ခရီးလည်းသွားတယ်အိမ်ခြံမြေသတင်းလည်း ရခဲ့တယ်

ခရီးလည်းသွားတယ်အိမ်ခြံမြေသတင်းလည်း ရခဲ့တယ် - Property News in Myanmar from iMyanmarHouse.com
25 Jan 2019 12:32 pm တွင် တင်ခဲ့သည်
1327 ကြိမ် ကြည့်ရှု့ပြီး

ကျွန်ုပ်အနေနဲ့ ရန်ကုန် အိမ်ခြံမြေအကြောင်းတွေ ပြောပြခဲ့တာ အတော်ကြာပါပြီ။ နယ်မြို့များ ရဲ့ အိမ်ခြံမြေအခြေအနေ ကိုယ်တွေလေ့လာပြီး ရေးသားတင်ပြ နိုင်တာ အတော်နည်းပါတယ်။ ဒါကြောင့် မြန်မာပြည်အနှံ့က အိမ်ခြံမြေသတင်းတွေ လေ့လာပြီး စာဖတ်ပရိသတ်ကြီးကို တင်ပြ လိုက်ရရင်ဘယ်လောက်ကောင်းမလဲလို့ အကြိမ်ကြိမ်စိတ်ကူးခဲ့ မိတာကြာပါပြီ။

ခရီးသွားသတင်းသမား

ဘယ်လောက်ပဲ စိတ်ကူးယဉ်ခဲ့ပေမယ့် အကြောင်း အမျိုးမျိုးတွေကြောင့် နယ်ခရီးစဉ်တွေကို အရောက်အပေါက် နည်းခဲ့ပါတယ်။ မကြာခင်ကတော့ မြန်မာနိုင်ငံသတင်းစာဆရာ အသင်းကြီးရဲ့ စီစဉ်မှုနဲ့ ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာ အသင်းအနေနဲ့ ရှမ်းပြည်နယ်တစ်ခွင်ခရီးနှင်ပြီး ခရီးသွားသတင်း စကားအရယူဖို့ နယ်ခရီးစဉ်ထွက်ဖြစ်ခဲ့ပါတယ်။

သွားရတဲ့အကြောင်းကတော့ “ဘုရားလည်းဖူး လိပ်ဥ လည်းတူး” ဆိုသလိုပါပဲ။ လမ်းခရီးက ဘုရားတွေကိုလည်း ၀င်ဖူးမယ်။ ပြီးတော့ ရောက်တဲ့မြို့တိုင်းမှာ ဒေသန္တရဗဟုသုတလည်း ရှာမယ်။ ပြီးတော့ မြို့တိုင်းမြို့တိုင်းက အိမ်ခြံမြေဈေးကွက် အခြေအနေတွေ မေးကြည့်မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ ခရီးထွက် ခဲ့တာပေါ့။ ဒါပေမယ့် မှန်းချက်နဲ့ နှမ်းထွက်ကတော့ မကိုက်ပါ ဘူးဗျာ။

ခရီးသွားအဖွဲ့ထဲမှာက အရွယ်စုံပါတာကိုးဗျ။ လူငယ် တွေကတော့ ပျော်ပျော်ပါးပါး ဘုရားစုံဖူးမယ်။ ရှုခင်းတွေလည်း တ၀ကြီးလေ့လာမယ်။ တောတောင်ကိုနောက်ခံထားပြီး ဓာတ်ပုံ ရိုက်ကြမယ်။ လမ်းခရီးကတွေ့သမျှ ရေတံခွန်တွေဝင်ပြီး ရေကူး ဆော့ကစားလိုက်မယ်ဆိုပြီး စိတ်ကူးယဉ်လိုက်လာကြတာပေါ့။ လူကြီးပိုင်းနဲ့ လူလတ်ပိုင်းတွေကျတော့ သတင်းသမား အနေနဲ့ ခရီးထွက်ခဲ့ကြပေမယ့် ဂူထွက်တရားဟောမယ့် မိုင်းဖုန်း ဆရာတော် ဦးဥာဏသံဝရ တရားဟောမယ့် မြို့မှာသွားရောက် ဖူးတွေ့ပြီး ကထိန်သင်္ကန်းကပ်လှူဖို့က အဓိကဦးတည်ပြီး ခရီး ထွက်ခဲ့ကြတာပါ။ ဒါကြောင့်လည်း မိုင်ဖုန်းဆရာတော် သီပေါ မြို့ ဘော်ကြိုဘုရားမှာ ကြွလာမယ်လို့ သတင်းရတာနဲ့ ဘော်ကြို ဘုန်းကြီးကျောင်းကို အရောက်သွားခဲ့ကြပါတယ်။

ဒါပေမဲ့ ဆရာတော်က ဘော်ကြိုဘုရားကို ကြွမလာ တော့ဘဲ နောက်တစ်နေ့ ပြင်ဦးလွင်မှာ ကြွလာပြီး တရားဟော မယ်လို့ သတင်းရတာနဲ့ နောက်နေ့မနက်မှာတော့ ပြင်ဦးလွင် မြို့ကို ပြန်ဆင်းခဲ့ပါတယ်။ မိုင်းဖုန်းဆရာတော်ကြွအလာအမီ နံနက်အရောက်သွားပြီး စောင့်ခဲ့ကြပေမယ့် နေ့လယ်အထိ ဆရာ တော်က တရားဟောမယ့် ရှမ်းကျောင်းကြီးကို ကြွမလာသေးပါဘူး။ ဒါကြောင့် အဖွဲ့သူ အဖွဲ့သားတွေ နံနက်စာကို ပြင်ဦး လွင်မှာပဲ ချက်ပြုတ်စားသောက်ကြပါတယ်။ အားလုံးစားပြီးတဲ့ အချိန်မှာတော့ ပြင်ဦးလွင်မြို့နယ် မှုခင်းသတင်းတာဝန်ခံ ဦးသိန်း ဇော်က ရန်ကုန်တိုင်းသတင်းစာဆရာအသင်း နာယကကြီး မောင်ယဉ်ကျော်နဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့် အပါအ၀င် အဖွဲ့သား တွေကို လာရောက်တွေ့ဆုံကာ ခရီးဦးကြိုဆိုပါတယ်။ အမှတ်တရ ဓာတ်ပုံလည်း ရိုက်ကြပါသေးတယ်။

ဒီလိုအခြေအနေမျိုးမှာ အခွင့်သင့်တာနဲ့ ပြင်ဦးလွင် မြို့နယ် မှုခင်းသတင်းတာဝန်ခံ ဦးသိန်းဇော်နဲ့ ပြင်ဦးလွင် အိမ် ခြံမြေဈေးကွက်အခြေအနေကို လျှပ်တစ်ပြက် ဆွေးနွေးခွင့်ရပါ တယ်။ ကံကောင်းချင်တော့ မှုခင်းသတင်းတာဝန်ခံဦးသိန်းဇော် ကိုယ်တိုင်ကပင် အိမ်ခြံမြေ၀ယ်ရောင်း အကျိုးဆောင်လုပ်ငန်း ကို လုပ်ကိုင်နေသူတစ်ယောက် ဖြစ်နေလို့ပါပဲ။ ဒီတော့လည်း ရေကန်အသင့် ကြာအသင့် ဖြစ်သွားတာပေါ့။ ဒါနဲ့သူပြောပြတဲ့ ပြင်ဦးလွင်မြို့သစ်၊ ရပ်ကွက်ကြီး (၁၀)က အိမ်ခြံမြေဈေး တစ် စေ့တစ်စောင်း သိခွင့်ရခဲ့ပါတယ်။ ““အိမ်ခြံမြေဈေးတွေ ကောင်းခဲ့စဉ် ၂၀၁၂ - ၂၀၁၄ ခုနှစ် ခန့်ကဆိုရင် တစ်ထပ်တိုက်ဆောက်ပြီး (ပေ၄၀ x ပေ ၆၀) မြေနှင့် အိမ်ရဲ့တန်ဖိုးဟာ သိန်းနှစ်ထောင်အထိ ဈေးမြှောက်ခဲ့ တယ်ပေါ့။ အခုအချိန်မှာတော့ သိန်း ၉၅၀ လောက်ပဲရှိတော့ တယ်။ ဒါတောင် အနှစ် ၃၀ ဂရန်ပေါက်ပြီးသား မြေနဲ့အိမ်ရမှာ နော်””လို့ ပြောပါတယ်။ အလို...အားကျလိုက်တာ။ အခု အချိန်မှာ ၀ယ်ပေးထားလိုက်ရင် ဘယ်လောက်များကောင်း လိုက်လဲလို့ ကျွန်ုပ်တွေးနေမိတယ်။

““ ရွာမြေ၊ စိုက်ပျိုးမြေ၊ သစ်တောမြေတွေရဲ့ ဈေးနှုန်း တွေကိုလည်း အခုလို ပြောပြပါသေးတယ်။ ပြင်ဦးလွင် ကျီးကိုင် ဘက်မှာဆိုရင် အရင်က (၈)ဧက အကျယ်ကို သိန်း ၂၀၀၀ လောက် ပေါက်ဈေးရှိခဲ့ပြီး ယခုအချိန်မှာတော့ (၈)ဧကလုံးဝယ် မှ သိန်း ၇၀၀ လောက်ပဲရှိတော့တယ် ””လို့ သိရပါတယ်။ ဒါအပြင် ပြင်ဦးလွင်မြို့ ရေချမ်းအိုးရပ်ကွက်မှာ ဟို တစ်ချိန်က (ပေ ၆၀ ဩ ပေ ၁၂၀)အကျယ်ကို သိန်း ၂၀၀၀ လောက်အထိပေးဝယ်ကြတယ်။ အခုအချိန်မှာတော့ (ပေ ၆၀ x  ပေ ၁၂၀)ကို သိန်း ၉၀၀ လောက်ပဲရှိတော့တယ်လို့ ပြောပြ ပါတယ်။

အင်း အခုလို ပြင်ဦးလွင်မြို့ရဲ့ အိမ်ခြံမြေဈေးနှုန်း တစ်စေ့တစ်စောင်း သိလိုက်ရတဲ့အတွက် ဘာပဲဖြစ်ဖြစ် ဒေသန္တရ ခရီးသွားအစီအစဉ်မှာ လိုက်ပါခွင့်ရတာကို ၀မ်းသာပီတိဖြစ်နေ မိပါတယ်။ အဲဒီနေ့ ညနေစောင်းမှာတော့ မိုင်းဖုန်းဆရာတော် ကြွလာတဲ့အတွက် ရှိခိုးကန်တော့ပြီး ပြင်ဦးလွင်မြို့မှာပဲ တစ်ည နားခိုခဲ့ရပါတယ်။ နောက်တစ်နေ့မနက်မှာတော့ မန္တလေးမြို့သို့ ပြန်ဆင်းခဲ့စဉ် မြွေဘုရားကိုလည်း ၀င်ခဲ့သေးတယ်။  မန္တလေးမြို့ ရောက်တာနဲ့ မန္တလေးတောင်ဘုရား၊ ရန်ကင်းတောင်ဘုရား၊ မြဘုရား၊ မဟာမြတ်မုနိဘုရား၊ ကျောက်စိမ်းမြတ်ဘုရားတို့ကို အချိန်အပိုင်းအခြား သတ်မှတ် အပြေးအလွှားဖူးမြှော်ခဲ့ရပါတယ်။

အဲဒီလို မန္တလေးဘုရားစုံဖူးပြီးတာနဲ့ ကျောက်ဆည်မြို့ သိမ်တော်ကြီး ဘုရားဖူးပြီးတာနဲ့ ညစာစားခဲ့ရပါတယ်။ ညစာစား ပြီးလို့ ကားပေါ်တက်တာနဲ့ ရန်ကုန်ဘက်ကို ခရီးနှင်လိုက်တာ ရန်ကုန်မြို့တွင်းကို နံနက် (၇)နာရီလောက်မှာ ပြန်ရောက်ပါ တယ်။ ဒီမှာပဲ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ (၅)ရက် တန်ဆောင် တိုင်ခရီးစဉ်လည်း ပြီးဆုံးခဲ့ပါတယ်။ ကျွန်ုပ်အနေနဲ့ ဘုရားလည်းဖူး အိမ်ခြံမြေသတင်းများ မြို့တိုင်း နယ်တိုင်းမှာ တစ်ဝကြီးအရယူမယ်လို့ အားခဲထားခဲ့ ပေမယ့် အခြေအနေအရပ်ရပ်တို့ကြောင့် ပြင်ဦးလွင် အိမ်ခြံမြေ အကြောင်း တစ်စေ့တစ်စောင်းသိခဲ့ရသမျှ စာဖတ်ပရိသတ်ကြီး အား ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ။

ရွှင်လန်းကျန်းမာ သုခအဖြာဖြာနဲ့ ပြည့်စုံနိုင်ကြပါစေ။

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service