ရင်းနှီးမြှုပ်နှံသူများ မြေနေရာနှင့် စီမံကိန်းများကို အွန်လိုင်းပေါ်တွင် အလွယ်တကူကြည့်ရှုနိုင်မည့် မြေယာဘဏ်နှင့် စီမံကိန်းဘဏ်များ တည်ထောင်မည်

ရင်းနှီးမြှုပ်နှံသူများ မြေနေရာနှင့် စီမံကိန်းများကို အွန်လိုင်းပေါ်တွင် အလွယ်တကူကြည့်ရှုနိုင်မည့် မြေယာဘဏ်နှင့် စီမံကိန်းဘဏ်များ တည်ထောင်မည် - Property News in Myanmar from iMyanmarHouse.com
4 Feb 2019 10:27 am တွင် တင်ခဲ့သည်
774 ကြိမ် ကြည့်ရှု့ပြီး

အစိုးရဝန်ကြီးဌာနများ၏ မြေပိုများနှင့် နိုင်ငံတော်စီမံကိန်း များကို အွန်လိုင်းပေါ်တွင် အလွယ်တကူကြည့်ရှုနိုင်မည့် မြေယာဘဏ် (Land Bank)နှင့် စီမံကိန်း ဘဏ် (Project Bank) များကို လာမည့်ဘဏ္ဍာနှစ်၌ စတင်လုပ် ဆောင်နိုင်မည်ဖြစ်ကြောင်း ရင်း နှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောသည်။

‘‘ရင်းနှီးမြှုပ်နှံသူတွေက သူ တို့လိုချင်တဲ့ မြေနေရာရဖို့ ခက်တယ်လို့ ပြောကြတယ်။ အဲဒါ ကြောင့် Land Bank တစ်ခုကို တည်ထောင်သွားမယ်။ ဝန်ကြီးဌာနတိုင်းက သူတို့ရဲ့ မြေပိုတွေ ကို အွန်လိုင်းပေါ်မှာ မှတ်ပုံတင်ပြီး ထားမယ်။ ဒါဆိုရင် ရင်းနှီးမြှုပ်နှံ သူတွေက ဘယ်မြေတွေကို သူတို့ ငှားလို့ရမလဲဆိုတာ သိလာမှာဖြစ် တယ်’’ဟု ဝန်ကြီး ဦးသောင်းထွန်း က ပြောသည်။

ထိုရလဒ်များကို ၂၀၂၀ တွင် စတင်မည့် စီမံကိန်းများ၌ တွေ့ရမည်ဖြစ်ပြီး ယခုနှစ်က စတင် ပြီး ဝန်ကြီးဌာနများသည် မိမိတို့ လုပ်ကိုင်လိုသည့် စီမံကိန်းများကို MSDP (ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် မှု စီမံချက်)နှင့် ကိုက်ညီအောင် ရေးဆွဲရမည်ဟု အဆိုပါဝန်ကြီး ဌာနက ဆိုထားသည်။

စီမံကိန်းဘဏ်ဆိုသည်မှာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ များ ရေးဆွဲထားသည့် စီမံကိန်း များကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ အချက်အလက် ပေးပို့၍ အဆိုပါဘဏ်များတွင် သိမ်းဆည်းထားခြင်းဖြစ်သည်။

စီမံကိန်းဘဏ်တွင် ပါဝင် မည့် စီမံကိန်းသည် စီမံကိန်းအမည်၊ မဟာဗျူဟာမြောက် အရေးပါမှု၊ လုပ်ငန်းစီမံချက်၊ လျာထား စီမံကိန်းနှင့် ပတ်သက်သည့် စာချုပ်အမျိုးအစား၊ ဘဏ္ဍာငွေရယူ ရန် အရင်းအမြစ်နှင့် စီမံကိန်း အကျိုးအပြစ်များ ပါဝင်သော လေ့လာဆန်းစစ်ချက်များ၊ စီမံကိန်း အကောင်အထည်ဖော်ရန် စုစု ပေါင်း ကုန်ကျစရိတ်နှင့် အစိုးရ ထည့်ဝင်ရမည့် ငွေကြေးပမာဏ များ ဖော်ပြထားရမည်ဖြစ်သည်။

ထိုသို့ လုပ်ဆောင်ရခြင်း သည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူရန်ဖြစ်ပြီး မြေယာလိုအပ် သည့် လုပ်ငန်းရှင်များကို မြေယာ တိုက်ရိုက်ပေးနိုင်ရန်ဖြစ်သည်ဟု ဝန်ကြီးဦးသောင်းထွန်းက ဆိုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service