စစ်ကိုင်းတိုင်းဒေသကြီး၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါက မြေအသုံးချခွင့် ရရှိရေးဆောင်ရွက်ပေးမည့်အပြင် ဝင်ငွေခွန်ကင်းလွတ်ခွင့် ငါးနှစ်မှ ခုနစ်နှစ်အထိရရှိမည်

စစ်ကိုင်းတိုင်းဒေသကြီး၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါက မြေအသုံးချခွင့် ရရှိရေးဆောင်ရွက်ပေးမည့်အပြင် ဝင်ငွေခွန်ကင်းလွတ်ခွင့် ငါးနှစ်မှ ခုနစ်နှစ်အထိရရှိမည် - Property News in Myanmar from iMyanmarHouse.com
4 Feb 2019 11:48 am တွင် တင်ခဲ့သည်
730 ကြိမ် ကြည့်ရှု့ပြီး

စစ်ကိုင်းတိုင်း ဒေသကြီးဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါက သတ်မှတ်ဒေသအလိုက် ဝင်ငွေခွန်ကင်း လွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့ ကြီးများဖြစ်သည့် မုံရွာ၊ ရွှေဘိုနှင့်စစ်ကိုင်း မြို့နယ်များတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များလုပ်ကိုင်မည်ဆိုပါက ဝင်ငွေခွန် ကင်းလွတ်ခွင့် ငါးနှစ်ရရှိမည်ဖြစ်ပြီး ကျန်မြို့နယ် ၃၄ ခုတွင်ဝင်ငွေခွန်ကင်းလွတ်ခွင့်ခုနစ်နှစ်အထိရရှိမည်ဖြစ်သည်။

'' စစ်ကိုင်းတိုင်းဒေသကြီး မြို့ကြီး သုံးမြို့မှာ ဝင်ငွေခွန်ကင်းလွတ်ခွင့် ငါးနှစ်နဲ့ ကျန် ၃၄ မြို့နယ်မှာခုနစ် နှစ်ခံစား ခွင့်ပေးပါမယ်။ ဥပမာအနေနဲ့တော့ စက်ရုံတည်ဆောက်ရေး နှစ်နှစ်နဲ့ ကျန်တဲ့ ဝင်ငွေရမယ့်သုံးနှစ်အထိ ဝင်ငွေခွန် ဆောင်စရာမလိုဘူး။ လုပ်ငန်းလည်ပတ် မှုအပေါ်မှာပဲ ဝင်ငွေခွန်ကင်းလွတ်ခွင့် ပေးတာပါ''ဟု စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး က ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အတွက် စက်ပစ္စည်းနှင့် စက်ကိရိယာများ တင်သွင်းခြင်းအား အကောက်ခွန်ကင်း လွတ်ခွင့်လျှောက်ထားနိုင်ကြောင်း၊ လုပ်ငန်းမှရရှိသောအမြတ်ငွေပေါ်တွင် ပြန် လည်ရင်းနှီးမြှုပ်နှံလျှင် ရရှိသည့်အမြတ် ငွေအပေါ် ဝင်ငွေခွန်ကင်းလွတ်ခွင့် (သက်သာခွင့်) လျှောက်ထားနိုင် ကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အပေါ်မူတည်၍ မြေအသုံးချခွင့်ရရှိရေး ကိုပါ တိုင်းဒေသကြီးအစိုးရအဖွဲ့မှကူညီ ဆောင်ရွက်ပေးမည်ဖြစ်သည်။

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်၊ ဒီဇင်ဘာလကုန်အထိ စစ်ကိုင်းတိုင်းဒေသ ကြီး၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ လုပ်ငန်းပေါင်း ၄၅ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ ၁၇၁၅၂၉ ဒသမ ၄ဝ၄ ကျပ် သန်းရှိ ကြောင်းနှင့် နိုင်ငံခြားသားရင်းနှီး မြှုပ်နှံမှု ဥပဒေအရလုပ်ငန်းပေါင်း ၁၆ ခု ရှိသဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၇၇၇ ဒသမ ဝ၈၆ ရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှသိရသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service