အာမခံအပေါင်ပစ္စည်းမယူလျှင် အတိုးနှုန်း ၁၆ ရာခိုင်နှုန်းအထိတိုးမြှင့်ယူနိုင်ဟု ဗဟိုဘဏ်ထုတ်ပြန်

အာမခံအပေါင်ပစ္စည်းမယူလျှင် အတိုးနှုန်း ၁၆ ရာခိုင်နှုန်းအထိတိုးမြှင့်ယူနိုင်ဟု ဗဟိုဘဏ်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
16 Jan 2019 9:53 am တွင် တင်ခဲ့သည်
910 ကြိမ် ကြည့်ရှု့ပြီး

ဘဏ်များက ထုတ်ချေးငွေအပေါ် အာမခံအပေါင်ပစ္စည်းမယူပါက အတိုးနှုန်း ၁၆ ရာခိုင်နှုန်းအထိ အမြင့်ဆုံးတိုးမြှင့်ရယူနိုင်ကြောင်း ဗဟိုဘဏ်က ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ပြည်တွင်းဘဏ်များသည် အများပြည်သူသို့ ချေးငွေထုတ်ပေးရာတွင် အပေါင်ပစ္စည်းယူလျှင် ၁၃ရာခိုင်နှုန်းရယူပြီး ဖေဖော်ဝါရီ ၁ ရက်ကစ၍ အပေါင်ပစ္စည်း မပါပါက အထက်ပါအတိုင်းအတိုးနှုန်းရယူ နိုင်သည်ဟု ဗဟိုဘဏ်က ဆိုသည်။ဘဏ်များက ထုတ်ချေးငွေ ကို ဗဟိုဘဏ်အတိုးနှုန်း ၁၀ ရာ ခိုင်နှုန်းထက် ၃ ရာခိုင်နှုန်းပေါင်း ၍ အမြင့်ဆုံး ၁၃ ရာခိုင်နှုန်းနှင့် ဘဏ်အပ်ငွေများကို ဗဟိုဘဏ် အတိုးနှုန်းအောက် ၂ ရာခိုင်နှုန်း လျော့၍ ၈ ရာခိုင်နှုန်းရယူနိုင်သည် ဟု ဗဟိုဘဏ်က သတ်မှတ်ထား သည်။

ဗဟိုဘဏ်က ချေးငွေထုတ် ပေးနိုင်သည့် အာမခံအပေါင် ပစ္စည်းများအဖြစ် မြေနှင့် အ ဆောက်အအုံ၊ ရွှေ၊ စိန်နှင့် အဖိုး တန်ကျောက်မျက်၊ ငွေစုလက် မှတ်၊ အစိုးရ ငွေတိုက်စာချုပ်၊ စာရင်းသေအပ်ငွေ၊ အပေါင်ပြု နိုင်သည့် ငွေချေးသက်သေခံလက် မှတ်များနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ၊ လက်ရောက် အပေါင် (Pledge)၊ ချေးငွေအာမ ခံဖြင့် ချေးငွေများနှင့် ဗဟိုဘဏ်က ထပ်မံသတ်မှတ်သော အပေါင် ပစ္စည်းများပါဝင်သည်။

ယခု ထုတ်ပြန်သည့် ညွှန် ကြားချက်အရ ဗဟိုဘဏ်က အထက်ပါအပေါင်ပစ္စည်းများမှအပ အခြားအာမခံပစ္စည်းများကို ရယူ ၍ဖြစ်စေ၊ အာမခံအပေါင်ပစ္စည်း မယူဘဲဖြစ်စေ ဘဏ်ထုတ်ချေးငွေ ကို အတိုးနှုန်း ၁၆ ရာခိုင်နှုန်းအထိ ရနိုင်ကြောင်း သတ်မှတ်ခြင်းဖြစ် သည်။

ထိုနှုန်းသည် ချေးငွေနှင့်ပတ်သက်သည့် အခကြေးငွေများအ ပါအဝင် စုစုပေါင်းကောက်ခံနိုင် သည့် နှုန်းဖြစ်ပြီး မည်သည့်နည်း နှင့်မျှ ၁၆ ရာခိုင်နှုန်းထက် အတိုး နှုန်းကျော်လွန်ကောက်ခံခြင်းမပြု ရဟု ဗဟိုဘဏ်က ဆိုသည်။

သို့သော် အများပြည်သူများ ၏ဘဏ်အပ်ငွေအတိုးနှုန်း ၈ ရာ ခိုင်နှုန်းကိုမူ မပြောင်းဘဲ ဆက်လက်တည်ရှိရမည်ဟု ဗဟိုဘဏ် က ဆိုသည်။

‘‘အပေါင်ပစ္စည်းမပါဘဲ ဖြစ်တဲ့အတွက်ကြောင့် ဘဏ်တွေက ငွေပိုရလာမယ်။ ဒါပေမဲ့ ဆုံးရှုံး နိုင်ခြေပိုများလာမှာဖြစ်တော့ ဆုံးရှုံးနိုင်မှုနည်းသထက်နည်းအောင် လုပ်ပြီးမှ ချေးလို့ရမယ်’’ဟု အသေးစား၊ အလတ်စားများဘဏ်၊ အမှုဆောင်အရာရှိချုပ် ဒေါက် တာဇေယျာညွန့်က ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service