နယူးယောက်၏ အထင်ကရ “ဖရုံသီးစံအိမ်ကြီး” ကို ကန်ဒေါ်လာ ၂ သန်းဖြင့် ဝယ်လက်တစ်ဦးက ဝယ်ယူလိုက်ပြီ

နယူးယောက်၏ အထင်ကရ “ဖရုံသီးစံအိမ်ကြီး” ကို ကန်ဒေါ်လာ ၂ သန်းဖြင့် ဝယ်လက်တစ်ဦးက ဝယ်ယူလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
22 Jan 2019 11:37 am တွင် တင်ခဲ့သည်
750 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စု၊ နုယူးယောက်မြို့၏ အထင်ကရ ပြယုဂ်တစ်ခုဖြစ်သော ဖရုံသီးစံအိမ်ကြီးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ ၂ သန်းဖြင့် ဝယ်ယူသွားပြီဖြစ်သည်။

အဆိုပါစံအိမ်ကြီးသည် အရောင်းဈေးကွက်တွင် ၃ နှစ်ခန့် ရောင်းမထွက်ဘဲရှိနေရာမှ ပြီးခဲ့သော ကြာသပတေးနေ့က အရောင်းအဝယ်ဖြစ်သွားခြင်း ဖြစ်သည်။

နယူးယောက်မြို့၊ ဟတ်ဆန် ဟိုက်စ်အရပ်တွင် တည်ရှိပြီး ဟတ်ဆန်မြစ်ကို စီးမိုးတွေ့မြင်နေရသည့် ချောက်ကမ်းပါးကြီးပေါ်တွင် တည်ရှိသည်။

အိမ်တွင်း အလှဆင်ဒီဇိုင်နာ ဝီလျံ စပင့်ခ်က ၂၀၀၀ ပြည့်နှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းဖြင့် ဝယ်ယူခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ပြန်တင်ခဲ့သော်လည်း ရောင်းမထွက်ခဲ့ဘဲ ဈေးကွက်တွင် ၃ နှစ်ခန့် ကြာမြင့်ခဲ့သည်။

ပြီးခဲ့သော ကြာသပတေးနေ့ကမှ ကန်ဒေါ်လာ ၂ သန်းဖြင့် ရောင်းထွက်သွားခြင်း ဖြစ်သည်။

၁၉၂၅ ခုနှစ်တွင် အင်ဂျင်နီယာ ကလိဗ်လန်း ဝဲလ်ကတ်နေထိုင်ရန် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဟတ်ဆန် ဟိုက်အရပ်၊ ချစ်တန်ဒန်ရိပ်သာလမ်း၊ အမှတ် ၁၆ တွင် တည်ရှိကာ ၃ ထပ်နေအိမ်အဖြစ် ဆောက်လုပ်ခဲ့သည်။

Henry Hudson Parkway ၏ အထက် ပေ ၂၅၀ ခန့်တွင် တည်ရှိပြီး ဂျော့ခ်ျဝါရှင်တန်တံတားမှ လှမ်းကြည့်လျှင် မြင်ရသည့် စံအိမ်ကြီး ဖြစ်သည်။

ချောက်ကမ်းပါးစောင်းတွင် အုတ်မြစ်တိုင်စိုက်ကာ ကမ်းပါးနှင့် ယှက်နွှယ်ဆောက်လုပ်ထားသည့် နေအိမ်သည် စတုရန်းပေ ၃၁၄၄ ပေ ကျယ်ဝန်းပြီး အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းသော ညစာစားခန်း၊ စာကြည့်ခန်း၊ ပြင်သစ်ကျေးလက်ဟန် မီးဖိုဆောင်တို့ ပါဝုင်သည်။

ဧည့်ခန်းနှင့် လသာဆောင်တို့မှာ မန်ဟက်တန်၏ ကောင်းကင်မြင်ကွင်း၊ ဂျော့ခ်ျဝါရှင်တန်တံတား၊ ပစိဖိတ်ပါလစ်ဆိတ်အရပ်နှင့် မာရီယို ကိုမို တံတားသစ်တို့ကို အပေါ်စီးမှ တွေ့မြင်နိုင်သည်။

အပေါ်ထပ်တွင် master bedroom ၂ ခန်း၊ အိပ်ခန်းပို ၃ ခန်း၊ ရေချိုးခန်း ၂ ခန်းတို့ ပါဝင်သည်။

Kleier Residential အိမ်ခြံမြေဝက်ဘ်ဆိုက်မှ အကျိုးဆောင် လော်ရယ် ရိုဆန်ဘလတ်က ဈေးကွက်တင်ပေးခဲ့ခြင်း ဖြစ်သည်။

နေအိမ်အကျယ်အဝန်း ၃၁၄၄ စတုရန်းပေရှိပြီး ၂၀၁၀ ပြည့်နှစ်တွင် ကန်ဒေါ်လာ ၃ ဒသမ ၉ သန်းဖြင့် ဈေးကွက်တင်ခဲ့သည်။

ယင်းနောက် ၃ ဒသမ ၆ သန်း၊ ၃ ဒသမ ၁ သန်း အစရှိသဖြင့် အကြိမ်ကြိမ်ဈေးလျှော့ခဲ့သည်။

နေအိမ်၏ ရှေ့မျက်နှာစာတွင်ရှိသော ပြတင်းပေါက်များမှာ အဝေးမှကြည့်လျှင် လူတစ်ဦး၏ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်ပေါက်များကဲ့သို့ ထင်ရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service