လေယာဉ်ပျက်ကျ ကွယ်လွန်ခဲ့သည့် ကန်းထရီးအဆိုတော် ဂျွန်ဒင်ဗာနေထိုင်ခဲ့ဖူးသော တောင်ပေါ်နေအိမ်ကြီး ကန်ဒေါ်လာ ၁၁ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

လေယာဉ်ပျက်ကျ ကွယ်လွန်ခဲ့သည့် ကန်းထရီးအဆိုတော် ဂျွန်ဒင်ဗာနေထိုင်ခဲ့ဖူးသော တောင်ပေါ်နေအိမ်ကြီး ကန်ဒေါ်လာ ၁၁ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
16 Jan 2019 11:36 am တွင် တင်ခဲ့သည်
898 ကြိမ် ကြည့်ရှု့ပြီး

ကန်းထရီးအဆိုတော် ဂျွန်ဒင်ဗာနေထိုင်ခဲ့ဖူးသော ရော့ကီးတောင်တန်းပေါ်ရှိ နေအိမ်မှာ ကန်ဒေါ်လာ ၁၁ သန်းဖြင့် အရောင်းဈေးကွက်ပြန်ဝင်လာကြောင်း Denver Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဂျွန်ဒင်ဗာသည် "Take Me Home, Country Roads" သီချင်းဖြင့် ကမ္ဘာကို ကိုင်လှုပ်ခဲ့ပြီး မြန်မာပြည်တွင်လည်း အဆိုတော်ကြီး စိုးပိုင်က ဧဒင်ဥယျာဉ်ထဲကအနမ်းဟူသော အမည်ဖြင့် ပြန်လည်သီဆိုခဲ့ဖူးသည်။

အဆိုပါသီချင်းသည် အနောက်ဗာဂျီးနီးယားပြည်နယ်၏ အမျိုးသားတေးတစ်ပုဒ်အဖြစ် ၂၀၁၄ ခုနှစ်၊ မတ်လတွင် သတ်မှတ်ခြင်းခံခဲ့ရသည်။ဂျွန်ဒင်ဗာသည် တေးသီချင်းပုဒ်ရေ ၃၀၀ ခန့်သီဆိုခဲ့ပြီး ၂၀၀ ခန့်မှာ ကိုယ်တိုင်ရေးသားခဲ့ခြင်း ဖြစ်သည်။

သူ၏ အခြားထင်ရှားသော တေးတစ်ပုဒ်မှာ "Rocky Mountain High" အမည်ရှိ တေးသီချင်းဖြစ်ပြီး သူ၏နေအိမ်တည်ရှိရာ ကော်လိုရာဒိုပြည်နယ်၊ ရော့ကီးတောင်တန်းကြီးအကြောင်း စပ်ဆိုထားခြင်းဖြစ်သည်။

ဂျွန်ဒင်ဗာသည် ကော်လိုရာဒိုပြည်နယ်ကို အလွန်ချစ်မြတ်နိုးပြီး မကြာခဏလည်း တေးသီချင်းများ စပ်ဆိုခဲ့ဖူးသည်။

ကော်လိုရာဒိုပြည်နယ်၊ အက်စ်ပန် တောင်ပေါ်နှင်းလျှောစီးအပန်းဖြေစခန်းရှိ နေအိမ်တွင် ဘဝ၏ အချိန်ကာလအများစုကို ဖြတ်သန်းခဲ့သည်။

ကော်လိုရာဒိုပြည်နယ်လွှတ်တော်က ဂျွန်ဒင်ဗာ၏ "Rocky Mountain High" တေးသီချင်းကို ပြည်နယ်သီချင်းအဖြစ် ၂၀၀၇ ခုနှစ်တွင် အတည်ပြုခဲ့သည်။

လက်ရှိအားဖြင့် ဂျွန်ဒင်ဗာ၏ တေးအယ်လ်ဘမ်များ ကမ္ဘာတစ်ဝန်းတွင် ချပ်ရေ ၃၃ သန်းကျော် ရောင်းချထားရပြီးဖြစ်သည်။

ဂျွန်ဒင်ဗာ အခြေချနေထိုင်ရာ နေအိမ်မှာ ကော်လိုရာဒိုပြည်နယ်၊ ရော့ကီးတောင်တန်းပေါ်ရှိ နှင်းလျှောစီးအပန်းဖြေစခန်း မြို့ကလေးဖြစ်သော အက်စ်ပန်မြို့တွင် တည်ရှိသည်။

မြေအကျယ်အဝန်း ၂ ဒသမ ၆ ဧကပေါ်တွင် ဆောက်လုပ်ထားသော အဆိုပါနေအိမ်တွင် ဂျွန်ဒင်ဗာက “Starwood in Aspen” အမည်ရှိ တေးသီချင်းကိုလည်း ဖွဲ့ဆိုခဲ့ဖူးသည်။

ဂျွန်ဒင်ဗာက အဆိုပါနေအိကို ၁၉၇၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ပထမဆုံးအရောင်းဈေးကွက်ဝင်လာသည်မှာ ၂၀၁၄ ခုနှစ်၊ သြဂုတ်လတွင် ဖြစ်ကာ ကန်ဒေါ်လာ ၁၀ ဒသမ ၇၅ သန်း ဈေးခေါ်ခဲ့သည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင်မူ ခေါ်ဈေးမှာ ၃ ဒသမ ၃ သန်းအထိ ပြုတ်ကျသွားသည်။

ယင်းနောက် လက်ရှိပိုင်ရှင်များက ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ကန်ဒေါ်လာ ၂ ဒသမ ၇၅ သန်းဖြင့် ဝယ်ယူခဲ့သည်။

ဝယ်ယူလိုက်သော ဇနီးမောင်နှံက အကျယ်အဝန်း ၇၇၃၅ စတုရန်းပေရှိနေအိမ်ကို ခေတ်မီအဆင့်မြှင့်တင် မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

သို့ရာတွင် ထင်းသုံးမီးလင်းဖိုများ၊ ဆေးရောင်စုံမှန်ပြတင်းများအပါအဝင် မူရင်းလက်ရာအချို့ကို ရှေးမူမပျက် ဆက်လက်ထိန်းသိမ်းထားခဲ့သည်။

အဆင့်မြှင့်တင် ပြန်လည်မွမ်းမံခဲ့သည်များတွင် အမိုးသစ်၊ လျှပ်စစ်နှင့် ရေပိုက်လိုင်း၊ ပြတင်းပေါက်နှင့် ကြမ်းခင်းတို့ ပါဝင်သည်။ယခုအခါတွင် နေအိမ်အတွင်း အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်းဖြင့် ဖွဲ့စည်းထားသည်။

ထုပ်တန်းတို့ဖြင့် မျက်နှာကျက်ကို ဖွဲ့စည်းထားသည့် မီးဖိုဆောင်ပါဝင်ပြီး မီးဖိုဆောင်နှင့် ဧည့်ခန်း၊ ညစာစားခန်းတို့မှာ ကပ်လျက် တည်ရှိသည်။ထို့အပြင် ဘိလိယက်ခုံ၊ မီဒီယာခန်းမ၊ အရက်ဘား ၃ ခုတို့ ပါဝင်သည့် အပန်းဖြေခန်းမတစ်ခုလည်း ပါဝင်သေးသည်။

ဂျွန်ဒင်ဗာသည် ကျွမ်းကျင်သည့်လေယာဉ်မှူးတစ်ဦးလည်းဖြစ်ပြီး ၁၉၉၇ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်တွင် ကယ်လီဖိုးနီးယား ပြည်နယ်၊ မွန်တီရေးပင်လယ်ကွေ့ ကမ်းခြေဒေသတွင် Rutan Long-EZ အမျိုးအစားလေယာဉ်ကို စမ်းသပ်မောင်းနှင်စဉ် လေယာဉ် ပျက်ကျကာ သေဆုံးခဲ့ရသည်။

ကွယ်လွန်ချိန်တွင် အသက် ၅၃ နှစ်အရွယ်သာ ရှိသေးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
CarsDB
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service