ကွန်ဒိုဈေးကွက်ကို စီမံခန့်ခွဲရေးကော်မတီက အထောက်အကူ ပြုလာနိုင်မလား

ကွန်ဒိုဈေးကွက်ကို စီမံခန့်ခွဲရေးကော်မတီက အထောက်အကူ ပြုလာနိုင်မလား - Property News in Myanmar from iMyanmarHouse.com
18 Jan 2019 12:12 pm တွင် တင်ခဲ့သည်
907 ကြိမ် ကြည့်ရှု့ပြီး

ကွန်ဒိုဥပဒေနဲ့ နည်းဥပဒေထွက်ရှိပြီးနောက် ဥပဒေကို အသက်သွင်းဖို့ လိုအပ်နေတဲ့ စီမံခန့်ခွဲရေးကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ဆောက်လုပ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၅ ရက်က စတင်ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

စီမံခန့်ခွဲရေးကော်မတီက အသစ်ဆောက်မယ့် အဆောက်အအုံတွေအပြင် ဥပဒေမထွက်ပေါ်သေးခင် ဆောက်လုပ်ခဲ့တဲ့ ဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲ အဆောက်အအုံတွေကိုပါ စုပေါင်းပိုင်အဆောက်အအုံရဲ့ အင်္ဂါရပ်နဲ့ ညီညွတ်ရင် မှတ်ပုံတင်ခြင်းကို ပြုလုပ်ပေးနေပါတယ်။

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်ရုံးတွေကို နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုတို့မှာ ဇန်နဝါရီ ၅ ရက်ကစပြီး ဖွဲ့စည်းထားခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆောက်လုပ်ဆဲနဲ့ ဆောက်လုပ်ပြီး အဆောက်အအုံတွေမှတ်ပုံတင်ခြင်းကို ဦးစားပေးလုပ်ဆောင်ပေးလျက်ရှိပြီး လက်ရှိအချိန်အထိ လာရောက်လျှောက်ထားသူ ၄၀ ကျော်ထိ ရှိနေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမ·းချုပ်နဲ့ ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီရဲ့ အဖွဲ့ဝင်ဖြစ်သူ ဦးမျိုးမြင့်က ဆိုပါတယ်။

"ဇန်နဝါရီလအစမှာ ကော်မတီကို စဖွဲ့ခဲ့ပြီး အခုအချိန်မှာတော့ အဖွဲ့ ၁၃ ခုကို လိုင်စင်ပေးဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ စီမံခန့်ခွဲရေးကော်မတီထွက်လာရင်တောင် လုပ်ငန်းတွေ ကောင်းကောင်းလည်ပတ်နိုင်ဖို့ အချိန်ခြောက်လလောက် ယူရဦးမယ်လို့ အရင်ကလည်း ပြောခဲ့ဖူးတာရှိပါတယ်။ အခုကတော့ တော်တော် မြန်မြန်ဆန်ဆန်ကို သွားနေပါတယ်"လို့ ဦးမျိုးမြင့်က ဆိုပါတယ်။

တချို့အချက်အလက်တွေက ဥပဒေနဲ့ နည်းဥပဒေမှာ မပါဝင်တဲ့အတွက် ရေရှည်လုပ်ငန်းဆောင်ရွက်ရာမှာ အဆင်ပြေစေနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်နေရတာတွေလည်း ရှိနေသေးတယ်လို့ ၎င်းကဆိုပါတယ်။

လုပ်ငန်းလုပ်ဆောင်ရာမှာ အဆင်ပြေမြန်ဆန်စေရေးအတွက် တရားဝင်ဖွဲ့စည်းချက် မထုတ်ပြန်ရသေးခင် ဒီဇင်ဘာ ၂၄ ရက်ကစတင်ပြီး လျှောက်လွှာတွေကို ရောင်းချခဲ့ပြီးဖြစ်တယ်လို့လည်း ဦးမျိုးမြင့်က ဆိုပါတယ်။

စုပေါင်းပိုင်အဆောက်အအုံအဖြစ် မှတ်ပုံတင်မယ်ဆိုရင် ပထမဆုံးလုပ်ငန်းလိုင်စင်လျှောက်ထားရမှာ ဖြစ်ပါတယ်။ အဲဒီနောက် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားရမှာဖြစ်ပြီး အဆောက်အအုံတည်ဆောက်မယ့် မြေကိုလည်း စုပေါင်းပိုင်မြေအဖြစ် စွန့်လွှတ်ထားပြီးဖြစ်ကြောင်း စာချုပ်စာတမ်းမှတ်ပုံတင် ရုံးမှာ မှတ်ပုံတင်ထားပြီးဖြစ်ရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်အရာရှိ ဦးဝေစံသိန်းက ပြောပါတယ်။

"လုပ်ငန်းလိုင်စင်လျှောက်ထားရာမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝန်ကြီးဌာနရဲ့သဘောတူညီချက်နဲ့ ထုတ်ပြန်ထားတဲ့ လုပ်ငန်းလိုင်စင်ကြေးကို ပေးသွင်းရမှာဖြစ်ပါတယ်။ လိုင်စင်က သီးသန့်လျှောက်ရမှာဖြစ်ပြီး သက်တမ်းက ငါးနှစ်ဖြစ်ပါတယ်"လို့ ၎င်းက ပြောပါတယ်။

အဆောက်အအုံ ၃၀ ရာခိုင်နှုန်းဆောက်လုပ်ပြီးပါက ကြိုပွိုင့်တွေကို စတင်ရောင်းချနိုင်မှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းပြီးစီးကြောင်း သက်သေအထောက်အထားတွေနဲ့အတူ အခန်းရောင်းချခွင့်အတွက် မှတ်ပုံတင်ရုံးမှာ တောင်းခံရမှာ ဖြစ်ပါတယ်။

ရောင်းချပြီးတိုက်ခန်းတွေကို ဝယ်သူတွေဆီ အပ်နှံပြီးတဲ့အခါ ဝယ်ယူထားတဲ့အခန်းတွေရဲ့စာရင်းကို မှတ်ပုံတင်ရုံးကို တင်ပြရမှာဖြစ်ပြီး တစ်ဦးချင်း အတွက် မှတ်ပုံတင်လက်မှတ်တွေထုတ်ပေးမှာ ဖြစ်တယ်လို့ ဦးဝေစံသိန်းက ပြောပါတယ်။

ဒါ့ပြင် အိမ်ခန်း ပြန်လည်ရောင်းချတဲ့အခါနဲ့ တခြားတစ်ယောက်ကို ပြန်လည် လွှဲပြောင်းတဲ့အခါတွေမှာလည်း လက်ရှိပိုင်ရှင်ရဲ့ အမည်ပေါက်အဖြစ် မှတ်ပုံတင်လက်မှတ်ကို ပြောင်းလဲထုတ်ပေးမှာပဲဖြစ်ပါတယ်။

တိုက်ရိုက်ဝယ်ယူတာပဲဖြစ်ဖြစ်၊ တစ်ဆင့်ဝယ်ရောင်းတဲ့အခါဖြစ်ဖြစ် နိုင်ငံခြားသားကို ရောင်းချပိုင်ခွင့် ၄၀ ရာခိုင်နှုန်းမပြည့်မချင်း ဘယ်သူ့ကိုမဆိုပြန်လည်ရောင်းချခွင့်ရှိကြောင်း ဦးဝေစံသိန်းက ပြောပါတယ်။

"၄၀ ရာခိုင်နှုန်းထက်ကျော်ပြီး ရောင်းလို့မရအောင် ကျွန်တော်တို့ မှတ်ပုံတင်ရုံးက ထိန်းချုပ်သွားမယ်။ ဘယ်သူပဲရောင်းရောင်း ကျွန်တော်တို့ဆီကိုလာပြီး အသိပေးရမယ်"လို့ ဦးဝေစံသိန်းက ပြောပါတယ်။

လက်ရှိလုပ်ငန်းလုပ်ဆောင်နေကြသူတွေအနေနဲ့ အရင်ခေတ်အဆက်ဆက်က လုပ်ထုံးလုပ်နည်းတွေနဲ့ ပြုလုပ်ထားတဲ့ စာရွက်စာတမ်းတွေက မပြည့်စုံမှုတွေရှိနေနိုင်တဲ့အတွက် သတ်မှတ်ထားတဲ့ မူဘောင်နဲ့ မကိုက်ညီတာတွေကို အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးတာတွေရှိရင်တော့ လုပ်ငန်းဆောင် ရွက်ရာမှာ ပိုမိုအဆင်ပြေလာနိုင်မယ်လိှု့ကခခနျ ဏမသစနမအပ ဃသညျကူအညေအ ကုမ္ပဏီမှ အိမ်ခြံမြေအရောင်း ညွှန်ကြားရေးမ·း ဦးကျော်စည်သူက ဆိုပါတယ်။

"ကွန်ဒိုနည်းဥပဒေအတွက် စီမံခန့်ခွဲရေးကော်မတီလည်း ထွက်ပေါ်လာပြီးဖြစ်တဲ့အတွက် အစိုးရက လာမယ့်ဘဏ္ဍာနှစ်မှာ အခွန်နှုန်းထားတွေကို လျှော့ချပေးမယ်ဆိုရင် ၂၀၁၉ ခုနှစ်အတွင်းမှာ အိမ်ခြံမြေဈေးကွက်ပိုမိုကောင်းမွန်လာနိုင်ဖို့ မျှော်လင့်ထားတယ်"လို့ ဦးကျော်စည်သူက ပြောပါတယ်။

ကွန်ဒိုတွေအတွက် စီမံခန့်ခွဲရေးကော်မတီထွက်ပြီးနောက် ရိုးရိုးတိုက်ခန်း တွေအတွက်ပါ ဥပဒေတစ်ခု ထပ်ထွက်လာခဲ့မယ်ဆိုရင်တော့ အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်လာဖို့ များစွာ အထောက်အကူပြုနိုင်တယ်လို့ ဦးမျိုဦးမျိုးမြင့်က ဆိုပါတယ်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service