အဆုံးစီရင်သွားသည့် ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာ အလက်ဇန္ဒား မက်ကွင်း၏ စံအိမ် ယူရို ၂ ဒသမ ၄၅ သန်းဖြင့် ရောင်းထွက်

အဆုံးစီရင်သွားသည့် ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာ အလက်ဇန္ဒား မက်ကွင်း၏ စံအိမ် ယူရို ၂ ဒသမ ၄၅ သန်းဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
24 Jan 2019 12:09 pm တွင် တင်ခဲ့သည်
940 ကြိမ် ကြည့်ရှု့ပြီး

အလက်ဇန္ဒားမက်ကွင်း၏ အမည်ရင်းမှာ လီ အလက်ဇန္ဒား မက်ကွင်းဖြစ်ပြီး ၁၉၆၉ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် လန်ဒန်မြို့၌ ဖွားမြင်သည်။

ဖခင်မှာ အငှားယာဉ်မောင်းဖြစ်ပြီး မိခင်မှာ ကျောင်းဆရာမတစ်ဦး ဖြစ်သည်။

Givenchy တွင် ဒီဇိုင်နာချုပ်အဖြစ် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပြီး ၁၉၉၂ တွင် ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်သော Alexander McQueen အမှတ်တံဆိပ်ကို စတင်တည်ထောင်သည်။

ယင်းနောက် မကြာမီတွင် အောင်မြင်မှုများ ဆက်တိုက်ရရှိခဲ့ရာ ၁၉၉၆၊ ၉၇၊ ၂၀၀၁ နှင့် ၂၀၀၃ ခုနှစ်တို့တွင် British Designer of the Year ဆုများ ရရှိခဲ့သည်။

၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်တွင်ကား လန်ဒန်မြို့၊ မေဖဲယားအရပ်ရှိ နေအိမ်တွင် ကြိုးဆွဲချ အဆုံးစီရင်သွားရာ ကွယ်လွန်ချိန်တွင် အသက် ၄၀ ရှိပြီ ဖြစ်သည်။

ယခုရောင်းချလိုက်သည့် နေအိမ်မှာ စပိန်နိုင်ငံရှိ မာလော်ကာကျွန်းပေါ်တွင် တည်ရှိပြီး အလက်ဇန္ဒား မက်ကွင်းက ၂၀၀၅ ခုနှစ်မှ ကွယ်လွန်ချိန် ၂၀၁၀ ပြည့်နှစ်အထိ ပိုင်ဆိုင်ခဲ့သည်။

ဝယ်ယူသွားသူမှာ ဂျာမန်ဝယ်လက်တစ်ဦးဖြစ်ပြီး ယူရို ၂ ဒသမ ၄၅ သန်း (ကန်ဒေါ်လာ ၂ ဒသမ ၇၈ သန်း) ဖြင့် ဝယ်ယူသွားခြင်း ဖြစ်ကြောင်း ဈေးကွက်တင်ပေးခဲ့သည့် Engel & Völkers ကုမ္ပဏီက ထုတ်ပြန်သည်။

မာလော်ကာကျွန်းအနောက်ဘက် ဆန်တာ ပွန်ဆာကမ်းရိုးတန်းမြို့တွင် တည်ရှိသည်။

စတုရန်းပေ ၄၈၄၄ ပေ အကျယ်အဝန်းရှိနေအိမ်ကို မက်ကွင်းသေဆုံးပြီးနောက် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း မာလော်ကာ အနောက်တောင်ပိုင်းဒေသ၏ Engel & Völkers မှ မန်နေးဂျင်းဒါရိုက်တာ ဟန်းစ် လန့်ဇ်က ပြောကြားသည်။

“မက်ကွင်းနောက်ပိုင်း ပိုင်ရှင်တွေက ၂၀၁၅ ခုနှစ်အတွင်းမှာ နေအိမ်ကို ပြန်လည်ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ မာလော်ကာရဲ့ သာယာတဲ့ ရာသီဥတုကို ခံစားနိုင်ဖို့အတွက် ကြီးမားတဲ့ လသာဆောင်တွေ ပါဝင်နေပါတယ်။ ဆီယာရာ ထရာမွန်တာနာ တောင်တန်းနဲ့ ဆန်တာ ပွန်ဆာ ဂေါက်ကွင်းအလှတွေကိုလည်း တွေ့မြင်ခံစားနိုင်ပါတယ်။ ဒါ့အပြင် ဆန်တာ ပွန်ဆာ ပင်လယ်ကွေ့ရဲ့ အလှကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ်”ဟု ဟန်းစ်လန့်ဇ်က ဆက်လက်ပြောကြားသည်။

နေအိမ်အတွင်း အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၃ ခန်းပါဝင်ပြီး အရောင်းဈေးကွက်တွင် ၄ လခန့်ရှိနေခဲ့ကာ ယူရို ၂ ဒသမ ၄၅ သန်းဈေးခေါ်ခဲ့ပြီး အဆိုပါဈေးနှုန်းဖြင့်ပင် ရောင်းထွက်ခဲ့ကြောင်းလည်း မစ္စတာ လန့်ဇ်က ဖြည့်စွက်ပြောကြားသည်။

ရေကူးကန်တစ်ကန်၊ ကြီးမားသော လသာဆောင် ၂ ခု၊ အပူပေးစနစ်ပါသော စကျင်ကျောက် ကြမ်းခင်း၊ ခေတ်မီ မီးဖိုဆောင်၊ ပန်းဥယျာဉ်၊ မီးလင်းဖို၊ air-conditioning စနစ်၊ ကား ၃ စင်းထားသိုနိုင်သည့် မြေအောက်ကားဂိုဒေါင်တစ်ခုတို့လည်း ပါဝင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service