စမတ် ကားပါကင်စီမံကိန်းအတွက် ကုမ္ပဏီများကို ရန်ကုန်စည်ပင် ဖိတ်ခေါ်

စမတ် ကားပါကင်စီမံကိန်းအတွက် ကုမ္ပဏီများကို ရန်ကုန်စည်ပင် ဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
25 Jan 2019 11:46 am တွင် တင်ခဲ့သည်
1277 ကြိမ် ကြည့်ရှု့ပြီး

ယာဉ်ကြောရှုပ်ထွေးသည့် ရန်ကုန်မြို့လယ်တွင် စမတ်ယာဉ်ရပ်နားမှုစနစ်(smart parking system) စတင်နိုင်ရေးအတွက် ပုဂ္ဂလိကကုမ္ပဏီများထံမှ စိတ်ပါဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဖိတ်ခေါ်ကမ်းလှမ်းထားသည်။

အင်္ဂါနေ့က ထုတ်ပြန်သော ကြေညာချက်တစောင်တွင် အဆိုပါစနစ်ကို ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်နှင့် ပုဇွန်တောင်မြို့နယ်တွင် စတင် မိတ်ဆက်သွားမည်ဟု ဖော်ပြထားသည်။ အဆိုပါမြို့နယ်များသည် မြို့တော်၏ စီးပွားရေး အချက်အချာကျသည့် နေရာတွင် ပါဝင်နေပြီး မော်တော်ယာဉ်ရပ်နားမှုပြဿနာ အများဆုံးဖြစ်ပွားလျက် ရှိသည်။

ပြည်တွင်း/ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီများအကြား စိတ်ပါဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာများကို ဇန်နဝါရီလ ၂၈ ရက်မှ စတင်၍ ဖေဖော်ဝါရီလ ၂၇ ရက် ညနေ ၃ နာရီအထိ တင်သွင်းကြရန် တိုက်တွန်းထားသည်။

အလိုအလျောက် ကားရပ်နားခ ကောက်ယူသည့် နည်းပညာဖြင့် ဖန်တီးထားသည့် စမတ်ကားပါကင်စနစ်ကို မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မန္တလေးရှိ မြို့နယ်အနည်းငယ်၌ အကောင်အထည်ဖော်နှင့်ပြီး ဖြစ်သည်။

တရားမဝင် ယာဉ်ရပ်နားခြင်း၊ ကန့်သတ်ယာဉ်ရပ်နားဇုန်များနှင့် ပတ်သက်၍ မြို့တော်နေပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များထံမှ တိုင်ကြားချက်များတွင် အဓိကဖြစ်ပွားနေမှုတခုမှာ ရန်ကုန်မြို့ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပြီး တိုင်းဒေသကြီးအစိုးရက ခေတ်မီယာဉ်ရပ်နားစနစ်တခု အကောင်အထည်ဖော်မည့်အစီအစဉ်ကို ယမန်နှစ်က ကြေညာခဲ့သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက နိုဝင်ဘာလ ၃၀ ရက်၌ လွှတ်တော်တွင် ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ယာဉ်ရပ်နားရာနေရာများ ထားရှိနိုင်ရေးအတွက် လမ်းများချဲ့ခဲ့ကြောင်း၊ စမတ်ယာဉ်ရပ်နားမှုစနစ်ကိုလည်း စတင်နိုင်ရန် ပြင်ဆင်နေကြောင်း ဆိုသည်။ ရန်ကုန်ယာဉ်ကြောစနစ်နှင့် ယာဉ်ရပ်နားမှုပြဿနာများကို ကိုင်တွယ်မည့် အစီအစဉ်များနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်တဦး၏မေးခွန်းကို ၎င်းက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

မူဝါဒသစ်အရ အဆောက်အဦသစ်များအနေဖြင့် ယာဉ်ရပ်နားရန် လုံလောက်သည့်နေရာ လိုအပ်မည်ဖြစ်ကြောင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍမြှင့်တင်ခြင်းဖြင့် ပုဂ္ဂလိကမော်တော်ယာဉ်စင်းရေ လျှော့ချရေး ရေရှည်စီမံချက်မှာ အစိုးရ၌ ရှိကြောင်း ၎င်းက ထည့်သွင်းဖြေကြားခဲ့သည်။

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလက အစိုးရသည် မော်တော်ယာဉ်တင်သွင်းမှု ကန့်သတ်ချက်များကို ဖြေလျော့ပေးခဲ့သည်။ ယင်းဖြေလျော့ခြင်း၏ ရလဒ်အားဖြင့် ယခင် စစ်အစိုးရလက်ထက် ချောင်ချိနေသော ရန်ကုန်မြို့ရှိလမ်းများတွင် မော်တော်ယာဉ်အစီးရေမှာ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလက ၁၆၀,၀၀ စီးရှိရာမှ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် ၅၃၀,၀၀၀ စီးကျော်သို့ တဟုန်ထိုး များပြားပြည့်ကြပ်လာခဲ့ကြောင်း ဒုတိယဝန်ကြီး၏အဆိုအရ သိရသည်။

Credit: irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...

မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service