ဘရုစ်ဝီလီတို့ဇနီးမောင်နှံ နယူးယောက်ပြည်နယ်ကျေးလက်ဒေသရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၃ သန်းနီးပါးဖြင့် အရောင်းဈေးကွက်တင်

ဘရုစ်ဝီလီတို့ဇနီးမောင်နှံ နယူးယောက်ပြည်နယ်ကျေးလက်ဒေသရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၃ သန်းနီးပါးဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
29 Jan 2019 11:18 am တွင် တင်ခဲ့သည်
735 ကြိမ် ကြည့်ရှု့ပြီး

Die Hard ဇာတ်ကားသရုပ်ဆောင် ဘရုစ်ဝီလီတို့ ဇနီးမောင်နှံသည် နယူးယောက်ပြည်နယ်ကျေးလက်ဒေသရှိ စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၃ သန်းနီးပါးဖြင့် အရောင်းဈေးကွက်တင်လာသည်။

နယူးယောက်ပြည်နယ်၊ ဝက်ချက်စ်တာခရိုင်၊ ဘက်ဖို့ဒ်မြို့၊ ဘက်ဒ်ဖို့ဒ်ကော်နာအရပ်တွင် တည်ရှိသည်။

ခြံဝန်းအကျယ် ၂၂ ဧကရှိပြီး ကရပ်ဖ်မန်းဗိသုကာဟန်ဖြင့် ပင်မနေအိမ်ကို ဆောက်လုပ်ထားသည်။

ဘရုစ်ဝီလီနှင့် ဇနီးဖြစ်သူ အင်မာတို့သည် အနောက်ဘက်ကမ်းရိုးတန်းဒေသသို့ ပြောင်းရွှေ့ရန် ရည်ရွယ်ကာ ဘက်ဖို့ဒ်စံအိမ်ကို ကန်ဒေါ်လာ ၁၂ ဒသမ ၉၅ သန်းဖြင့် ဈေးကွက်တင်လာခြင်းဖြစ်သည်။

“နေအိမ်ကို ရောင်းထုတ်ရခြင်းရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ ကယ်လီဖိုးနီးယားမှာရှိတဲ့ ကျွန်တော်တို့မိသားစုနဲ့ သိပ်ဝေးနေလို့ဖြစ်ပါတယ်။

ဒါကြောင့် အနောက်ဘက်ကမ်းရိုးတန်းကို ပြောင်းပြီးအခြေချဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာပါ”ဟု အသက် ၆၃ နှစ်ရှိပြီဖြစ်သော မစ္စတာဝီလီက ပြောကြားသည်။

ဘရုစ်ဝီလီတို့ဇနီးမောင်နှံသည် အဆိုပါနေအိမ်ကို ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၂ သန်းခန့်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး နယူးယောက်မြို့လယ် မန်ဟက်တန်ရှိ တိုက်ခန်းနှင့် အဆိုပါနေအိမ်တွင် တစ်လှည့်စီနေထိုင်ခဲ့ကြသည်။

နေအိမ်နှစ်ခုကြားအကွာအဝေးမှာ မော်တော်ကားဖြင့်တစ်နာရီခရီးရှိကြောင်း Douglas Elliman ကုမ္ပဏီမှ အကျိုးဆောင် အန်း ကတ်ဘီလ် လီနာနီက ပြောကြားသည်။

အကျယ်အဝန်း စတုရန်းပေ ၉၀၀၀ ရှိသောပင်မနေအိမ်ကို ကရပ်ဖ်မန်းဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ကျယ်ဝန်းသော ဧည့်ခန်းမှတဆင့် ဝန်းကျင်ကျေးလက်ရှုခင်းများ၊ အနီးရှိ ခရိုတွန် ရေလှောင်ကန်ကြီးတို့ကို ရှုမြင်နိုင်သည်။

ကလေးကစားခန်းတစ်ခု၊ ဗွီဒီယိုစနစ်ပါဝင်သည့် မီဒီယာခန်းမနှင့် ဝိုင်သိုလှောင်ခန်းတစ်ခန်းလည်း ပါဝင်သည်။

နေအိမ်အမိုးပေါ်တွင် ဝန်းကျင်ရှုမျှော်ခင်းများ ရှုမြင်နိုင်သည့် ရှစ်ထောင့်ပုံ အခန်းငယ်တစ်ခုပါဝင်ပြီး နေအိမ်တစ်ခုလုံးတွင် စုစုပေါင်း အိပ်ခန်း ၅ ခန်း ပါဝင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service