ဖေဖော်ဝါရီလလယ် ပိုင်းမှာ စတင်နိုင်မယ့် NYDC Challenge

ဖေဖော်ဝါရီလလယ် ပိုင်းမှာ စတင်နိုင်မယ့် NYDC Challenge - Property News in Myanmar from iMyanmarHouse.com
25 Jan 2019 10:31 am တွင် တင်ခဲ့သည်
1101 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် တစ်ဖက်ကမ်းတွင် တည်ရှိသော ရန်ကုန်မြို့သစ် စီမံကိန်း၏ကနဦး အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ပထမအကြိမ် NYDC Challenge ကို ဖေဖော်ဝါရီ လလယ်ပိုင်းခန့်တွင် စတင်နိုင်ရန် ကြိုးစားနေကြောင် NYDC ကုမ္ပဏီ၏ CEO ဦးသိမ်းဝေက ကုမ္ပဏီ၏ CEO အပတ်စဉ် စာမျက်နှာတွင် ပြောကြားထားသည်။

"ရန်ကုန်မြို့သစ် Master Plan ရေးဆွဲခြင်းကို AECOM နဲ့ တခြားသက်ဆိုင်ရာကဏ္ဍအလိုက် အကြံပေးတွေကလည်း ဆက်လက်လုပ်ဆောင်နေပြီး တစ်ချိန်တည်းမှာပဲ ကနဦး အခြေခံအဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် NYDC Challenge ကို ဖေဖော်ဝါရီလလယ်ပိုင်းမှာ စတင်နိုင်အောင် ကြိုးစားနေပါတယ်"ဟု ဦးသိမ်းဝေက ဆိုသည်။

ရန်ကုန်မြို့သစ်၏ Master Plan ပထမအဆင့်နှင့်စပ်လျဉ်းသော အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့ပြီး AECOM က Master Plan ပထမအဆင့်မူကြမ်းကို တင်ပြဆွေးနွေးခဲ့ကြောင်း၊ ဒုတိယအဆင့်မူကြမ်းမှာ လာမည့် ရက်သတ္တပတ်အတွင်း ထွက်ရှိလာမည်ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။

NYDC Challenge ဆိုသည်မှာ မျှတသောပြိုင်ဆိုင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ထိရောက်မှုရှိစေရန် လုပ်ဆောင်ထားသော ကမ္ဘာအနှံ့တွင် ကျင့်သုံးနေသော Swiss Challenge အပေါ်အခြေခံထား သည့် တင်ဒါစနစ်ဖြစ်သည်။

NYDC Challenge တွင် ပထမအဆင့်အနေဖြင့် လုပ်ငန်းတစ်ခု လုပ်ဆောင်ရန် အရည်အသွေးပြည့် မီပြီး လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု ယူဆရသည့် ကုမ္ပဏီတစ်ခုကို ပဏာမအနေဖြင့် ရွေးချယ်ပြီး အဆိုပါကုမ္ပဏီက စီမံကိန်းအကြို အဆိုပြုလွှာ PPD (Pre-Project Document) ကို တင်သွင်းရမည်ဖြစ်သည်။

PPD တွင် နည်းပညာပိုင်းဆိုင်ရာ အချက်အလက် များ၊ ဘဏ္ဍာရေးအဆိုပြုချက်များနှင့် စီးပွားရေး လုပ်ငန်းပုံစံ (Business Model) များ ပါဝင်မည်ဖြစ် သည်။ ယင်းနောက် လုပ်ငန်းအကောင်အထည် ဖော်မှုအသေးစိတ်ကို နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိသည်အထိ စီမံကိန်းမတိုင်မီ ယာယီသဘောတူ စာချုပ်ချုပ်ဆိုပြီး အများပြည်သူသိရှိစေရန် ကြေညာရမည်ဖြစ်သည်။

စာချုပ်ကိုကြေညာပြီးနောက် ပဏာမ ရွေးချယ် ခံထားရသည့် ကုမ္ပဏီကို အခြားအရည်အချင်း ပြည့်ဝသည့် ကုမ္ပဏီများက ပိုမိုကောင်းမွန်သည့်ကမ်းလှမ်းချက်များဖြင့် ပြန်လည်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ သို့ရာတွင် အသစ်ယှဉ်ပြိုင်သည့် ကုမ္ပဏီက ကမ်းလှမ်းချက်များသည် တင်ဒါခေါ်ယူသည့် သတ်မှတ်ချက်များနှင့် အခြေအနေများကို တိကျစွာလိုက်နာရမည်ဖြစ်ကြောင်း NYDC ကုမ္ပဏီ၏စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

လက်ရှိတွင် CCCC (China Communication Constructions Company) ကုမ္ပဏီက ပဏာမရွေးချယ်ခံထားရပြီး NYDC Challenge တင်ဒါခေါ်ယူနိုင်ရန် PPD အပြီးသတ်နိုင်ရေး ဆွေးနွေး ညှိနှိုင်းမှုမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"CCCC နဲ့ လက်မှတ်ရေးထိုးလိုက်ခြင်းက အဆောက်အအုံဆောက်လုပ်ပိုင်ခွင့် ပေးလိုက်ခြင်းမဟုတ်ပါဘူး။ CCCC ရဲ့ အဆိုပြုလွှာထက် ပိုကောင်းအောင် တင်ပြနိုင်တဲ့ မည်သူမဆို ပါဝင်ယှဉ်ပြိုင်လို့ ရပါတယ်။ ဒါပေမဲ့ မူလသဘောတူညီချက်မှာပါတဲ့ သတ်မှတ်ချက်နဲ့ ကန့်သတ်ချက်တွေကိုတော့ လိုက်နာရပါမယ်၊ ဒါမှလည်း ကျွန်တော်တို့ ပန်းသီးနှစ်လုံး ဘယ်အလုံးပိုကောင်းလဲဆိုတာ ယှဉ်ကြည့်လို့ရမှာပါ"ဟု ဦးသိမ်းဝေက ပြောကြားထားသည်။

ဒုတိယကုမ္ပဏီမှ ပိုမိုကောင်းမွန်သည့် ကမ်းလှမ်းချက်များဖြင့် ယှဉ်ပြိုင်လာပါက CCCC အနေဖြင့် ဒုတိယကုမ္ပဏီ၏ ကမ်းလှမ်းချက်အတိုင်း ပြန်လည်ယှဉ်ပြိုင်ခွင့်ရှိသကဲ့သို့ ငြင်းပယ်ခွင့်လည်းရှိသည်။ ငြင်းပယ်ခဲ့ပါက ဒုတိယကုမ္ပဏီမှ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ပိုင်ခွင့်ရရှိမည်ဖြစ်ပြီးPPDပြင်ဆင်ခြင်းအတွက်ကုန်ကျစရိတ်များကို အနိုင်ရကုမ္ပဏီက CCCC အား ပြန်လည်ပေးရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကုန်ကျစရိတ်များကို NYDC နှင့် CCCC တို့မှ တင်ဒါမဖိတ်ခေါ်မီကပင် ကြိုတင်ညှိနှိုင်း သဘောတူညီမှုရယူထားပြီး ထိုကုန်ကျစရိတ်များကို PPD တွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။ PPD တွင်ပါဝင်သော အသေးစိတ်အချက်အလက်များကို NYDC Challenge တင်ဒါစတင်သည့်အချိန်တွင် ကြေညာသွားမည်ဖြစ်သည်။

PPD တွင်ပါဝင်သော တည်ဆောက်ရေးလုပ်ငန်းများမှာ (၁) တံတားအမှတ်(၁) “ ကြည့်မြင်တိုင်မြို့နယ်ကမ်းနားလမ်း၊ ဗားကရာလမ်းအနီးမှ မြို့သစ်အထိ လှိုင်မြစ်ပေါ်တွင် တည်ဆောက်မည့် ခြောက်လမ်းသွားတံတား၊ (၂) တံတားအမှတ် (၁) “ လက်ရှိ ပန်းလှိုင်မြစ်ကူးတံတားနှင့်ယှဉ်လျက် နှစ်လမ်းသွားတံတား၊ (၃) ၂၆ ကီလိုမီတာရှိ အဓိကလမ်းမကြီးများ၊ (၄) ပြန်လည်နေရာချထားမည့် မြို့ရွာ ငါးခု၏ အခြေခံအဆောက်အအုံ၊ (၅) ကနဦးဆောက်လုပ်မည့် ၁၀ စတုရန်းကီလိုမီတာရှိသော စက်မှုဇုန်ဧရိယာ (Industrial Estate) အခြေခံအဆောက်အအုံများ၊ (၆) စီမံကိန်းတစ်ခု လုံးကို ရေပေးဝေနိုင်မည့်ပမာဏရှိသော ရေ သန့်စင်စက်ရုံ၊ (၇) စီမံကိန်းတစ်ခုလုံး အသုံးပြုနိုင်သည့်ပမာဏရှိသော ရေဆိုးသန့်စင်စက်ရုံ၊ (၈) တိုးမြစ်အနီး မြို့သစ်နှင့် ၃၂ ကီလိုမီတာခန့် ကွာဝေးသောနေရာတွင် တည်ဆောက်မည့် ရေပေးဝေရေးပင်မ အဆောက်အအုံနှင့် အဓိကရေဖြန့်ဝေရေး ပိုက်လိုင်းများ၊ (၉) လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးကွန်ရက်တို့ ဖြစ်သည်။ 

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service