ဒလအိမ်ခြံမြေဈေးကွက် ရောင်းလိုအားများသော်လည်း အဝယ်တန့်နေ

ဒလအိမ်ခြံမြေဈေးကွက် ရောင်းလိုအားများသော်လည်း အဝယ်တန့်နေ - Property News in Myanmar from iMyanmarHouse.com
23 Jan 2019 10:04 am တွင် တင်ခဲ့သည်
3018 ကြိမ် ကြည့်ရှု့ပြီး

ဒလတံတား ပန္နက်တင်အခမ်းအနားစတင် သည့်အချိန်မှစ၍ ဒလမြေဈေးကွက်မှာ ရောင်း သူ၊ ဝယ်သူ စောင့်ကြည့်နေသည့်အနေအထား မှ ယခုအခါ ရောင်းလိုအားများနေကာ အဝယ် တန့်နေသည့် အခြေအနေသာရှိနေပြီး ဒလ တံတားတည်ဆောက်ရေးစီမံကိန်း စတင်မည့် အချိန်၌သာ အရောင်းအဝယ်ပြန်ဖြစ်နိုင်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက မြန်မာတိုင်းမ် နေ့စဉ်သို့ ဇန်နဝါရီ ၁၆ ရက်တွင် ပြောဆိုသည်။

"နည်းနည်းပြန်တန့်သွားတယ်။ ဘာကြောင့် ပြန်တန့်တာလဲဆိုတော့ ပထမပန္နက်တင်အခမ်း အနားလုပ်လိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာရိုက်တော့ ရောင်းတဲ့သူတွေက လည်း အရောင်းအဝယ်ပြန်ပိတ်သွားတယ်။ အမေစုကိုယ်တိုင် လာရိုက်သွားပြီ၊ တံတားက သေချာသွားပြီ၊ အဲဒီတော့ ငါတို့မြေဈေးတွေကို စောင့်ချင်တယ်ဆိုပြီးတော့ အရောင်းအကုန်လုံး နောက်ပြန်ဆုတ်သွားကြတယ်"ဟု New City အိမ် ခြံမြေ၊ လယ်ယာမြေအကျိုးဆောင်လုပ်ငန်း မှ မန်နေဂျင်းဒါရိုက်တာ ကိုထွန်းလင်းကျော်က ပြောဆိုသည်။

ရန်ကုန်-ဒလတံတားစီမံကိန်း ပန္နက်တင် အခမ်းအနားကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက် ခဲ့ပြီး ရက်ပိုင်းအတွင်း မြေကွက်ဈေးများ အနည်း ငယ် လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားသော်လည်း ရောင်းဈေးမှာ မူလဈေးနှုန်းများထက် နှစ်ဆခန့်များပြားနေသည့်အတွက် ဝယ်လက်များ နောက်ဆုတ်သွား၍ လက်ရှိအချိန်တွင် အရောင်းအဝယ် ပြန်လည်အေးလျက်ရှိကြောင်း ဒလ အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောဆိုသည်။

" ကျန်စစ်သားရပ်ကွက်မှာဆိုရင် ပေ ၅၀ ပတ်လည်ကို ကျပ်သိန်း ၆၅၀၊ ကျပ်သိန်း ၇၀ဝ နဲ့ ရောင်းမယ့်အကွက်တွေ တစ်ပုံကြီးပဲ။ အဝယ် မဆင်းဘူး။ ဝယ်မယ့်သူကလည်း နေရာကောင်း ကို အောက်ဈေးနဲ့ ဝယ်ချင်တယ်။ မိန်းလမ်းမပေါ် နာရီစင်နဲ့နီးတဲ့ အေးဆေးခန်း လမ်းမပေါ်မှာရှိတဲ့ မြေကွက်ကို ကျပ်သိန်း ၄၅၀ဝ၊ ကျပ်သိန်း ၅၀ဝ၀ လောက်ပေါက်တယ်။ ပေ ၂၅ ×၅၀ ကို ကျပ်သိန်း ၃၀ဝ၊ ကျပ်သိန်း ၃၂၀ လောက် ပေါက်ဈေးရှိတယ်။ နေရာပေါ်မူတည်ပြီးတော့ ဈေးကအစားစားရှိနေပါတယ် "ဟု ၎င်းက ပြောဆိုသည်။

အဆိုပါဒလတံတားစီမံကိန်းပေါ်မူတည်၍ နောက်ပိုင်းတွင် မြေကွက်ဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင်ခြေရှိနေကြောင်း၊ သို့သော် နောက်ပိုင်းကာလများတွင် မန္တလေးအိမ်ခြံ မြေဈေးကွက်ကို အစိုးရကထိန်းချုပ်ထားသည့် အတွက် တည်နေရာအလိုက် ဈေးနှုန်းကန့်သတ် ချက်များရှိနေပြီး ရန်ကုန်အိမ်ခြံမြေဈေးကွက် မှာ မထိန်းချုပ်နိုင်သေးသည့်အတွက် ဈေးနှုန်း လှုပ်ခတ်နိုင်သည့် အခြေအနေများရှိကြောင်း၊ မန္တလေးအိမ်ခြံမြေဈေးကွက်ကဲ့သို့ ထိန်းချုပ်လိုက်မည်ဆိုပါက အရောင်းအဝယ်တန့်သွားမည် ကိုလည်း စိုးရိမ်လျက်ရှိကြသည်။

Credit:  The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service