ဂွင်းစတက်ဖနီက ခင်ပွန်းဟောင်းနှင့်အတူဝယ်ယူခဲ့သော လော့စ်အိန်ဂျလိနေအိမ်ကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် အရောင်းဈေးကွက်တင်

ဂွင်းစတက်ဖနီက ခင်ပွန်းဟောင်းနှင့်အတူဝယ်ယူခဲ့သော လော့စ်အိန်ဂျလိနေအိမ်ကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
23 Jan 2019 11:13 am တွင် တင်ခဲ့သည်
1202 ကြိမ် ကြည့်ရှု့ပြီး

No Doubt အဖွဲ့၏ ရှေ့ထွက်အဆိုတော်၊ တေးသံရှင် ဂွင်းစတက်ဖနီသည် ခင်ပွန်းဟောင်း ဂါဗင်ရော့စ်ဒေးနှင့်အတူ ဝယ်ယူခဲ့သော လော့စ်အိန်ဂျလိနေအိမ်ကို ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဈေးကွက်ပြန်တင်လာသည်။

လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်ရှိ တောင်ကုန်းတစ်ခုထိပ်ပေါ်တွင် တည်ရှိပြီး နေအိမ်ကို The Summit ဟု အမည်ပေးထားသည်။

ပြီးခဲ့သော ဆောင်းတွင်းအတွင်း အဆိုပါနေအိမ်သည် အရောင်းဈေးကွက်သို့ ဝင်ချည်ထွက်ချည်ဖြစ်နေခဲ့ပြီး ရောင်းမထွက်ခဲ့ချေ။

ယခုဈေးကွက်တင်ပေးသည်မှာ Westside Estate Agency ကုမ္ပဏီမှ အကျိုးဆောင် စတီဖင် ရှာပီယို ဖြစ်သည်။

အသက် ၄၇ နှစ်ရှိပြီဖြစ်သော စတက်ဖနီသည် ခင်ပွန်းဟောင်း ဂါဗင် ရော့စ်ဒေးလ်နှင့်အတူ စတုရန်းပေ ၁၂၀၀၀ ကျယ်ဝန်းသည့် စံအိမ်ကြီးကို ၂၀၀၆ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင် လင်မယားကွာရှင်းပြတ်စဲခဲ့ကြပြီးနောက် ဂွင်းစတက်ဖနီမှာ ထိုနှစ် နိုဝင်ဘာလကတည်းကပင် ဘလိတ်ခ် ရှဲလ်တန်နှင့် ချစ်ကြိုက်လျက်ရှိနေခဲ့သည်။

ယခုအခါ ဂါဗင် ရော့စ်ဒေးလ်နှင့် လက်ထပ်ခဲ့ခြင်း၏ အောက်မေ့ဖွယ်ရာဖြစ်သည့် စံအိမ်ကြီးကို အပြီးသတ်ရောင်းထုတ်ရန် စီစဉ်လာခြင်းလည်း ဖြစ်သည်။

အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၁၁ ခန်းပါဝင်သည့် အဆိုပါနေအိမ်တွင် ဂွင်းစတက်ဖနီအပြင် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၄ ခုနှစ်အထိ ဂျနီဖာလိုပက်ဇ်လည်း နေထိုင်ခဲ့ဖူးသည်ဟု ဆိုသည်။

နေအိမ်အတွင်း အလွန်ကျယ်ပြောသော ရေကန်၊ ကစားကွင်း၊ ကြက်ခြံ၊ တင်းနစ်ကွင်း အစရှိသည်တို့ ပါဝင်သည်။

master suite တွင် ရေချိုးခန်း ၂ ခန်းနှင့် အဝတ်လဲခန်း ၂ ခုပါဝင်သည်။

အဖြူနှင့် အမည်းကို အဓိကသုံးပြီး မွမ်းမံထားခြင်းသည်ပင်လျှင် ဂွင်းစတက်ဖနီ၏ အထိမ်းအမှတ်တစ်ခု ဖြစ်နေသည်။

မီးဖိုဆောင်နှင့် ညစာစားခန်းနေရာများဖြင့် အဖြူအမည်းမျဉ်းများဖြင့် မွမ်းမံထားပြီး သားရေဆိုဖာထိုင်ခုံကြီးများအပြင် အမေရိကန် နာမည်ကျော် ပရိဘောဂထုတ်လုပ်သူ Warren Platner ၏ ကုမ္ပဏီထုတ် ကုလားထိုင်များလည်း ထည့်သွင်းပေးထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service