ဗြိတိန်၏ လမ်းမများပေါ်မှဆယ်ကျော်သက် အိမ်ရာမဲ့များ

ဗြိတိန်၏ လမ်းမများပေါ်မှဆယ်ကျော်သက် အိမ်ရာမဲ့များ - Property News in Myanmar from iMyanmarHouse.com
23 Jan 2019 10:55 am တွင် တင်ခဲ့သည်
649 ကြိမ် ကြည့်ရှု့ပြီး

နှစ်သစ်ကူးကာလသည် မိသားစုတို့အတွက် ပွဲလမ်း သဘင်ပေါင်းများစွာဖြင့် ပျော်ရွှင်ဖွယ်အတိ ပြီးသော ကာလတစ်ခုဖြစ်ပြီး ပြင်ပပွဲလမ်းသဘင်များသို့ မသွား ရောက်လိုသူတို့ကလည်း မိမိတို့၏ နေအိမ်များတွင်ပင် မိသားစု နှင့်အတူ ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းလေ့ရှိသော ကာလတစ်ခု ဖြစ်သည်။

သို့ရာတွင် ဗြိတိန်၏ လမ်းများပေါ်ရှိ ၁၀၃၀၀၀ သော ဆယ်ကျော်သက်အိမ်ရာမဲ့အတွက် မှောင်မိုက်သောညတာများမှာ အသင်္ချေတမျှ ရှည်လျားလှသည်။

ဗြိတိန်တွင် ယခုနှစ်အအေးစံချိန်တင်မြင့်တက်နေရာ အရိုးခိုက်အောင်အေးစိမ့်လှသော ညများသည် ရခဲလှသော လူ့ဘ၀မှာ ရှင်သန်ရန်လည်း ခက်ခဲလှကြောင်း ပြသနေသကဲ့သို့ ရှိလေသည်။

အသက် ၁၈ နှစ်သာရှိသေးသော မိန်းမပျိုလေး ဆမ်မီ ကွတ်ခ်သည် မလှမ်းမကမ်းတွင် အမျိုးသားတစ်စုမှာ ရုံးပါတီပွဲ မှ ပြန်လာပြီး အရက်မူးကာ လမ်းလျှောက်လာနေရင်း ခရစ္စမတ် သီချင်းများ ဆိုလာနေသည်ကို တွေ့လိုက်ရသောကြောင့် လူဝင် ၍ အိပ်စက်နိုင်သော အိပ်ရာအိတ်၏ အပေါ်စွန်းကို ဆွဲကာ မျက်နှာကို ဖုံးကွယ်ထားလိုက်၏။ ထိုဖြစ်ရပ်မျိုးမှာ ၁၈ နှစ်အရွယ် ဆမ်မီအတွက် မထူးဆန်းတော့သော အတွေ့အကြုံမျိုးသာဖြစ်နေသည်။

ဆမ်မီသည် လွန်ခဲ့သော ၇ နှစ်ခန့်က စတင်ကာ အိမ်ရာမဲ့ဖြစ်ခဲ့ခြင်းဖြစ်ပြီး လန်ဒန်မြို့မြောက်ပိုင်းရှိ မှောင်မိုက် ညစ်ပတ်သော ဂုံးတံတားတစ်ခုအောက်တွင် အခြေချနေထိုင် ခဲ့ရကာ သူကထိုနေရာကို အိမ်ဟု ကင်ပွန်းတပ်ထားသည်။

သူသည် ဗြိတိန်ရှိ ဆယ်ကျော်သက် အိမ်ရာမဲ့ပေါင်း ၁၀၃၀၀၀ ဦးအနက် တစ်ဦးမျှသာဖြစ်ပြီး အိမ်ရာမဲ့တို့၏ အခြေအနေမှာ တစ်နေ့တစ်ခြား ခက်ခဲကြမ်းတမ်းလာလျက်ရှိသည်။ လန်ဒန်မြို့တော်တွင် အသက် ၂၅ နှစ်အောက် လမ်းဘေးအိပ်စက်ရသူပမာဏမှာ နှစ်ဆကျော် မြင့်တက်လာသည်။

ယခုဆောင်းသည်ကား ဗြိတိန်အိမ်ရာမဲ့တို့အတွက် စိန်ခေါ်မှု ပိုမိုကြီးမားမည့်နှစ်တစ်ခုဖြစ်သည်။ အဘယ်ကြောင့် ဆိုလျှင် ယခုဆောင်းတွင် ဗြိတိန်၌ အအေးစံချိန်တင်ခဲ့ပြီး ရာသီဥတုအလွန်ဆိုးရွားလာသည်။

နေအလင်းရောင်ရှိသည့်ကာလတိုတောင်းလှပြီး အမှောင်ကျကာ သွေးခဲအောင် အေးစက်လှသည့်ကာလများ ရှည်လျားလာသည်။

တစ်နိုင်ငံလုံး၏ အာရုံမှာလည်း နှစ်သစ်ကူးကာလ အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲရန်ဘက်သာ အာရုံ ရောက်နေပြီး အိမ်ရာမဲ့တို့အရေး ခေါင်းထဲ မရှိတော့ချေ။

အကယ်၍ သင်သည် အိမ်ရာမဲ့တစ်ဦးဖြစ်ပြီး အသက်ရှင်သန်နိုင်ရေးအတွက် တောင်းရမ်းခြင်းများ ပြုလုပ်နေရသူ၊ ဂုံးတံတားအောက်တွင် အိပ်စက်ရသူ၊ ဆွေမျိုးသားချင်းများ။သူငယ်ချင်းများ၏ အဆက်အဆံမလုပ်ခြင်းခံရသူဆိုပါက နှစ်သစ် ကူးကာလသည် သင့်အတွက် နာကျင်ဖွယ်အတိဖြစ်ရသော ကာလသာဖြစ်မည်ဖြစ်သည်။

တစ်နိုင်ငံလုံးတွင် နှစ်သစ်ကူးကာလအတွက် ပြင်ဆင်နေကြချိန်တွင် အိမ်ရာမဲ့ဘ၀ဖြင့် အထီးကျန်စွာဖြတ်သန်းကြ ရမည့် ဆယ်ကျော်သက် အိမ်ရာမဲ့ ၄ ဦးကို ဗြိတိန်ရှိ သတင်း မီဒီယာကြီးတစ်ခုက တွေ့ဆုံမေးမြန်းမှုများ ပြလုပ်ခဲ့သည်။

အိမ်ရာမဲ့လူငယ်များ နေအိမ်မှ ထွက်ခွာလာရခြင်း ၏ အဓိကအကြောင်းရင်းများမှာ မိသားစုပြိုကွဲခြင်း (သို့မဟုတ်) အနိုင်ကျင့်ခံကြရခြင်းကြောင့်ဖြစ်ပြီး အိမ်မှထွက်လွာပြီးနောက် သွားစရာနေရာမရှိသောကြောင့် ဖြစ်လေသည်။

ဆမ်မီကြုံတွေ့ခဲ့ရသည်မှာလည်း ထိုသဘောမျိုးဖြစ် ၏။ အားကိုးရာဟူ၍ မိခင်တစ်ဦးတည်းသာရှိသော ဆမ်မီ အသက် ၁၃ နှစ်အရွယ်တွင် မိခင်မှာ စိတ်ရောဂါကုဆေးရုံတွင် ရေရှည် ကုသမှုခံယူရရာ ခိုကိုးရာမဲ့သွားသော ဆမ်မီမှာ လမ်းပေါ် သို့ ရောက်ခဲ့ရတော့သည်။

တစ်ကြိမ်တွင်မူ အရက်ဆိုင်တွင် တွေ့ဆုံခဲ့သည့် အမျိုးသားတစ်ဦးအိမ်မှ အခန်းပိုတွင် နေထိုင်ခဲ့ရသော်လည်း ၂ လ မျှသာ ကြာမြင့်ခဲ့သည်။ အဆိုပါ အမျိုးသားက မုဒိမ်းကျင့်ရန် ၂ ကြိမ်တိုင် ကြိုးပမ်းလာသောကြောင့် ထိုအိမ်မှ ထွက်ခွာလာခဲ့ရပြန်သည်။

““အဲဒီညက သူ့အိမ်ကနေ ထွက်လာပြီးကတည်းက ဒီအိမ်မှာ ကျွန်မနေထိုင်နေခဲ့ရတာပါ”” ဟု ဆမ်မီက ဆိုသည်။ ဆမ်မီရည်ညွှန်းသည့် အိမ်ဟူသည်မှာ လန်ဒန်မြောက်ပိုင်းမှ ဂုံးတံတားအောက်ကို ဆိုလိုခြင်းဖြစ်သည်။

““ လမ်းတွေပေါ်မှာနေရတာကို ကျင့်သားရနေပါပြီ။ အခုဆိုရင် အိမ်မှာမနေရတာ ၇ နှစ်ရှိခဲ့ပါပြီ။ ကျွန်မ ဆေးခြောက် ရှူပါတယ်။ ဒါက အချိန်ကုန်ဖို့လွယ်တယ်လေ။ တစ်ခါတစ်လေ မှာတော့ ကျွန်မ ရယ်တတ်ပါတယ်။ နွေတုန်းက ဘရိုက်တန်ကို သွားခဲ့ပြီး ချစ်သူ ယောက်ျားလေး တစ်ယောက်ရခဲ့ဖူးတယ်။

တစ်ယောက်တည်း အထီးကျန်နေတာနဲ့စာရင် တစ်ယောက်ယောက်နဲ့ အတူရှိနေရ တာက ပိုကောင်းပါတယ်””

ဆမ်မီသည် မိခင်နှင့် ပြန်လည်ဆုံစည်းရခြင်းမရှိ တော့သလို ယခုနှစ်သစ်ကူးမှာလည်း သူ့အတွက် မည်သို့မျှ အဓိပ္ပာယ်မရှိကြောင်း ပြောကြားသည်။

““ပရဟိတအဖွဲ့တွေကတော့ စားစရာတွေကျွေးတာ မျိုးတွေရှိတတ်ပါတယ်။ အဲဒါကြောင့်ဒီနှစ်မှာ အစားကောင်း တစ်ခုခု စားရနိုင်ပါတယ်””

သောမတ်စ် ကောလင်း

အသက် ၁၉ နှစ်အရွယ်ရှိ သောမတ်စ်ကောလင်း၏ ဘ၀မှာလည်း အလားတူအခြေအနေမျိုး ရင်ဆိုင်ခဲ့ရသည်ဟု ဆိုနိုင်သည်။

သူသည် ရှေးဟောင်းသုတေသနပညာ သင်ယူနေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး ကျောင်းတက်နေစဉ် မူးယစ်ဆေး စွဲသွားခဲ့ရာ ဘိုးဘွားများက သောမတ်စ်အား ရာဇသံတစ်ခု ပေးတော့သည်။

““ဆေးသုံးနေတာတွေ ရပ်ရင်ရပ်၊ မရပ်ရင် အိမ်ပေါ် က ဆင်းတော့လို့ ကျွန်တော့်ကို ပြောပါတယ်။ ကျွန်တော် ကလည်း ဆေးသုံးတာမရပ်နိုင်တော့ အိမ်ကနေမောင်းထုတ် လိုက်ကြတာဖြစ်ပါတယ်။ အဲဒီတုန်းက ၁၈ နှစ်အရွယ်ပါ။ ကျွန်တော့်မှာ အဖေလည်းမရှိသလို အမေနဲ့လည်း မနေခဲ့ဖူးပါဘူး””

သောမတ်စ်သည် လက်ရှိအားဖြင့် သိုလှောင်ရုံတစ်ခု ၌ အလုပ်လုပ်ရန် အလုပ်ရှာနေသည်ဟု ဆိုသည်။

လူငယ်အိမ်ရာမဲ့များကို အကူအညီပေးနေသည့် ပရဟိတအဖွဲ့တစ်ခုဖြစ်သော Roundabout u ပိုင်ဆိုင်သော ယာယီစခန်းတစ်ခုတွင် နေထိုင်လျက်ရှိသည်။

““ကျွန်တော် အဆုံးစီရင်ဖို့ ၅ ကြိမ် ကြိုးစားခဲ့ဖူးတယ်။ မူးယစ်ဆေးတွေ ဆက်တိုက်သုံးပြီး စိတ်ကျဝေဒနာ အကြီး အကျယ်ခံစားရပါတယ်။ ကိုယ့်ရဲ့လုပ်ရပ်တွေအပေါ် အပြစ်ရှိတယ်လို့ ခံစားရတယ်””

သောမတ်စ်သည် မိခင်နှင့် အဆက်အသွယ်ရှိသော် လည်း ပုံမှန်ကား မဆက်သွယ်ဖြစ်ကြ။

သောမတ်စ်သည် ဟိုလီအမည်ရှိ မိန်းကလေးတစ်ဦး နှင့် ချစ်ကြိုက်နေသည်မှာ ၂ နှစ်ခန့်ရှိခဲ့ပြီဖြစ်ပြီး ယခုနှစ် သစ်ကူးကာလတွင် လူနေခန်းတစ်ခန်း ငှားရမ်းနေထိုင်ရန်ရန် ကြိုးပမ်းလျက်ရှိကြသည်။

ထိုအပြောင်းအလဲမှာ ဘ၀၏စာမျက်နှာသစ်တစ်ခု ဖြစ်လာမည်ဟု သောမတ်စ်က မျှော်လင့်ထားသည်။

““ကျွန်တော် တက္ကသိုလ်ကို ပြန်သွားပြီးတော့ လူတွေ ကို ကူညီနိုင်ဖို့အတွက် ဆေးဝါးအကူပညာ သင်ချင်စိတ်ရှိပါ တယ်””ဟု သောမတ်စ်က ပြောကြားသည်။

ကာဆေး သွမ်ပ်ဆင်

နှစ်သစ်ကူးကာလတွင် ကမ္ဘာပေါ်ရှိ လူသန်းပေါင်း များစွာမှာ မိသားစုနှင့်အတူ ပျော်ရွှင်ဖွယ်အချိန်ကာလများကို ဖြတ်သန်းကြရမည့်အရေး ပျော်ရွှင်နေကြသော်လည်း ကာဆေး သွမ်ပ်ဆင်အတွက်မူ အဓိပ္ပာယ်ကင်းမဲ့လှ၏။

သို့ရာတွင် သွမ်ပ်ဆင်က နှစ်သစ်ကူးကာလအကြောင်း များစွာတွေးတောထားခြင်းမရှိ။

လက်ရှိအားဖြင့် အိမ်ရာမဲ့များ အခမဲ့ (သို့မဟုတ်) အလွန်နည်းပါးသည့် ဈေးနှုန်းဖြင့် တည်းခိုနိုင်သည့် အဆောင် တစ်ခုတွင် ရောက်ရှိနေထိုင်လျက်ရှိသည်။

““ကျွန်မ ဒီအဆောင်ကို ရောက်နေတာ ၃ ရက်ပဲရှိပါ သေးတယ်။ ဒီက လူတိုင်း ကောင်းကြပါတယ်”” ဟု သွမ်ပ်ဆင်က လေသံဖွဖွဖြင့် ပြောပြသည်။

““မိဘ ၂ ပါးက ကွဲကွာနေကြတယ်။ ကျွန်မက အမေနဲ့အတူ နေခဲ့ပါတယ်။ နောက်ပိုင်း အမေနဲ့လည်း ဆက်မနေရတော့ဘဲ အဘွားနဲ့ နေခဲ့ရပါတယ်။ အဲဒီမှာလည်း အဆင်မပြေ တာကြောင့် အိမ်ကနေထွက်ခဲ့တာဖြစ်ပါတယ်။ ဘ၀ကို ဒီလိုမျိုးနေနေရတာ သိပ်ပြီးအထီးကျန်ပါတယ်။ ဒါကြောင့် ကျွန်မ သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာတွေ အမြဲလုပ်ပါတယ်””

သွမ်ပ်ဆင်သည် သောမတ်စ်နေထိုင်သည့် အရေး ပေါ်တည်းခိုဂေဟာတွင်ပင် နေထိုင်လျက်ရှိခြင်းဖြစ်သည်။

ယခုနှစ်သစ်ကူးကာလတွင် အဆောင်ခန်း ငှားရမ်းနိုင်ရန် အလုပ်ကြမ်းများ မနားမနေလုပ်ကိုင်ထားရခြင်းကြောင့် သူ ၏ လက်ချောင်းများမှာ နီရဲနေသည်။

အဆိုပါအဆောင်မှာ တစ်လလျှင် ၁၄ ပေါင် ပေးရ မည်ဟုဆိုသည်။

အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service