ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ယခုနှစ် ၂၀၁၉ မှာ ကမ္ဘာပေါ်က ဈေးနှုန်းအကြီးဆုံးသော အိမ်ယာ ဈေးကွက်အဖြစ် Hong Kong ကတော့ ကိုးနှစ် ဆက်တိုက် ရပ်တည်နေလျက် ရှိကြောင်း သိရပါတယ်။
Hong Kong အနေနဲ့ ယင်း နာမည်ဆိုး ဂုဏ်ပုဒ်ကို ဆက်ထိန်းထားသလို မြို့တွင်း နေအိမ်တွေဟာလည်း ဒေသခံအများစုအတွက် ၀ယ်ယူဖို့ မလွယ်ကူလောက်အောင်ဖြစ်စေလျက် ရှိပါတယ်။
Hong Kong မြို့ရဲ့ အလယ်အလတ် ပျမ်းမျှ အိမ်ခြံမြေဈေးနှုန်းဟာ ၂၀၁၈ ခုနှစ်မှာ သာမန် အိမ်ထောင်စု ၀င်ငွေရဲ့ ၂၀ ဒသမ ၉ ဆအထိ မြင့်တက်ခဲ့ကြောင်း၊ အစောပိုင်းတစ်နှစ်က ၁၉ ဒသမ ၄ ဆထက် လည်း ပိုများလာခဲ့ကြောင်း သိရပါတယ်။
Vancouver ကတော့ ဟောင်ကောင်ရဲ့ နောက် ကမ္ဘာ့ ဒုတိယမြောက် ဈေးအကြီးဆုံး အိမ်ခြံမြေ ဈေးကွက်အဖြစ် ရပ်တည်နေပါတယ်။ ယင်းနောက်မှာတော့ Sydney ၊ Melbourne ၊ San Jose နဲ့ Los Angeles တို့ကအသီးသီး ရပ်တည်နေလျက် ရှိပါတယ်။
ဒါ့အပြင် London မြို့ကလည်း ဥရောပဒေသတွင်း အဆိုးရွားဆုံးသော အိမ်ခြံမြေ ဈေးကွက်အဖြစ် ရပ်တည်နေလျက် ရှိတယ်လို့ သိရပါတယ်။
Credit: Business Times