၅၀ ထိရှိလာပြီး ရောက်ရှိလာသည့် အမှုတွဲများကို တစ်လလျှင် တစ်ကြိမ်အစည်းအဝေးမှ ပြီးပြတ်အောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးဌာန မှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၈ မြို့နယ် အခွန်လျာထားချက်မှာကျပ် ၁၅၇ ဘီလျံရှိပြီး ဇန်နဝါရီလလယ်ခန့်အထိ ၂၃ ဘီလျံ ကောက်ခံရရှိပြီးဖြစ်ကြောင်း တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service