မြေအသုံးပြုမှုနှင့်ပတ်သက်ပြီး ရှိနေသည့်ပြဿနာများစွာကို ဖြေရှင်းနိုင်ရေး Land Bank တစ်ခု ထူထောင်နိုင်ရန် ကြိုးပမ်းနေကြောင်း ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း ပြောကြား

မြေအသုံးပြုမှုနှင့်ပတ်သက်ပြီး ရှိနေသည့်ပြဿနာများစွာကို ဖြေရှင်းနိုင်ရေး Land Bank တစ်ခု ထူထောင်နိုင်ရန် ကြိုးပမ်းနေကြောင်း ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း ပြောကြား - Property News in Myanmar from iMyanmarHouse.com
15 Jan 2019 11:17 am တွင် တင်ခဲ့သည်
549 ကြိမ် ကြည့်ရှု့ပြီး

မြေအသုံးပြုမှုနှင့်ပတ်သက်ပြီး ရှိနေသည့်ပြဿနာများစွာကို ဖြေရှင်းနိုင်ရန် Land Bank တစ်ခု ထူထောင်နိုင်ရေး ကြိုးပမ်းနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

" မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ဧရိယာအကျယ်အဝန်း အကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ အားလုံးလည်း သိရှိပြီးဖြစ်ပါတယ်။ ဒီနေရာမှာ စက်မှုလက်မှု လုပ်ငန်းများအတွက် မြေလွတ်အများအပြားရှိနေပါတယ်။ သို့ပေမဲ့လည်း မြေအသုံးပြုမှုနဲ့ပတ်သက်ပြီး ပြဿနာတွေ ရှိနေတယ်ဆိုတာကိုလည်း ကျွန်တော်တို့ဝန်ခံရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာလည်း ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြေအသုံးပြုခွင့်ကို သေချာစေပြီး မြေယာဥပဒေနဲ့ မူဝါဒတွေအရ မည်သို့ငှားရမ်းရမယ်၊ မည်သို့ရယူရမယ်ကို မြေအမျိုးအစားအလိုက် ဘယ်လိုပြောင်းရမယ်ဆိုတာကို ကျော်ဖြတ်နိုင်အောင် လုပ်ဆောင်နေပါတယ်။ အစိုးရအနေနဲ့ မြေအခက်အခဲအားလုံးကို ကျော်ဖြတ်နိုင်ဖို့အတွက် မြေအချက်အလက်အားလုံးကို Land Bank တစ်ခုထူထောင်ပြီး ဆောင်ရွက်ဖို့ရှိပါတယ်။ Land Bank ဆိုတာကလည်း Digital ဘဏ်လိုလုပ်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုပဲ Project ဘဏ်ကိုလည်း ဆောင်ရွက်ဖို့ရှိပါတယ်” ဟု ဦးသောင်းထွန်းက ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီ ၂၈ ရက်နှင့် ၂၉ ရက် တွင် ကျင်းပမည့် Invest Myanmar Summit 2019 တွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့် ပြည်သူ့ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာစီမံကိန်းဘဏ် (National Project Bank) ကို မိတ်ဆက်သွားမည်ဖြစ်ပြီး ဒေါ်လာတစ်ဘီလျံကျော်သည့် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရန် မျှော်မှန်းထားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခုမှ အဓိက လုပ်ငန်းကဏ္ဍကြီးရှစ်ခုကို အခြေပြုဆွေးနွေးမည့် စီမံကိန်းများမှာ ဒေသနှင့် ပုဂ္ဂလိကစီးပွားရေးစီမံကိန်းပေါင်း ၁၂၀ ပါဝင်မည်ဖြစ်ကာ Invest Myanmar Summit 2019 တွင် စတင်မိတ်ဆက်မည့် ပြည်သူ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းဘဏ်မှ စီးပွားရေး အခွင့်အလမ်းများစွာ ရရှိနိုင်မည်ဖြစ်ပြီး အစိုးရက ဒေါ်လာ သန်း ၅၀၀ ကျော်တန်ဖိုးရှိသော နည်းဗျူဟာမြောက် စီမံကိန်းများ ပြသမည်ဖြစ်သည်။

လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ဝန်ကြီးဌာနကို ၂၀၁၈ ခုနှစ် အတွင်း စတင်ထူထောင်ပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ရန် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများကို လေ့လာနေပြီး အချိန်ကုန်၊ ငွေကုန်နေသည့် အဆင့်များကို ဦးဆောင်ဖြေလျှော့ပေးခြင်းများနှင့် အခြားလုပ်ငန်းစဉ်များကို လုပ်ဆောင်နေကြောင်း ဦးသောင်းထွန်းက ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်ကျဲနေရာ အုတ်အော်သောင်းတင်းဖြစ်ကာ အနီးဝန်းကျင်ရှိ လူအုပ်ကြီးက ဝိုင်းဝန်းလုယက်ခဲ့ကြ...

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသည်ဟု သားပုပ်လေလွင့် စွပ်စွဲပြီး Facebook တွင် ဓာတ်ပုံများတင်ခဲ့ရာ ဒေါ်လာ ၁၀၀,၀၀၀ နစ်နာကြေးပေးလိုက်ရပုံ...

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...

တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service