ဝန်ကြီးများရုံးကို ပြည်သူများအပန်းဖြေနိုင်ရန် ပန်းခြံ၊ အာဇာနည်ပြတိုက်နှင့် လွှတ်တော်ပြတိုက်တို့အဖြစ် ဧပြီလတွင် ဖွင့်လှစ်မည်

ဝန်ကြီးများရုံးကို ပြည်သူများအပန်းဖြေနိုင်ရန် ပန်းခြံ၊ အာဇာနည်ပြတိုက်နှင့် လွှတ်တော်ပြတိုက်တို့အဖြစ် ဧပြီလတွင် ဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
21 Jan 2019 11:41 am တွင် တင်ခဲ့သည်
4201 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး(အတွင်း ဝန်ရုံး)ကို အာဇာနည်ပြတိုက်၊ လွှတ်တော် ပြတိုက်အပါအဝင် ပြည်သူများ အပန်းဖြေနိုင်သည့်ပန်းဥယျာဉ်အဖြစ် ယခုနှစ်ဧပြီလ အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးများရုံးဟောင်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်း က ပြောသည်။

လက်ရှိအချိန်တွင် ဝန်ကြီးများရုံး ဟောင်းမွမ်းမံပြင်ဆင်မှု ၅ဝ ရာခိုင်နှုန်း ပြီးစီးနေပြီး ယခုနှစ်ဧပြီလအတွင်း ဝန်ကြီး များရုံးအရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းကို စတင်ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

''ပြတိုက်နှစ်ခုရှိမယ်။ အာဇာနည်ပြတိုက်နဲ့ လွှတ်တော်ပြတိုက်ဆိုပြီး လွတ်လပ်ရေးသမိုင်းအမွေအနှစ်တွေကို ပြသသွားမှာပါ။ ရုံးဝင်းကိုတော့ ပြည်သူတွေအပန်းဖြေနားနေနိုင်ဖို့ ပန်းဥယျာဉ်အဖြစ်ပြုလုပ်နေပါတယ်။ ဝန်ကြီးများရုံး အနောက်ဘက်စိန်ပေါကျောင်းဘက် အခြမ်းရယ်။ အရှေ့ဘက်သိမ်ဖြူလမ်းဘက်အခြမ်းရယ်၊ အဲဒီနှစ်ခုကတော့ ဒီနှစ်ထဲမှာ မတ်လနဲ့ ဧပြီလလောက် ဖွင့်နိုင်ဖို့မှန်းထားပါတယ်'' ဟု ၎င်းကပြောသည်။

ယင်းသို့ ဝန်ကြီးများရုံးကိုပြုပြင်မွမ်းမံရာတွင် ရုံးဝင်းအတွင်းမြေနေရာများညှိခြင်း၊ မြက်ခင်းပြင်များ ထားရှိခြင်းတို့ကို လုပ်ဆောင်လျက်ရှိပြီး ဆက်လက်၍ ဝန်ကြီးများရုံး၏ တောင်ဘက်ခြမ်းနှင့် မြောက်ဘက် ခြမ်းပြုပြင်မှုများမှာ အနည်းငယ်ကျန်ရှိနေခြင်းကြောင့် ၂ဝ၂ဝ ပြည့်နှစ်မှသာ ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

'' ဝင်ကြေးတော့ မသတ်မှတ်ရသေးပါဘူး။ ဒါပေမဲ့လည်း သိပ်မများအောင်တော့ ကြိုးစားရမှာပေါ့။ ဒီနေရာ ကလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အရေးကြီးဆုံးနေရာပဲ။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်ရေးနေ့ ဇန်နဝါရီလ ၄ ရက်က ယူနီယံဂျက်အလံကိုဖြုတ်ချပြီးတော့ လွတ်လပ်သော ဗမာနိုင်ငံရဲ့အလံလွှင့်ထူခဲ့တဲ့ အလံတိုင်ရှိတယ်ဗျာ။ အာဇာနည်ခေါင်းဆောင်တွေရဲ့ကျောက်တိုင်တွေရှိတယ်။ ခုနကပြောသလို လွှတ်တော်ကြီး ရှိတယ်။ လွတ်လပ်ရေးသမိုင်းမှာတော့ အရေးကြီးတဲ့ လက်ရှိလည်းကျန်နေသေးတဲ့သမိုင်းအမွေ အနှစ်ပေါ့။ ဒါကိုလာရောက်ကြည့်ရှုလေ့လာခြင်းအားဖြင့် မျိုးချစ်စိတ်ရှင်သန်ထက်မြက်စေမှာပါ''ဟု ဒေါက်တာမောင် မောင်သိမ်းက ပြောသည်။

ဝန်ကြီးများရုံးအဆောက်အဦပုံစံမျိုးသည် ကမ္ဘာတွင် နှစ်ခုသာကျန်ရှိပြီး တခုမှာအိန္ဒိယတွင်တည်ရှိကာ ပြုပြင်မွမ်းမံထိန်းသိမ်းထားပြီး ယခုရန်ကုန်မြို့ရှိဝန်ကြီးများရုံးကိုပြုပြင်မွန်းမံ၍ ပြည်သူများနှင့် အသကမငျအျ များ လာရောက်လေ့လာကြည့်ရှု နိုင်ရန် အာဇာနည်ပြတိုက်၊ လွှတ်တော် ပြတိုက်တို့အဖြစ်ဖွင့်လှစ်ကာ လွတ်လပ်ရေးကြိုးပမ်းခဲ့သည့် သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ပတ်သက်သည့် တိုင်းရင်းသားများ၏ဝတ်စားဆင်ယင်မှုနှင့် အသုံးအဆောင်ပြခန်းများ၊ အရောင်းဆိုင်များအဖြစ် ခင်းကျင်းပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

''Tourists တွေလည်း ကြည့်စေချင်တယ်။ အဓိကကတော့ မြန်မာလူငယ်လေးတွေကို လွတ်လပ်ရေးသမိုင်း၊ အာဇာနည်သမိုင်းတွေကို သိစေချင်တာပေါ့။ အခုလည်း ကျောင်းသားလေးတွေလာ ကြည့်တဲ့အခါမှာ ဝမ်းသာအားရနဲ့ တက်တက်ကြွကြွကြည့်ကြတာ လေ့လာနေကြတာတွေ့ရတယ်''ဟု ၎င်းကပြောသည်။

၁၆ ဧကကျယ်ဝန်းသည့် ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)ကို ထိန်းသိမ်းပြုပြင်မွမ်းမံရန်အတွက် အနော်မာ အနုပညာအဖွဲ့က (နှစ် ၅ဝ +၁ဝ +၁ဝ) နှစ်ရှည်စာချုပ် လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ ယင်း အဆောက်အဦကို ၂ဝ၁၇ မှ စတင်ပြင်ဆင်ခဲ့ပြီး ကန်ဒေါ်လာသန်း ၂ဝ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

Credit: News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service