တရုတ်နာမည်ကျော် developer ဖြစ်သော SUNAC က ပြိုင်ဖက်ကုမ္ပဏီထံမှ ဆောက်လုပ်ရေးစီမံကိန်းကြီး ၂ ခုကို ယွမ်ငွေ ၁၂ ဘီလီယံကျော်ဖြင့် ဝယ်ယူ

တရုတ်နာမည်ကျော် developer ဖြစ်သော SUNAC က ပြိုင်ဖက်ကုမ္ပဏီထံမှ ဆောက်လုပ်ရေးစီမံကိန်းကြီး ၂ ခုကို ယွမ်ငွေ ၁၂ ဘီလီယံကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
23 Jan 2019 11:48 am တွင် တင်ခဲ့သည်
792 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်၏ နာမည်ကျော် အိမ်ခြံမြေ developer ဖြစ်သော Sunac China Holdings Limited သည် ရှန်ဟိုင်းနှင့် ပေကျင်းရှိ ဆောက်လုပ်ရေးစီမံကိန်းကြီး ၂ ခုကို ပြိုင်ဖက်ကုမ္ပဏီဖြစ်သော China Oceanwide Holdings ထံမှ ယွမ်ငွေ ၁၂ ဒသမ ၅၅ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၈၅ ဘီလီယံ) ဖြင့် ဝယ်ယူလိုက်ကြောင်း ဟောင်ကောင်စတော့အိတ်ချိန်းသို့ ထုတ်ပြန်ချက်အရ သိရှိရသည်။

စီမံကိန်းတစ်ခုမှာ ပေကျင်းမြို့တော်၊ ကျောက်ယန်ခရိုင်တွင် တည်ရှိပြီး အခြားတစ်ခုမှာ ရှန်ဟိုင်းမြို့၊ ဟွမ်ပူခရိုင်တွင် တည်ရှိသည်။

ယခုစီမံကိန်းနှစ်ခုကို ဝယ်ယူလိုက်ခြင်းအားဖြင့် SUNAC သည် ၎င်း၏အိမ်ခြံမြေစီမံကိန်းများတွင် စတုရန်းပေ ၁ ဒသမ ၃ သန်းနီးပါး ဖြည့်တင်းပေးနိုင်မည်ဖြစ်သည်။ ယခုဝယ်ယူမှုသည် SUNAC အတွက် ၂၀၁၇ ဇူလိုင်လနောက်ပိုင်း အကြီးမားဆုံး ဝယ်ယူမှုလည်း ဖြစ်သည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လက SUNAC သည် ကစားကွင်းစီမံကိန်းပေါင်း ၁၃ ခုကို Dalian Wanda ထံမှ ယွမ်ငွေ ၄၃ ဒသမ ၈ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။

SUNAC က ယခုစီမံကိန်းများကို ဝယ်ယူရာတွင် ယွမ်ငွေ ၁၁ ဒသမ ၁၈ ဘီလီယံကို ရှယ်ယာများဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကျန် ယွမ်ငွေ ၃ ဒသမ ၇၁ ဘီလီယံမှာမူ အကြွေးဖြစ်သည်။

ပေကျင်းရှိ စီမံကိန်းနေရာကို Beijing Oceanwide International Project Land Lot 1 ဟု အမည်ပေးထားပြီး လူနေအိမ်ရာခန်း၊ လက်လီအရောင်းဆိုင်၊ ရုံးခန်းနှင့် ဟိုတယ်များ ပေါင်းစပ်ဆောက်လုပ်သွားမည်ဖြစ်ပြီး ကျောက်ယန်ပန်းခြံအနီးတွင် တည်ရှိသည်။

မြေအကျယ်အဝန်းမှာ စတုရန်းမီတာ ၇၂၅၀၀ (စတုရန်းပေ ၇၈၀၃၈၃) ရှိပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို မကြာသေးမီပင် စတင်ခဲ့ကာ မကြာမီတွင် စတင်ရောင်းချပေးသွားမည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service