ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနယ်စပ်သို့ ဆက်သွယ်မည့် နှစ်လမ်းသွားလမ်း မကြာမီ ဖောက်လုပ်မည်ဖြစ်ပြီး အထူးစီးပွားရေးဇုန် ဆက်လက် အကောင်အထည်ဖော်ရေး မြန်မာ၊ ဂျပန်နှင့် ထိုင်း ညှိနှိုင်းအစည်းအဝေး မြန်မာနိုင်ငံ၌ ကျင်းပမည်

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနယ်စပ်သို့ ဆက်သွယ်မည့် နှစ်လမ်းသွားလမ်း မကြာမီ ဖောက်လုပ်မည်ဖြစ်ပြီး အထူးစီးပွားရေးဇုန် ဆက်လက် အကောင်အထည်ဖော်ရေး မြန်မာ၊ ဂျပန်နှင့် ထိုင်း ညှိနှိုင်းအစည်းအဝေး မြန်မာနိုင်ငံ၌ ကျင်းပမည် - Property News in Myanmar from iMyanmarHouse.com
31 Jan 2019 11:29 am တွင် တင်ခဲ့သည်
1041 ကြိမ် ကြည့်ရှု့ပြီး

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနယ်စပ်သို့ ဆက်သွယ်မည့် နှစ်လမ်းသွားလမ်းကို မကြာမီ ဖောက်လုပ်တော့မည် ဖြစ်ကြောင်း အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“ထားဝယ်အထူးစီးပွားရေးဇုန်က အခုထိုင်းနဲ့ ဆက်ဆွေးနွေးနေပါတယ်။ လမ်းကလည်း ဖောက်တော့မယ်။ လမ်းဖောက်ဖို့ Survey လုပ်ပြီးပြီ။ မကြာခင် ထိုင်းနဲ့နှစ်လမ်းသွားလမ်း ဖောက်တော့မယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

အလားတူ ထားဝယ်အထူးစီးပွားရေးဇုန် ဆက်လက်အကောင်အထည် ဖော်နိုင်ရေးအတွက် မြန်မာ၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ တာဝန်ရှိသူများ၏ ညှိနှိုင်းအစည်းအဝေးကို မကြာမီတွင် မြန်မာနိုင်ငံဘက်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“မူလ Plan ရှိတယ်လေ။ ဂျပန်ကလည်း အဆိုပြုပြီးသွားတော့ ဒါကိုညှိပြီးတော့ Ajustment လုပ်ရမှာ။ ဒါကို ထိုင်းရယ် မြန်မာရယ် ဂျပန်ရယ် ညှိရမှာပေါ့။ ဂျပန်က ဆွဲတာပြီးနေပြီ။ ပြီးရင်ထိုင်းနဲ့ညှိမယ်။ မူလဟာကို ပြင်ဖို့တော့ မဟုတ်ဘူး။ မူလဒီဇိုင်းက ကြာပြီဆိုတော့ လွန်ခဲ့တဲ့ ၁၂ နှစ်၊ ၁၃ နှစ်ကဆိုတော့ မြေပြင်အခြေအနေက ပြောင်းလဲသွားပြီ။ အီတာလျံထိုင်းကလည်း သိပ်မလုပ်နိုင်တာကြောင့် အဲဒီနှစ်ခုအတွက် မြန်မာ၊ ထိုင်း၊ ဂျပန်ညှိပြီး ဆောင်ရွက်မယ်။ မကြာခင်မှာ မြန်မာဘက်မှာ Joint Committee ထိုင်မယ်လေ” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆက်လက်ပြောကြားသည်။

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း၏ အရေးကြီးသည့် အစိတ်အပိုင်း တစ်ခုဖြစ်သော ထိုင်းနိုင်ငံနယ်စပ်မှ ထားဝယ် အထူးစီးပွားရေးဇုန်သို့ နှစ်လမ်းသွားကားလမ်း ဖောက်လုပ်ရေးအတွက် ထိုင်းနိုင်ငံ အစိုးရက သက်သာသော ချေးငွေဖြင့် တည်ဆောက်ရန် ကမ်းလှမ်းထားခဲ့သဖြင့် အဆိုပါ ချေးငွေရယူ တည်ဆောက်နိုင်ရေး ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းနှင့် လမ်းအူကြောင်း ပြန်လည်စိစစ် တိုင်းတာခြင်းအား မြန်မာနိုင်ငံဘက်မှ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံမှ Department of Highways (DOH) တို့က ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါလမ်း တည်ဆောက်မှုသည် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် များစွာအထောက်အကူပြုမည့် စီမံကိန်း ဖြစ်သည့်အပြင် ဒေသခံများ အတွက်လည်း များစွာအကျိုးဖြစ်ထွန်းမည့် စီမံကိန်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနမှ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီ မံခန့်ခွဲမှုကော်မတီကို ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် မြန်မာအထူးစီးပွားရေး ဇုန်ဗဟိုအဖွဲ့က သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပြင်ပပညာရှင်များ စုစုပေါင်း အဖွဲ့ဝင် ၁၂ ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပြီး ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌအဖြစ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဦးစီးဆောင်ရွက်လျက်ရှိသည်။

ထားဝယ် အထူးစီးပွားရေးဇုန် ပင်မစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ပင်မစီမံကိန်းအတွက် ဆက်လက် ဆောင်ရွက်ရမည့် ရေနက်ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်း စသည့်အခြေခံ အဆောက်အအုံများ တည်ဆောက် ဆောင်ရွက်နိုင်ရေးအတွက် JICA က ဦးဆောင်ပြီး စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service