ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံ စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းပြီးပြီဖြစ်၍ စုပေါင်းပိုင် အဆောက်အအုံ(ကွန်ဒို) တည်ဆောက်ခြင်းလုပ်ငန်း လိုင်စင်ထုတ်ပေးနိုင်ရန် စီစဉ်နေ

ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံ စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းပြီးပြီဖြစ်၍ စုပေါင်းပိုင် အဆောက်အအုံ(ကွန်ဒို) တည်ဆောက်ခြင်းလုပ်ငန်း လိုင်စင်ထုတ်ပေးနိုင်ရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
15 Jan 2019 12:17 pm တွင် တင်ခဲ့သည်
960 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံစီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းပြီးပြီဖြစ်၍ စုပေါင်းပိုင်အဆောက်အအုံ (ကွန်ဒို) တည်ဆောက်ခြင်းလုပ်ငန်း လိုင်စင်ထုတ်ပေးနိုင်ရန် စီစဉ်နေ ပြီဖြစ်ကြောင်းသိရသည်။

၂ဝ၁၆ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ကွန်ဒိုမီနီယံဥပဒေထွက် ပေါ်ခဲ့ပြီး၊ ၂ဝ၁၇ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် နည်းဥပဒေကို ထုတ်ပြန်ခဲ့ကာ နည်းဥပဒေထုတ်ပြန်ပြီး နောက် ကွန်ဒိုမီနီယံဥပဒေကို အကောင်အထည် ဖော်နိုင်ရန်အတွက် စီမံခန့်ခွဲရေးကော်မတီရှိရန် လိုအပ်ခြင်းကြောင့် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသ ကြီး၏ကွန်ဒိုမီနီယံနှင့်ပတ်သက်သော စီမံခန့်ခွဲရေးကော်မတီကိုဖွဲ့စည်းပေး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

''ကွန်ဒိုဥပဒေမတိုင်ခင်က ဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲကွန်ဒိုနဲ့ အကျုံးဝင်တဲ့အဆောက် အအုံတွေအတွက်လည်း လိုင်စင် ပြန်လျှောက်လို့ရမှာဖြစ်ပါတယ်။ကွန်ဒိုဥပဒေအရ နိုင်ငံခြားသားတွေလည်း ဝယ်ယူခွင့်ရရှိတော့မှာဖြစ်လို့ ကျဆင်းနေတဲ့ဈေးတွေလည်း ပြန် လည် ဦးမော့လာမယ်လို့ထင်ပါ တယ်''ဟု မြန်မာနိုင်ငံဆောက်လုပ် ရေးလုပ်ငန်းရှင်များအသင်းချုပ် (MCEA) မှ အထွေထွေအတွင်း ရေးမှူးချုပ် ဦးမျိုးမြင့်က ဇန်နဝါရီ ၁ဝ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။

အဆိုပါကော်မတီအနေဖြင့် ကွန်ဒိုမီနီယံအဆင့်မီ အဆောက်အအုံများဖြစ်မဖြစ်ကိုလည်း လိုက်လံစစ်ဆေးမည့်အစီအစဉ်များလည်း ရှိနေကြောင်းသိရသည်။ အဆိုပါ ကော်မတီအနေဖြင့် ယခုအခါ စုပေါင်းပိုင်အဆောက်အအုံ(ကွန်ဒို) တည်ဆောက်ခြင်း လုပ်ငန်းလိုင်စင် ထုတ်ပေးနိုင်ရန် စိစစ်နေပြီး ကော်မတီသို့ လိုင်စင် လျှောက်ထားမှု ၄ဝကျော်ရှိနေ ပြီဖြစ်ကြောင်း သိရသည်။

စုပေါင်းပိုင်အဆောက်အအုံ (ကွန်ဒို) တည်ဆောက်ခြင်းလုပ်ငန်း လိုင်စင်ရရှိပြီးသူများအနေဖြင့် စု ပေါင်းပိုင် အဆောက်အအုံတည် ထောင်ခွင့် ခွင့်ပြုမိန့်ကို ထပ်မံ လျှောက်ထားရမည်ဖြစ်ကာ ကော်မတီမှခွင့်ပြုလျှင် တည်ဆောက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ကွန်ဒိုမီနီယံဥပဒေသည် ၂ဝ၁၉ ခုနှစ်တွင်စတင် အသက်ဝင်လာပြီဖြစ်ရာ ယင်းဥပဒေကိုအ ကောင်အထည် ဖော်ဆောင်နိုင် မည့် စီမံခန့်ခွဲရေးကော်မတီ ရှိရန်လိုအပ်သောကြောင့် ၂ဝ၁၈ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် တရားဝင်ဖွဲ့စည်းပြီးစီးခဲ့ခြင်းဖြစ်ကာကော်မတီဥက္ကဋ္ဌမှာ ရန်ကုန်တိုင်းဒေသ ကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ အတွင်းရေးမှူးမှာမြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်တို့ ပါဝင်ဖွဲ့စည်းထား ခြင်းဖြစ်ကြောင်းသိရသည်။

ကွန်ဒိုမီနီယံဥပဒေအရ ကွန် ဒိုမီနီယံသည်အနည်းဆုံး ခြောက်ထပ်နှင့်အထက် ရှိရမည်ဖြစ်ကာ အကျယ်အဝန်းအားဖြင့် စတုရန်းပေနှစ်သောင်းအထက်ကျော်လွန် သော မြေပေါ်တွင်တည်ဆောက်ထားသည့် အဆောက်အအုံဖြစ် ရမည်ဖြစ်ကြောင်း သိရသည်။ ကွန်ဒိုမီနီယံ ဥပဒေသစ်အရ ယခင်ကဲ့သို့ မြေပိုင်ရှင်တစ်ဦးတည်း အမည်ပေါက်မဟုတ်တော့ ဘဲစီမံခန့်ခွဲ ရေးကော်မတီထံတွင် ယင်းမြေကိုအပ်နှံကာ တစ်ဦးတစ်ယောက်ပိုင်မြေမှ ယင်းကွန်ဒိုရှိ တိုက်ခန်း၁ဝဝရှိလျှင် ၁ဝဝပိုင် (အများပိုင်)မြေအဖြစ် လွှဲပြောင်း ရမည်ဖြစ်ကြောင်းသိရသည်။

လတ်တလောတွင် ကွန်ဒိုတိုက်ခန်းများသည်လွှဲပြောင်း ပေါင်နှံခွင့်မရှိသော်လည်း ကွန်ဒိုဥပဒေအရ လွှဲပြောင်းပေါင်နှံရောင်း ချခွင့်ရရှိမည်ဖြစ်ကြောင်း ကွန်ဒိုတိုက်ခန်းများအတွက် ကြိုပွိုင့် ရောင်းချထားပါကလည်း ဝယ်ယူသူ၏ပေးသွင်းငွေများကို Develo per အနေဖြင့်ကွန်ဒိုတည်ဆောက်ရေးတွင်သာ အသုံးပြုရမည်ဖြစ် ကာသုံးလတစ်ကြိမ် စီမံခန့်ခွဲရေးကော်မတီထံသို့သုံးစွဲမှုကို တင်ပြရမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင်ကွန်ဒိုမီနီယံ အဆောက်အအုံတစ်ခုတွင် ထွက်ရှိလာမည့် တိုက်ခန်း၏၄ဝရာခိုင်နှုန်းကို နိုင်ငံခြားသားများ ဝယ်ယူခွင့်ရ ရှိမည်ဖြစ်ပြီး ဝယ်ယူလိုသောနိုင်ငံ ခြားသားများအနေဖြင့် မိမိနိုင်ငံဘဏ်မှ မြန်မာနိုင်ငံရှိသက်ဆိုင်ရာ ဘဏ်သို့ တရားဝင်ငွေလွှဲပြောင်း ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင်အဆောက်အအုံပျက်စီးမှုနှင့် ပတ်သက်၍ Developer အနေဖြင့် တိုက်ခန်း ကို ရောင်းချပြီးနှစ်နှစ်အတွင်း ပြုပြင်ထိန်းသိမ်းပေးရမည်ဖြစ်ပြီး ယခင်ကကဲ့သို့အရပ်စာချုပ်ဖြင့် ချုပ်ဆိုခြင်းအစား စီမံခန့်ခွဲရေး ကော်မတီမှတစ်ဆင့် အရောင်းအ ဝယ် ဆောင်ရွက်ရမည်ဖြစ်သည့် အတွက် တရားဝင်အခွန်အခများပေးသွင်း ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...
ဒေါက်မြင့်ဖိနပ်စီးလိုသူများ အထူးပါမစ်လျှောက်ထားရသော ကယ်လီဖိုးနီးယားပြည်နယ်က မြို့လေး၊ ရေခဲမုန့်စားခြင်းကိုလည်း ထိုမြို့တွင် တားမြစ်ထား...
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရိုက်ရာ ခြင်မည်သို့ရှိသည်မသိရသော်လည်း တန်ဖိုးကြီး ရုပ်သံစက် ဆုံးရှုံးခဲ့ရပုံ...
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု နာမည်ကြီးနေ...
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service