အိမ်ရာချေးငွေမှအပ သုံးနှစ်အထက် အခြားချေးငွေများကို တင်ပြရန် ဗဟိုဘဏ် ထုတ်ပြန်

အိမ်ရာချေးငွေမှအပ သုံးနှစ်အထက် အခြားချေးငွေများကို တင်ပြရန် ဗဟိုဘဏ် ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
30 Jan 2019 12:30 pm တွင် တင်ခဲ့သည်
612 ကြိမ် ကြည့်ရှု့ပြီး

ပြည်တွင်းဘဏ်လုပ်ငန်းများကို ဘဏ်ချေးငွေစုစုပေါင်းပမာဏ၏ ငါးရာခိုင်နှုန်းကို အိမ်ရာချေးငွေများ ဆောင်ရွက်ခွင့်ပြုကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အဆိုပါညွှန်ကြားချက်ကို ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်လိုက်ခြင်းဖြစ်ကာ ပြည်တွင်းဘဏ်လုပ်ငန်းများ ဈေးကွက်ချဲ့ထွင်နိုင်ရန်နှင့် ပြည်သူများအတွက် အိမ်ရာပိုင်ဆိုင်မှု အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရန်ဖြစ်သည် ဟု ဖော်ပြထားသည်။

ထုတ်ပြန်ချက်အရ ဘဏ်လုပ်ငန်းတစ်ခုသည် ဘဏ်ချေးငွေစုစုပေါင်း (Total Loan Portfolio) ၏ ငါးရာခိုင်နှုန်းကို အိမ်ရာချေးငွေ (Housing Loan) အဖြစ် ဆောင်ရွက်ခွင့်ရှိမည်ဖြစ်သည်။

ထို့အတူ သုံးနှစ်ထက်မပိုသော အိမ်ရာချေးငွေ (Housing Loan) မှအပ အခြား သက်တမ်းသုံးနှစ်ထက်ပိုသည့် ချေးငွေများကို ထုတ်ချေးလိုပါက ချေးငွေထုတ်ချေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စည်းကမ်းချက် (Terms and Conditions) များကိုဖော်ပြ၍ ကိစ္စရပ်တစ်ခုချင်းအလိုက် ဗဟိုဘဏ်သို့တင်ပြကာ ခွင့်ပြုချက်ရယူရမည်ဟုလည်း ညွှန်ကြားချက်တွင် ပါရှိသည်။

အဆိုပါညွှန်ကြားချက်သည် ဘဏ်လုပ်ငန်းများ၏ သုံးနှစ်သက်တမ်းထက်ပိုသည့် ချေးငွေများကို အကြောင်းအကျိုးခိုင်လုံစွာ တင်ပြရန်အတွက် ရည်ရွယ်ထားခြင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ဘဏ်လုပ်ငန်းများ၏ စာရင်းပိုချေးငွေ (Overdraft loan) များကို သုံးနှစ်ထက်မပိုသော ကာလသတ်မှတ်ချက်ချေးငွေ (Term Loan) များအဖြစ် ပြောင်းလဲသွားရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သည်။

အလားတူပင် ဘဏ်လုပ်ငန်းများနှင့် ဆက်နွှယ်သူများကို ထုတ်ချေးထားသည့် ချေးငွေများကိုလည်း စာရင်းအလိုက်ဖော်ပြရန် ထုတ်ပြန်ထားခဲ့ဖူးသည်။

Credit:  The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service