ကန်ထရိုက်လယ်ယာစနစ်ခွင့်ပြုထားသည့်မြေနေရာများကို စက်မှုဇုန်ပြောင်းမည်

ကန်ထရိုက်လယ်ယာစနစ်ခွင့်ပြုထားသည့်မြေနေရာများကို စက်မှုဇုန်ပြောင်းမည် - Property News in Myanmar from iMyanmarHouse.com
22 Jan 2019 12:30 pm တွင် တင်ခဲ့သည်
1733 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) တွင်ကန်ထရိုက်လယ်ယာစနစ်ခွင့်ပြုထားပြီးဖြစ်သည့် ဧကထောင်ချီရှိမြေနေရာများကို စက်မှုဇုန်အဖြစ်ပြောင်းမည်ဖြစ်ကြောင်း ယနေ့ (ဇန်နဝါရီလ ၂၂ ရက်) ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြားခဲ့သည်။

“ဒဂုံမြို့သစ် တောင်ပိုင်းမှာ ဧက ထောင်နဲ့ချီပြီးတော့ ကန်ထရိုက် Firming (စက်မှုလယ်ယာ ကန်ထရိုက်) တွေခွင့်ပြုထားတာရှိပါတယ်။ အဲဒါတွေကလည်း လက်တွေ့အောင်မြင်တဲ့ လယ်ယာဇုန် တွေမဟုတ်ဘူးဆိုပြီးတော့ ဒါတွေကို စက်မှုဇုန်ပြောင်းဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ကန်ထရိုက် Firming တွေကို စက်မှုဇုန်ပြောင်းဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က လက်ရှိမှာ ကြိုးစားဆောင် ရွက်လျက်ရှိပါတယ်”ဟု ဒုတိယဝန်ကြီးကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်း ၁၉၉ဝ ပြည့်နှစ် ဒဂုံမြို့သစ်တည်ဆောက်ရေးစီမံကိန်နှင့်ဆက်စပ်၍ ဒဂုံ တောင်စက်မှုဇုန် အမှတ်(၁) အကြီးစားနှင့် အလတ်စားစက်မှုမြေကွက်များ၊ ဒဂုံတောင်စက်မှုဇုန် အမှတ်(၂) အသေးစားစက်မှုမြေကွက်များကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက ဖော်ထုတ်ခဲ့ပြီး စက်မှုလုပ်ငန်းလုပ်ကိုင်နေသူ လုပ်ငန်းရှင်များကို တစ်ဧကလျှင် သိန်း ၉ဝ နှုန်းဖြင့် စတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဒဂုံတောင် စက်မှုဇုန် အမှတ် (၃)ကို မူလက စီးပွားရေးဇုန် အမည်ဖြင့် စက်မှုလက်မှုဆိုင်ခန်းများ နေရာချထားပေးခဲ့ပြီး စက်မှုလုပ်ငန်းများတိုးချဲ့လုပ်ကိုင် လာကြသဖြင့် စက်မှုမြေကွက်များလိုအပ်၍ ၂ဝဝ၆ ခုနှစ်တွင် ဒဂုံတောင် စက်မှုဇုန် တိုးချဲ့စက်မှုဇုန် မြေတိုင်းရပ်ကွက် အမှတ် ၁၄၄၊ ကျန်စစ်သားစက်မှုဇုန် နှင့် ရိုးမရိပ် သာစက်မှုဇုန် ၊ ဒဂုံအရှေ့စက်မှုဇုန် တိုးချဲ့ အသံ၊ အနံ့ အသေးစားမြေကွက်များကို ထပ်မံတိုးချဲ့ဖော်ထုတ်ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စက်မှုဇုန် အမှတ် ၁၊ ၂၊ ၃ တွင် စက်ရုံအလုပ်ရုံ၊ လုပ်ငန်းငယ်၊ ဆိုင်ခန်း စုစုပေါင်း ၂ဝဝဝ ခန့်ရှိကြောင်း သိရသည်။

Credit:  Pyi Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service