အိမ်ဖြူတော်ဆက်ဆံရေးဒါရိုက်တာဟောင်းက ဇနီးဖြစ်သူ ပျော်ရွှင်စေရန်အတွက် ကန်ဒေါ်လာ ၁၀ သန်းတန် နေအိမ်ကို ရောင်းချ

အိမ်ဖြူတော်ဆက်ဆံရေးဒါရိုက်တာဟောင်းက ဇနီးဖြစ်သူ ပျော်ရွှင်စေရန်အတွက် ကန်ဒေါ်လာ ၁၀ သန်းတန် နေအိမ်ကို ရောင်းချ - Property News in Myanmar from iMyanmarHouse.com
24 Jan 2019 11:29 am တွင် တင်ခဲ့သည်
699 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်သမ္မတ၏ အိမ်တော်ဖြစ်သော အိမ်ဖြူတော်၏ ဆက်ဆံရေးဒါရိုက်တာဟောင်း အန်သိုနီ စကာရာမတ်ခ်စီသည် ဇနီးဖြစ်သူ ပျော်ရွှင်စေရန်အတွက် ကန်ဒေါ်လာ ၁၀ သန်းတန်နေအိမ်ကို အရောင်းဈေးကွက်တင်လာသည်။

ပြီးခဲ့သောနှစ်အတွင်း အန်သိုနီသည် နယူးယောက်ပြည်နယ်၊ ဆောက်သမ်ပ်တန်ရှိ ကမ်းခြေနေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၃ ဒသမ ၉၉ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ပြီး နယူးယောက်မြို့အရှေ့ဘက်၊ လောရင့်စ်ကုတ်လမ်း အမှတ် ၃၀ ရှိ ပိုမိုကြီးမားသော နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၇ ဒသမ ၄၉ သန်းဖြင့် ဝယ်ယူခဲ့သည်။

ယင်းနောက် ၂၀၁၈ အတွင်းတွင်ပင် လောရင့်စ်ကုတ်လမ်းနေအိမ်ကို ပြန်လည်အရောင်းဈေးကွက်တင်ခဲ့ပြန်သော်လည်း ရောင်းမထွက်ခဲ့ချေ။

ယခုအချိန်တွင်မူ ဆောက်သမ်ပ်တန်ရှိ သေးငယ်သော နေအိမ်ကို မရောင်းတော့ဘဲ လောရင့်စ်ကုတ်လမ်းနေအိမ်ကိုပင် ပြန်လည်ဈေးကွက်တင်လာသည်။

လောရင့်စ်ကုတ်လမ်းနေအိမ်တွင် အိပ်ခန်း ၈ ခန်း ပါဝင်ပြီး ဟမ့်ပ်တန်ရှိ နာမည်ကျော် developer ဖြစ်သော Joe Farrell က ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ကာ ကန်ဒေါ်လာ ၉ ဒသမ ၇၅ သန်းဖြင့် ဈေးကွက်ဝင်လာမည် ဖြစ်သည်။

သေးငယ်သော နေအိမ်ကို မရောင်းဘဲထားပြီး လောရင့်စ်ကုတ်လမ်းနေအိမ်ကို ရောင်းချခြင်းမှာ ဇနီးဖြစ်သူ ဒိုင်ဒရီဘောလ် ပျော်ရွှင်စေရန် ဖြစ်သည်ဟု ဆိုသည်။

ဒိုင်ဒရီဘောလ်သည် ၂၀၁၇ ခုနှစ်အတွင်း ကိုယ်ဝန် ၉ လရှိနေချိန်တွင် ကွာရှင်းပြတ်စဲခွင့် လျှောက်ထားခဲ့ဖူးသည်။ ဒိုင်ဒရီဘောလ် မကျေနပ်သည့်အကြောင်းရင်းမှာ အန်သိုနီသည် ၎င်းကို မတိုင်ပင်ဘဲ အိမ်ဖြူတော်ဆက်ဆံရေးဒါရိုက်တာ ရာထူးကို ယူခဲ့သောကြောင့်ဖြစ်သည်ဟု ဆိုသည်။

သို့ရာတွင် အန်သိုနီသည် အဆိုပါရာထူးတွင် ၁၀ ရက်(၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ) သာ တာဝန်ထမ်းဆောင်ခဲ့ရပြီး ဒေါ်နယ်ထရမ့်က ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။

“ဒိုင်ဒရီဟာ ဆောက်သမ်ပ်တန်က ကမ်းခြေအိမ်ကို တကယ်မြတ်နိုးပြီး မရောင်းချင်ဘူး။ ဒါကြောင့် တခြားအိမ်တစ်လုံးကိုပဲရောင်းဖို့ သူတို့ ဆုံးဖြတ်လိုက်တာပါ”ဟု သတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။

အန်သိုနီသည် CBS ရုပ်သံဌာနမှ ဇန်နဝါရီ ၂၁ ရက်က ထုတ်လွှင့်ခဲ့သော “Celebrity Big Brother” အစီအစဉ်တွင် ပါဝင်ခဲ့သေးသည်။

အန်သိုနီ၏ နေအိမ်ကို အရောင်းဈေးကွက်တင်ပေးခဲ့သည်မှာ Brown Harris Stevens အိမ်ခြံမြေကုမ္ပဏီမှ ဂျိန်း ဘက်ကွတ်ခ်နှင့် မာ့ခ် ဘာရွန်တို့ ဖြစ်ကြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service