မာဂရက်မင်းသမီးနှင့် ကြင်ယာတော်တို့ နေထိုင်ခဲ့ဖူးသည့် ကျေးလက်စံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ

မာဂရက်မင်းသမီးနှင့် ကြင်ယာတော်တို့ နေထိုင်ခဲ့ဖူးသည့် ကျေးလက်စံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
1 Feb 2019 12:13 pm တွင် တင်ခဲ့သည်
1241 ကြိမ် ကြည့်ရှု့ပြီး

မာဂရက်မင်းသမီးသည် ဂျော့ဘုရင် VI နှင့် အဲလစ်ဇဘက်ဘုရင်မကြီးတို့၏ သမီးတော်ဖြစ်ပြီး ဗြိတိန်ရှိ Glamis ရဲတိုက်ကြီးတွင် ၁၉၃၀ ပြည့်နှစ်၊ သြဂုတ်လ ၂၁ ရက်တွင် မွေးဖွားသည်။

ယခုအခါ မာဂရက်မင်းသမီးနှင့် ကြင်ယာတော်တို့ နေထိုင်ခဲ့ဖူးသည့် ကျေးလက်စံအိမ်ကြီးကို ပေါင် ၃၇၅၀၀၀ (ကန်ဒေါ်လာ ၄၈၁၂၅၉ ) ဖြင့် ရောင်းချရန် အရောင်းဈေးကွက်ဝင်လာသည်။

အရောင်းအပြင် အငှားအတွက်လည်း ဈေးကွက်တင်ထားရာ တစ်လလျှင် ပေါင် ၃၄၄၅၀ ဖြင့် ငှားရမ်းမည်ဟု ဆိုသည်။

ခြံအကျယ်အဝန်း ၁၅ ဧကအထိရှိသော အဆိုပါခြံဝန်းကို မာဂရက်မင်းသမီး၏ ခင်ပွန်း အန်တိုနီ အမ်းစထရောင်း-ဂျုန်းစ်က ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

Plas Dinas ဟု အမည်ပေးထားသော ကျေးလက်စံအိမ်ကို အန်တိုနီတို့ မိသားစုက နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး အန်တိုနီက မာဂရက်မင်းသမီးနှင့် အပန်းဖြေလေ့ရှိသည့်နေရာအဖြစ် အသုံးပြုခဲ့သည်။

Plas Dinas အနီးရှိ ကာနာဖွန်ရဲတိုက်ကြီးတွင် ချားလ်စ်မင်းသား၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ရန် ယခုနေအိမ်ကြီးတွင် ပြင်ဆင်စီစဉ်ခဲ့ဖူးသည်။

ယင်းနောက် ၎င်းတို့ဇနီးမောင်နှံက အဆိုပါစံအိမ်ကြီးကို အပန်းဖြေရာနေရာတစ်ခုအဖြစ် အသုံးပြုခဲ့သည်။

နောက်ပိုင်းကာလများတွင် ယင်းစံအိမ်ကြီးကို ဟိုတယ်တစ်လုံးအဖြစ် ပြောင်းလဲလိုက်ပြီး စားသောက်ဆိုင်တစ်ခုအဖြစ်လည်း အသုံးပြုခဲ့သည်။

ယခုဈေးကွက်တင်ပေးလာသည်မှာ Christie & Co. မှ ဖြစ်သည်။

Plas Dinas သည် တော်ဝင်မင်းသားဝီလျံလည်း လာရောက်လည်ပတ်ခဲ့ဖူးသည့်နေရာတစ်ခု ဖြစ်ပြီး တော်ဝင်လေတပ်တွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် လည်ပတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မင်းသားဝီလျံလာရောက်လည်ပတ်မှုကို ထိုအချိန်က ဟိုတယ်၏ စားဖိုမှူး/ပူးတွဲပိုင်ရှင်က များစွာဝမ်းမြောက်ခဲ့သည်။

မင်းသမီးမာဂရက်သည် ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်တွင် လန်ဒန်မြို့၊ King Edward VII ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service