နေပြည်တော်တည်ဆောက်စဉ်က လယ်ယာမြေသိမ်းခံရသူများအား တန်ဖိုးနည်းအိမ်ရာမြေကွက်များ ရောင်းချပေးရန် လွှတ်တော်အမတ်တောင်းဆို

နေပြည်တော်တည်ဆောက်စဉ်က လယ်ယာမြေသိမ်းခံရသူများအား တန်ဖိုးနည်းအိမ်ရာမြေကွက်များ ရောင်းချပေးရန် လွှတ်တော်အမတ်တောင်းဆို - Property News in Myanmar from iMyanmarHouse.com
24 Jan 2019 11:14 am တွင် တင်ခဲ့သည်
1242 ကြိမ် ကြည့်ရှု့ပြီး

အစိုးရရုံးစိုက်ရာ နေပြည်တော် မြို့သစ်တည်ဆောက်စဉ်က လယ်ယာမြေများ သိမ်းဆည်းခံရပြီး လယ်ယာမြေ ထောက်ပံ့ကြေး နည်းပါးစွာ ရရှိခဲ့သူများအတွက် တန်ဖိုးနည်းအိမ်ရာ၊ မြေကွက်များ ရောင်းချရန် နေပြည်တော်ကောင်စီနယ်မြေ အမတ်တစ်ဦးက ယမန်နေ့တွင် ပြည်သူ့လွှတ်တော်သို့ တင်ပြ တောင်းဆိုသည်။

နေပြည်တော် မြို့သစ်စီမံ ကိန်းအတွက် ဒေသခံတောင်သူ များထံမှ ရွာမြေ၊ လယ်ယာမြေနှင့် အခြားမြေအမြောက်အမြားကို တပ်မတော်အစိုးရက သိမ်းဆည်းခဲ့ရာ တောင်သူအများစု လယ် ယာမြေထောက်ပံ့ကြေး နည်းပါးစွာရရှိခဲ့ကြောင်း ဒက္ခိဏသီရိ အမတ်ဦးသန့်ဇင်ထွန်းက ဆိုသည်။

ရွာမြေသိမ်းဆည်းခံရသူများ အတွက် ရပ်ကွက်သစ်များ ဖော်ထုတ်နေရာချထားပေးပြီး အချို့ တောင်သူများအနေဖြင့်လည်း မြေယာထောက်ပံ့ကြေးအပြင် မြို့မြေကွက်များ ရရှိခဲ့ကြောင်း၊ တောင်သူအများစုမှာ တစ်ဧက လျှင် ကျပ်သုံးသိန်းခွဲမှ တစ်သိန်း ကြားသာ ရရှိကြောင်း ၎င်းက ရှင်းပြသည်။

‘‘ နေပြည်တော် မြို့သစ်စီမံကိန်းကြီးမှာ ကုမ္ပဏီကြီးများ၊ တပ်မတော်သားများနဲ့ ဝန်ထမ်း များအတွက် မြို့မြေကွက်အ မြောက်အမြားကို ခွဲဝေချထားပေး ခဲ့ပါတယ်။ ပြည်သူများ ဝယ်ယူရန် မြေကွက်တန်ဖိုး ကျပ်သိန်း ၂၀၊ ၃၀ သတ်မှတ်ရောင်းချခဲ့သော်လည်း ရိုးသားတဲ့ ပြည်သူ များ ဝယ်ယူရန် မြေကွက်မရှိခဲ့ပါဘူး။ ကျေးလက်နေ ပြည်သူတို့အတွက် စိုက်ပျိုးမြေနည်းပါးလာ ခြင်းကြောင့် ရွာမြေများ မချဲ့နိုင်ခဲ့ ပါ။ တိုးပွားလာတဲ့ လူဦးရေတို့ ကြောင့် ဒေသခံပြည်သူတို့အ တွက် အိမ်ရာမြေကွက်များ လို အပ်နေပါတယ်’’ဟု ဦးသန့်ဇင် ထွန်းက ဆွေးနွေးသည်။

သိမ်းဆည်းခံ တောင်သူများ ထောက်ပံ့ကြေးရရှိမှု နည်းပါးခြင်း ကြောင့် ထပ်မံရရှိလိုမှုများ တင်ပြ နေပြီး အကောင်အထည်မဖော် သော မြေများအတွင်း ထွန်ယက် စိုက်ပျိုးမှုများ ရှိနေကြောင်း၊ အချို့မြေဝယ်ခွင့်ရှိသူများနှင့် တောင်သူများအကြား တရားစွဲဆိုရင်ဆိုင်နေရမှုများရှိနေကြောင်း ၎င်းက ဆိုသည်။

‘‘လယ်ယာမြေထောက်ပံ့ ကြေးနည်းပါးစွာ ရရှိခဲ့သူများအတွက် တန်ဖိုးနည်းအိမ်ရာမြေ ကွက်များ ဖော်ထုတ်ရောင်းချပေး ပါက ဒေသခံပြည်သူတို့အတွက် အိမ်ရာမြေကွက်လိုအပ်ချက်နဲ့ တခြားပြဿနာများ ပြေလည် လျော့ပါးသွားမှာ ဖြစ်ပါတယ်’’ဟု ဦးသန့်ဇင်ထွန်းက ဆွေးနွေး သည်။

နေပြည်တော်ရှိ သိမ်းဆည်း ခံမြေများသည် မြို့မြေများအဖြစ် သတ်မှတ်ပြီး ဖြစ်သောကြောင့် တောင်သူများကို ပြန်လည်စွန့်လွှတ်ရန် အခက်အခဲများရှိနေရာ တောင်သူများ နစ်နာမှုမရှိစေရေးနည်းလမ်းသစ်များဖြင့် ဖြေရှင်း ဆောင်ရွက်ရန် ၎င်းက တောင်းဆိုသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက် ပြီး နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက လွှတ်တော်သို့ လာ ရောက်ဖြေကြားပြီး လယ်ယာမြေ သိမ်းဆည်းခံရမှုကြောင့် မိသားစု နေထိုင်ရေး အမှန်အခက်အခဲရှိ သော အိမ်ထောင်စုများအတွက် စီစဉ်ဆောင်ရွက်ရန် တင်ပြခြင်းများရှိကြောင်း ပြောသည်။

ယင်းသို့ တင်ပြခြင်းများနှင့် ပတ်သက်ပြီး နေပြည်တော် စည်ပင်သာယာရေးကော်မတီက အိမ်ရာစီမံကိန်းများ၊ မြေကွက်စီမံကိန်းများ ဖော်ဆောင်ချိန်တွင် ဆောင်ရွက်ပေးနိုင်ရေး မှတ်တမ်း တင်ထားရှိကြောင်း၊ မြေကွက်စီမံကိန်းများ၊ အိမ်ရာစီမံကိန်းများ ဖော်ဆောင်ရန် စီစဉ်နေပြီဖြစ်၍ အမှန်တကယ်နစ်နာသူများကို ဦးစားပေးနေရာချထားမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service