တရုတ်အိမ်ဝယ်လက်များအကြား ကမ္ဘာ့ထိပ်တန်းနေရာ ထိုင်းဖြစ်လာ

တရုတ်အိမ်ဝယ်လက်များအကြား ကမ္ဘာ့ထိပ်တန်းနေရာ ထိုင်းဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
4 Feb 2019 11:00 am တွင် တင်ခဲ့သည်
758 ကြိမ် ကြည့်ရှု့ပြီး

အိမ်ဝယ်ယူရန် ၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ စုံစမ်းမေးမြန်းမှုများအား အခြားနိုင်ငံများထက် ထိုင်းနိုင်ငံရှိ လူနေအိမ်ခြံမြေဈေးကွက်များက ပိုမိုလက်ခံရရှိခဲ့ (တနည်းဆိုရသော် ပိုမိုစုံစံမ်းခံခဲ့ရ) ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေဝက်ဘက်ဆိုက် Juwai.com မှ ဇန်န၀ါရီ ၂၂ တွင် ထုတ်ပြန်ခဲ့သော အချက်အလက်များက ညွှန်ပြခဲ့သည်။

ယင်းသို့ Juwai.com ၏ တရုတ်အိမ်ဝယ်လက်များအကြား ရေပန်းအစားဆုံးနိုင်ငံများစာရင်း၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်ခြင်းမှာ ထိုင်းအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ ၂၀၁၇ ခုနှစ်အတွက်မူ ထိုင်းက တတိယအဆင့်တွင် ဖော်ပြခံခဲ့ရပြီး ၂၀၁၆ အတွက်မူ ဆဋ္ဌမနေရာ၌ ဖော်ပြခံခဲ့ရသည်။

၎င်း ၂၀၁၈ စာရင်းတွင် ထိုင်းပြီးလျှင် သြစတြေးလျ၊ အမေရိကန်၊ ကနေဒါနှင့် ဗြိတိန်တို့က ရေပန်းအစားဆုံးဖြစ်ကြသည်။

"ထိုင်းအိမ်ခြံမြေကို ဝယ်ယူဖို့ စုံစမ်းမေးမြန်းမှုတွေ ဒီလောက်များပြားတာမျိုး တစ်ခါမျှ မတွေ့ဖူးပါဘူး။ ဒါဟာ ထိုင်းအိမ်ခြံမြေလုပ်ငန်းတွေ ပေးတဲ့ အရည်အသွေးကောင်းတဲ့ ဘဝနေထိုင်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုအလားအလာတွေကြောင့် ဖြစ်ပါတယ်" ဟု Juwai.com ၏ စီအီးအိုနှင့် ဒါရိုက်တာ ကယ်ရီလောက ပြောကြားခဲ့သည်။

ထိုင်းတွင် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုများ မြင့်မားလာခြင်းနှင့် ရင်းနှီးမြှုပ်နှံ၍ရသော အိမ်ခြံမြေများ ဈေးနှုန်းအတော်အတန်သင့်တင့်ခြင်းတို့က တရုတ်ဝယ်လက်များကို ဆွဲဆောင်နေသော်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုတစ်ခုသည် ဝယ်လက်တို့အတွက် အနှောင့်အယှက်ဖြစ်စရာတစ်ခု ဖြစ်နိုင်ပေသည်။ ယင်းမှာ ဘန်ကောက်နှင့်အနီးတစ်ဝိုက်ရှိ လေထုအရည်အသွေး ပြီးခဲ့တဲ့သီတင်းပတ်များအတွင်း ဆိုးရွားလာသောကိစ္စပေတည်း။

"ဘန်ကောက်ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အရည်အသွေးကို ကာလရှည်ကြာခြိမ်းခြောက်နေတဲ့အရာတွေ ရှိပါတယ်။ မကြာသေးမီကမှ ဖြစ်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုကတော့ အဆိုးဆုံးပေါ့။ တရုတ်ဝယ်လက်တွေက သူတို့နိုင်ငံမှာ လေထုညစ်ညမ်းမှုနဲ့ ကြုံနေရပါတယ်ဆိုမှ တိုင်းတစ်ပါးမှာပါ လေထုညစ်ညမ်းမှုနဲ့ ဘယ်လိုလုပ်ထပ်ရင်ဆိုင်ချင်ပါ့မလဲ" ဟုလည်း လောက ပြောကြားခဲ့သည်။

ဘန်ကောာက်သည် တရုတ်ဝယ်လက်များအကြား ၂၀၁၈ ခုနှစ်အတွင်း အစုံစမ်းခံရဆုံး ထိုင်းအိမ်ခြံမြေဈေးကွက်ဖြစ်ခဲ့သည်။ ချင်းမိုင်၊ ပတ္တယား၊ဖူးခက်နှင့် ကော့စမွီတို့က ဘန်ကောက်ပြီးလျှင် ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမအစုံစမ်းခံရဆုံးထိုင်းဈေးကွက်များဖြစ်ခဲ့သည်။

ဘန်ကောက်တွင် ၂၀၁၈ ခုနှစ်တွင်း နိုင်ငံခြားဝယ်လက်များ၏ ဝယ်ယူသူများအားလုံး၏ ထက်ဝက်ခန့်သည် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့မှ ဝယ်လက်များဖြစ်သည်။ တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်နိုင်ငံသားများထံသို့ ဘန်ကောက်တိုက်ခန်းသစ် တစ်သောင်းခွဲခန့် ရောင်းချခဲ့ရကြောင်း သိရသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ

The Rich Villa
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service